(ယုံကြည်မှုဆိုတာ တစ်ခါရရှိတာGem အဲ့ယုံကြည်မှုတွေပျောက်ကွယ်သွားရင်တော့ မင်းနောင်တတွေ မရဖို့မျှော်လင့်ပါတယ်)
အိမ်ကိုရောက်တော့ gemကအိမ်မှာမရှိလို့တော်သေးပါရဲ့။
"P' လာ အိမ်ထဲဝင်ကြမယ်"
"အင်"
Phuwin အင်သာအင်လိုက်တော့သည်။geminiအိမ်မှာရှိတဲ့အချိန်ရောရှိရဲ့လား။ မနေနိုင်တဲ့အဆုံး phuwin Fourth အားမေးလိုက်သည်။
"Gemini ကအိမ်မှာနေတဲ့အချိန်ရောရှိရဲ့ မင်းတစ်ယောက်ထဲနေရင်အမှောင်ကြောက်တတ်ဆိုတာ မပြောပြထားဘူးလား fot"
" gemက ညဆို12နာရီကျော်လောက်မှပြန်လာတတ်တယ် P' အမှောင်ကြောက်တဲ့ ကိစ္စက fotမပြောပြထားလို့ပါ။
Fourthစကားပြောတိုင်း geminiကို ကာကွယ်ပြီးပြောပေးနေတဲ့စကားတွေကြီးသာ။ phuwinကအဲ့လိုတွေမကြိုက် သူလဲယောက်ျား ကိုယ်လဲယောက်ျားဘဲလေ fourthကအမြဲ geminiကိုအရှုံးပေးလွန်လှသည်။
ပြောရင်လဲ ကိုယ်ကဒေါသဖြစ်ရတာမို့ phuwinတစ်ယောက် တိတ်တိတ်လေးနေလိုက်သည်။
fourthက အပေါ်ထပ်ကို တက်သွားပြီး အကိုဖြစ်သူနေမဲ့အခန်းအားပြင်ဆင်ပေးနေလေရဲ့။
ခနကြာ အောက်ထပ်ပြန်ဆင်းလာကာ
"P' အပေါ်ထပ် အခန်းပြင်ပြီးပြီ သွားနားလိုက်အုံးလေ"
"အင်း ဒါနဲ့မင်းတို့နှစ်ယောက်က တစ်ခန်းထဲမနေဘူးလား"
" အဲ့ဒါက ဟို..."
" အင်း..အင်း..ငါသိပြီး P'လဲနားလိုက်အုံးမယ် fotလဲ လုပ်စရာတွေရှိလုပ်တော့နော်"
" ဟုတ်ကဲ့ပါ ခဗျ"
Phuwin ညီဖြစ်သူအား ပျော်နေတာပဲမြင်ချင်သည်။ အရင်လိုသူအပေါ်ချွဲတာလေးကိုလဲ ပြန်လိုချင်မိသည်။ ခုဆို fourthက လူကောင်လေးနဲ့မလိုက်အောင် လူကြီးပေါက်စလေးတောင်ဖြစ်နေပြီး။
မပြောင်းလဲသေးတာ သူများအပေါ်အားနာကြီးတာပင်။ phuwin ဆက်မတွေးတော့ပါ အတိတ်ကအတိတ်ဘဲလေးဆိုပေမဲ့ ဒီအတိတ်ကြီးကိုတော့ သူသေအောင်မုန်းပါသည်။ P' အဆင်ပြေနေတယ်မို့လာ ကျွန်တော့်တို့ ပြန်တွေ့ကြတဲ့အခါ ယောက်ဖတွေလို ပြန်တွေ့ကြတာပေါ့။