Ep3 (Z)

1.9K 32 0
                                    

ကလေးကို သူကြီးကိုယ်တိုင် ကင်ပွန်းတပ်ပေးသည်
သို့သော် နာမည်က အရင်ဘဝကနာမည်
သုဒ္ဒမဟော် လို့ သာမည့်တာကြောင့် ကလေးငယ်က ညညဆို အကြာင်းအရင်းမရှိထထ ငိုတက်သည်

ရက်၁၀၀ ပြည့် ကင်ပွန်းတပ်တဲ့ ညကပင်နောက်ည တိုင်းလိုလို ငိုနေတာကြောင့် မိဘတွေကစိတ်ပူကာ
ရွာထဲက (တွက်) တက်တဲ့ ဆရာမှာ သွားမေးကြည့်ရတော့တယ်

(တွက်) တက်တဲ့ဆရာ နာမည်က ဖိုးဖြူဖြစ်သည်

"ဦးဖိုးဖြူ ကျွန်တော့သားလေးကို (တွက်)ပေးပါဦး ညတိုင်းညတိုင်းငိုနေတာ.."

"အင်.. အပေါ် တက် ပြီးတော့အိမ်က ဥဥ နေတဲ့ ကြက်မ ရှိရင် ကြက်ဥ တစ်လုံးယူခဲ့ .."

"ဟူတ် .."

ကိုထွားလည်း ကြက်ဥ ကို ပြေးယူတော့အိမ်‌   ရှေ့ရောက်တော့ အိမ်ကိုလာတဲ့ယောက်ဖ  သူကြီးနဲ့ တွေ့တယ်

တောသူတောင်သား တွေမို့ နေ့ဆို တောင်ယာ  လယ်ယာ ထဲအကုန်ရောက်နေပြီဖြစ် သည်
ကိုထွားတို့က ကလေးနေမကောင်းလို့သာ နားနေခြင်း

"ဟေ့ကောင် ထွား ဘာလုပ်ဖို့လဲ..
ပြီးတော့ သုဒ္ဒ လေးကော."

"ဒီမှာလေ သားက ညတိုင်းငိုနေတာနဲ့ ဦးဖိုးဖြူနားမှာ (တွက်) မို့  အ့တာ ကြက်ဥ လာယူတာ
သားက ဦးဖြူအိမ်မာ.."

"ဟေ..ကလေးကငိုတယ်...
အေ အ့ဆို မြန်မြန် လုပ် ငါသွားနှင့်မယ်.."

"ဟုတ်...",,

သူကြီးလည်း ဦးဖိုးဖြူအိမ်ကို သွက်သွက်လေးလမ်းလျောက်သွားတော့သည်

ဆင်ဖြူရွာက ရပ်ကွက် (၅) ခုခွဲထားသည်

သူကြီးက တစ်ယောက်သာထားပြီး
ရပ်ကွက်တိုင်းကို ဆယ်အိမ်ခေါင်းဆိုပြီး အုပ်ချုပ်ရေးကိုထပ်ခွဲထားကြသေးသည်

ရပ်ကွက် ၁
ရပ်ကွက်၂
ရပ်ကွက်၃
တွေက သူဌေး ရပ်ကွက်လို့ တစ်မျိုးခေါ်ပြီး
ရပ်ကွက် ၄  နဲ့ ၅ ကိုတော့ ဆင်းရဲသား ရပ်ကွက် လို့ စစနောက်နောက်ခေါ်ကြသေးသည်

အဆိုးဆူံး ရပ်ကွက် ၅ ကိုတော့ ဒုက္ခရပ်ကွက်လို့ အဓိကခေါ်ကြသည်

သူကြီး တို့က ရပ်ကွက် ၁ မှာနေပြီး ကိုထွားတို့တော့ ရပ်ကွက် ၅ ပေါ့
ကလေးကိုကြည့်ဖို့ လာပေမယ့် ကလေးက ရပ်ကွက် ၃မှာ နေတဲ့ ဦးဖြူ အိမ်မှာ ရောက်နေတာကြောင့်
ပြန်လှည့်ပြီးသွားရတော့တယ်

ပျောက်ဆုံးနေသောကယန်းမြေမှချစ်သူ〘complete 〙Where stories live. Discover now