Unicode
ရှောင်ကျူးရဲ့ အောင်ပွဲခံတဲ့အမူအရာက ပြန်လည်မှိန်ဖျော့သွားပြီး သူမရဲ့ရင်ဘတ်ကို တုန်လှုပ်နေတဲ့လက်နဲ့ အုပ်လိုက်တယ်။ "ဒါဆို အစ်ကိုနန်၊ ကျွန်မတို့ ဘာလုပ်သင့်လဲ"
လီနန်က မျက်မှောင်ကြုတ်လိုက်ကာ "ပြောင်းလဲသွားတာတွေကို အရင်ကြည့်ရအောင်"
အပြောင်းအလဲတွေကို စောင့်ကြည့်ရုံကလွဲပြီး အခြားနည်းလမ်းမရှိပေ။
ဒီ Weibo ပေ့အကြောင်းအရာက လော့ချယ်နဲ့ဆက်စပ်နေပြီး ဒါကို နောက်တစ်ကြိမ်ဖိနှိပ်ဖို့ရာ သိပ်ကိုခက်ခဲတယ်။
နာရီဝက်ကြာသွားပြီးနောက်ဆို လော့ချယ်likeလုပ်လိုက်တဲ့အပေါ် ပရိသတ်တွေရဲ့ သဘောထားက ဘယ်လိုနေလဲဆိုတာ အကြမ်းဖျင်း သိနိုင်လောက်ပြီ။
ရှောင်ကျူးက စိုးရိမ်ပူပန်စွာနဲ့ စောင့်နေတယ်။
နာရီဝက်အကြာမှာ သူမက ပရိသတ်တွေရဲ့တုံ့ပြန်မှုကို စောင့်ကြည့်ဖို့အတွက် ဂရုတစိုက်ကွေးညွတ်ထားတဲ့ လီနန်ရဲ့နောက်မှာ စိတ်လှုပ်ရှားတုန်လှုပ်စွာ ပုန်းနေခဲ့တယ်။
အဆုံးမှာတော့ လီနန်က ဖျော်ဖြေရေးနယ်ပယ်မှာ နှစ်အတော်ကြာနေခဲ့ဖူးပြီး လေပြင်းတွေနဲ့ လှိုင်းအများအပြားကို ကြုံတွေ့ခဲ့ဖူးတာကြောင့် သူ့ရဲ့ စိတ်အခြေအနေက အရမ်းကြောက်တတ်တဲ့ ရှောင်ကျူးနဲ့မတူဘဲ ကြီးထွားရင့်ကျက်နေခဲ့ပြီလေ။
အင်တာနက်ပေါ်မှ တုံ့ပြန်မှုကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ပြီးနောက် သူက ရယ်မောလိုက်တယ်။
"ငါတို့ရဲ့မျန်းမျန်က နာမည်ကြီးတော့မယ်"
အဲ့ဒီစကားကိုကြားတဲ့အခါ ရှောင်ကျုးက သူမရဲ့မျက်လုံးတွေကို မှေးထားရာကနေ အလျင်အမြန်ဖွင့်လိုက်တယ်။ သူမ အခု အဲ့ဒါကိုမကြည့်ရဲပေမယ့် လီနန်က အခုအဲ့လိုပြောလိုက်မှတော့ သူမဘာလို့ comment တွေကို မဖတ်လိုက်ရမှာလဲ။
[လော့ချယ်ရဲ့ဇနီးလေး- "ငါ့ယောက်ျားက likeလုပ်တယ်၊ ငါ့ယောက်ျားက likeလုပ်တယ်၊ ငါ့ယောက်ျားက likeလုပ်တယ်၊ အရေးကြီးတာကို သုံးခါပြောရတယ်]
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)