ပြောပြချင်မိတဲ့ ကိစ္စသေးသေးလေးတွေ အများကြီးရှိတယ်။
ဒီနေ့မနက် တစ်ယောက်တည်းစားဖို့ မနက်စာကို
တစ်နာရီစာလောက် ပြင်လိုက်ရတဲ့အကြောင်း။ကြည့်လက်စ series က မကြာခင်အဆုံးသတ်တော့မှာမလို့
စိတ်မကောင်းဖြစ်နေတဲ့အကြောင်း။အသစ်ဝယ်လာတဲ့ စီးကရက်ဘူးကို
ထင်သလောက်မကြိုက်တဲ့အကြောင်း။မလိုအပ်ပဲ ဆံပင်တွေအများကြီးရှည်လာတဲ့အကြောင်း။
ရှာတွေ့ထားတဲ့ သီချင်းအသစ်လေးကို
အရမ်းသဘောကျတဲ့အကြောင်း။ခြံထဲမှာ ပျိုးပင်လေးတွေအများကြီး ပျိုးထားတဲ့အကြောင်း။
အဝါရောင်ပန်းတွေကို အရင်လို ငေးကြည့်စရာမလိုတော့ဘဲ
မျက်စိရှေ့မှာတင် ဝေဆာနေတဲ့အကြောင်း။လွန်ခဲ့တဲ့ရက်တွေတုန်းက ချစ်လှစွာသောတို့ကို
အတွေးထဲမှာ အကြိမ်ကြိမ်ကျိန်ဆဲခဲ့တဲ့အကြောင်း။မနေ့တစ်နေ့ကမှ အလွတ်ရနေပေမယ့်
မေ့ချင်ယောင်ဆောင်ထားတဲ့ နံပါတ်တစ်ခုဆီ
ဆက်သွယ်ဖို့ ကြိုးစားလိုက်သေးကြောင်း။လူတွေရဲ့ အတ္တဝါဒကို ပြုံးပြုံးကြီးထိုင်ကြည့်တတ်နေပြီဖြစ်ကြောင်း။
တွေးနေ လွမ်းနေ တွေ့မြင်ချင်မိတဲ့အချိန်တွေလည်းရှိကြောင်း။
ဘယ်တုန်းကမှ မကြိုက်ခဲ့တဲ့ကော်ဖီတွေ
စမ်းသောက်ကြည့်ဖို့ ဖျော်ထားပြီးကာမှ မေ့နေတဲ့အကြောင်း။နည်းနည်းလောက်သာ ပိုရင့်ကျက်ခဲ့ရင်
နည်းနည်းလောက်သာ ပိုအခွင့်ရေးရခဲ့ရင်
နည်းနည်းလောက်သာ အချိန်ကိုက်ဖြစ်ခဲ့ရင်
အရင်ကအရာတွေကို အရင်ကထက်ပိုကောင်းတဲ့အခြေနေမျိုး ဖန်တီးနိုင်မယ်ထင်ကြောင်း။☘️☘️☘️
9:19 A.M
23/9/23