Ep4(U)

5.3K 255 10
                                    


ချမ်းအေးတို့ နွေရာသီ ကျောင်းပိတ် ရောက်တော့  အအေးချမ်းဆုံးနိဗ္ဗာန်ကို ရောက်သွားသလိုပင်

မိုးလင်းတာနဲ့ မျက်စိ နှစ်လုံးပွင့်တာနဲ့ သူများအိမ်ရောက် မရောက်ရင် ခြံထဲက မန်ကျည်း ပင်ပါ် သရက်ပင်ပေါ်ကို ရောက်နေတက်သည်

ဘာတက်လုပ်တာလဲလို့ မေးရင်တောင် တက်ကြည့်ပါလာ ဆိုတဲ့ ဘောက်ဆက်ဆက်အသံကိုကြားရသေးသည်

အပင်ပေါ်မရောက်ရင် လယ်ထဲကိုရောက် မရောက်ရင် ကမ်းစပ်ထဲ ရေဆင်းကူး နဲ့ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတော့တယ်

နွေရာသီ ကို တောင် ယာတွေ သိမ်းပြီး မြေသြဇာ ဖြစ် အောင် ပျိုးပင် ခြောက်တွေကို မီးရှိ့ကြသည်

လယ်တွေကိုလည်း ရိတ်သိမ်းပြီး စပါးငုတ်တိုလေးတွေကို လည်း တစ်စီတစ်ရီတွေ့ရပေမည်

ချမ်းအေးတို့ ကလေးတွေအတွက် နွားတွေ ကို လယ်ထဲ ဆင်းထားပြီး စပါးရိုးပြတ်လေးတွေကို အစာအဖြစ်စားသောက်စေသည်

စပါးပြီးလို့ စပါးပုတ်ပြီးချိန်တွေဆိုရင် အပျော်ဆုံးပင် ဖြိစ်သည်

စပါးပုတ်ပြီးကောက်ရိုးတွေကို အိမ်တိုင်းအိမ်တိုင်းရဲ့ စပါးကျီနားတွင် အပုံလိုက်တွေ့ရလိမ့်မည်

ကောက်ရိုးတွေကို သေချာစည်ပြီး အထပ်လိုက်စီထားတော့ ကောင်ရိုးပုံ ဆိုရင် ကလေးတွေ ခွေး အတွဲတွေအတွက် ဗိမ္မာန်တစ်ခုပင်

ကောက်ရိုး ကြားထဲမှာ ခွေးတွေက ကလေးမွေးတာများတာကြောင့် ကောက်ရိုးနားသွားဆော့ရင်

"ခွေး အပေါက်ကို တိုးချင်နေတဲ့ဟာလေးတွေ"
ဆိုပြီး ဆူပူတာခံရသေးသည်

သို့ပေမဲ့ လည်း လေကုန်တာပဲအဖက်တင်သည်

တောင်ယာမှာ ပြောင်းဖူးပင်
ပြောင်းကောက် ပင် နှမ်း တောင်ယာစပါး
တွေကို အသီးသီး စိုက်ပျိုးကြသည်

တောင်ယာစပါးက လယ်စပါးနဲ့မတူပေ
လယ်စပါးကို လယ်ကွင်းရဲ့ ဘေးမှာ မြေဆီလွှာ ကောင်းကောင်း ရတဲ့ မြေကွက် ကိုလိုသလောက်ချဲ့ပြီး ပျိုးပင်အရင်ကျဲရသည်

ပျောက်ဆုံးနေသောကယန်းမြေမှချစ်သူ〘complete 〙Where stories live. Discover now