10🌻 ‼️

1K 61 25
                                    

18နှစ်အောက်လေးတွေ ဒီအပိုင်းကျော်ဖတ်သင့်ပါတယ်နော်။

[သာသာလဲ 18မပြည့်သေးပါဘူး😃😂 ကျော်ခွပြီးရေးလိုက်ပြီး🤣]

အခုရေးသည့်အပိုင်းတွင် ပါဝင်တဲ့စကားလုံးအရိုင်းများသည် Gemini Norawit နဲ့ Fourth Nattawat အား လုံးဝထိခိုက်လိုစိတ်မရှိပါ။ စိတ်ကူးရင်သပ်သပ်သာဖြစ်ပြီး ဝတ္ထုကို ဝတ္ထုလိုဘဲမြင်ပြီး ဖတ်ပေးကြပါနော် သဲလေးတို့🥺

ည 12ခွဲနေပြီး ခုထိ fourth တစ်ယောက် အိပ်မပျော်သေး။ မနက်က Phuwin က အိမ်က‌အဒေါ်တစ်ယောက်အားခေါ်ထားပေးခဲ့သည်။ ခုချိန်ဆို အဒေါ်လဲ အိပ်နေလောက်ပြီးမို့ ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်နဲ့ fourthတစ်ယောက်အိပ်မပျော်နိုင်။

ခနကြာတော့ အောက်ထပ်မှကားသံတော့ Gem ဒီအချိန်ကြီး အိမ်ပြန်လာတာလား။ သူအောက်ထပ်ကိုတော့ ဆင်းမသွားကြည့်တော့ဘူး။

အခန်းတံခါးအား ဟပြီးကြည့်လိုက်တော့ အောက်ထပ်မှာP' Markနဲ့စကားပြောနေတယ်။ ဟင် Gemအရက်တွေသောက်လာတာလား။ သူနဲ့နေတဲ့တစ်လျှောက် gemအဲ့လောက်အများကြီး တစ်ခါမှမသောက်ဖူးပါဘူး။

ခနကြာတော့ P'mark လည်း ပြန်ထွက်သွား‌တာကြောင့် gem အပေါ်တက်လာတာကိုတွေ့တော့ တံခါးအမြန်ပြန်ပိတ်လိုက်သည်။ ဒီလောက်မူးနေတာ လှေကားကနေ ချော်ကြမှဖြစ် Gem ရယ်။

ဒေါက်..ဒေါက်..ဒုန်းးးဒုန်းးး

ဟင် ဘာလို့ သူ့အခန်းကိုလားထုနေတာလဲ

" Nattawat တံခါးလာဖွင့်စမ်း ဒုန်းးးဒုန်းးး ငါပြောနေတာမကြားဘူးလား"

" လာပြီး Gem ဘာဖြစ်လို့လဲ "

" ငါမင်းနဲ့ ပြောစရာရှိတယ် ဘာလုပ်နေတာလဲ အရှေ့ကဖယ်လေ "

" ဟို....gem "

" ဘာဖြစ်နေတာလဲ တဟိုဟိုနဲ့ "

" ဘာမှမဖြစ်ပါဘူး Gem က ငါ့အခန်းထဲဝင်တာမကြိုက်ဘူးထင်လို့ပါ "

" စကားရှည်မနေနဲ့ " ပြောပြီး fourth ကုတင်ပေါ်တွင်ထိုင်ကာ fourth အားစိုက်ကြည့်နေမိသည်။

Fourth သူ့အားစိုက်ကြည့်နေတဲ့ Gemကြောင့် မနေတတ်သလို လည်ပင်ပွတ်ကာ

အချစ်ကို ကျော်လွန်၍Where stories live. Discover now