Ep 6(U)

4.3K 226 12
                                    

"ချမ်းအေး..ချမ်အေး.."

"ဝေ့..လာပြီ..."

တခြားသူဆို အဖတ်မလုပ်ပေမယ့် ယဥ်မြင့် လေးခေါ်ရင်တော့ မြန်မြန် ထူးတက်တဲ့ ဖါးရှုပ်

"အေ လာဦး.."

"လာပြီ ဟိ.."

ချမ်းအေးလည်း အိမ်ပေါ်ကနေ ကမန်းကတမ်းဆင်းတော့ လှေကားထိပ်မှာ လျောကျသွားတော့တယ်

"အာ့.."
"အမလေး..!!"

"အားရိုးရိုး...."

"တယ် ဒီကလေးနှယ် နင့်ယဥ်မြင့်မ က ကျားဆွဲနေတာမဟုတ်ဘူး ထွက်လည်း မပြေးဘူး
ဘယ့်နှယ့်တော် ယောက်ကျားဖြစ်ပြီး ကပျာကယာနဲ့.."

"အားလားလား အမေကလည်း စိတ်လောသွားလို့ပါ..."

"စိတ်လောရအောင် ဘာတွေ လောစရာရှိလို့လဲ..."

အမေ ကတော့ မီးဖိုချောင် ကနေ အော်ပြောနေတော့တယ်

"ဟဲဟဲ ယဥ်မြင့်မ ဘာကိစ္စလဲ..."

လှေကားပေါ်က လျောကျတာ လက်ဆစ်ထိသွားပေမယ့် crush ရှေ့မှာ မာန်ပိုချင်တာကြောင့် ခပ်တည်တည်နေပြီး မေးလိုက်တယ်

"ဘာမှတော့ မဟူတ်ပါဘုး ဟို ငါတို့ ဒီရက် ငါ့အဖွားဆီသွားကြမလို့.."

"နင့်အဖွားက ရန်ကုန်က တစ်ယောက်လာ.."

"အေလေဟယ်..."

"အ့ဆို နင်.....
ဘယ်လောက်ကြာမှာလဲ..."

"အွန်း ဘယ်လောက်ကြာမလဲ မသိသေးဘူး အ့တာအဖော်ကို သာမြတ်နဲ့ ဟန်ထွန်းကို ခေါ်သွားမို့ နင်နဲ့ ထွန်းအေးက ငယ်သေးတယ်လေ ပြီးတော့ အိမ်ကလည်းလွတ်မှာမဟုတ်ဘုး..."

"ဟာ နင်ကလွတ်ပါတယ်..."

"ဟဲ့ အကောင် နင့်ကို လွတ်မယ်လို့ ထင်သလား အမလေး ရေနဲ့ ခေါင်းနဲ့ ဆောင့်သေလိုက် အကောင်...",,

ဒေါ်လှထွေးလည်း သူ့သားကို မီးဖိုချောင် ထဲကနေ အော်ပြောလာတော့တယ်

"ဟာ အမေကလည်း...."

ချမ်းအေး မျက်နာညိုးကျသွားပြီး လက်မတွေကို တစ်ဖက်နဲ့တစ်ဖက် ဖိချေ နေတော့တယ်

"ကဲပါ ဘာမှ စိတ် မကောင်းမဖြစ်နဲ့ ငါတို့ ပြန်လာရင် နင့်အကြိုက် ချင်းချင်း မုန့်ဝယ်လာပေးမယ်..."

ပျောက်ဆုံးနေသောကယန်းမြေမှချစ်သူ〘complete 〙Where stories live. Discover now