Ep23(U)

3.1K 136 8
                                    


"ဦးလေး ကပန်းအကြောင်းသိနေတာလား?"

"ဒီမယ် မောင်ရင် ပန်းအကြောင်းမဆိုခင်ကိုယ်တော်က အဲ့ခေတ်ချိန်ခါတည်းကနေ ဒီနေ့ အသင်တို့ မျက်မှောက်ရှေ့ကို ရောက်နေပြီး အကြောင်းစုံသိနေတာကကော မထူးဆန်းပေဘူးလား..?"

ခန့်သွင်က ဦးထွန်းသာကို သူတို့ လိုပြန်မွေးဖွားတယ် ထင်ပေမယ့် ပြောလာတဲ့စကားအသုံးနှုန်းကိုကြည့်ကာ ရိပ်မိပြီး အံ့သားသင့်မိသွားတော့တယ်

"ဒါ ..ဒါဆိုရင် . ဦးလေးက ဒီချိန်ထိ......"

"ဟားဟား ထူးဆန်း သွားသလား မောင်ရင်.ဟားဟား .."

သာမြတ်ကတော့ စကားဝိုင်းမှာထိုင်ပြီး တိတ်ဆိတ် စွာ နားထောင်နေမိတယ် ခန့်သွင်ကတော့ မထင်မှတ်ထားတာတွေ ကြုံနေရတာမို့ အံ့သြ နေသည်

"အိမ်း ဒီမယ် မောင်ရင် ဦးလေးက တစ်ချ်န်က အမှားတွေ လုပ်ရပ်တွေကြောင့် အခုထိ ဝဠ်ခံနေရတာလို့ ဆိူရမယ်
အထူးသဖြင့် မောင်ရင်နဲ့ ချမ်းအေးတို့ရဲ့ ချစ်ခြင်းးကြောင့်ပေါ့.."

"ဗျာ. . ကျွန်တော် တို့ ချစ်ခြင်း.."

"အေ ဟုတ်တယ်ကွဲ့.. သားတော် မဟော်လေးက ပုံမှန် မွေးဖွားခြင်းနဲ့ မွေးဖွားခဲ့တာ မဟုတ်ပဲ နတ်စုတေ ကြွေပြီး ဆင်းသက်လာတာမို့ တာဝန်တွေ ထမ်းဆောင်ဖို့ အမိန့်ရှိခဲ့တယ် သူ့ရဲ့ တာဝန်က သဘာဝလွန်တဲ့ ဖြစ်ရပ် တွေကို ထမ်းဆောင်ဖို့ပေါ့
အင်း ဦးကြီး အထင်က ဘာသာရေး စိတ်စွမ်းအားရေးလို့ ထင်ပေမယ့် သားတော်လေးက နှလုံးသားရေးမှာ ဖော်ပြလိုက် တယ်လေ မောင်ရင် နဲ့ မဟော် တို့က သက်သေပေါ့.ဒါမယ့် ဦးကြီးအမှားကြောင့် မောင်ရင် ကို သတ်ပြီးသားတော်ကိုလည်း မစောင့်ရှောက်နိုင်ခဲ့ဘူးလေ."

ခန့်သွင်က နားထောင်ပြီး ခေါင်းကို ငိုက်စိုက်ချကာ နားစွင့်နေလိူက်တယ် သာမြတ် ကတော့ သူကြီးကိုကြည့်လိုက် ခန့်သွင်ကိူ ကြည့်လိုက်ဖြင့် အလယ်က ချထားတာ ခေါင်အိုးကို သာယူပြီး စုပ် သောက်ကာ နားစွင့်နေလိုက်သေးတယ်

"အင်း ပြီးတော့ သားတော်မဟော်လည်း အသက်ဆုံးထိ မနေလိုက်ရပဲ သေဆုံးခဲ့တာတော့ မောင်ရင် အမြင်ပဲမလား.."

ပျောက်ဆုံးနေသောကယန်းမြေမှချစ်သူ〘complete 〙Where stories live. Discover now