9🌻

587 58 7
                                    

Geminiတစ်ယောက် သူရှေ့မှာဖြစ်ပျက်နေတာကို တစ်ခုမှမသိ။ ဘာလို့ မေမေက Phuwin ကိုတွေ့တာဘာလို့ဒီလောက်လန့်သွားရတာလဲ။ P'pond နဲ့ကရောဘယ်လိုသိနေတာလဲ။

" ကျွန်တော် နောက်ဆုံးအချိန်အနေနဲ့ ပြောလိုက်မယ် Khun Pirawit ကျွန်တော်ညီကို ထိရဲထိကြည့် ထိလို့ကတော့ ခဗျားသားကို ကျွန်တော်ကိုယ်တိုင်လာသတ်မှာ " Phuwin သာဆက်ပြောလာသည်။

" ခဗျားကလေ တော်တော် တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမဘဲ နောက်ဆုံးကျ ခဗျားနောင်တ ကောင်းကောင်းကြီးရစေရမယ်"ပြောပြီး ပြန်ထွက်လာခဲ့သည်။

ရက်တရပ် Phuwin ကိုတွေလိုက်ရတာကြောင့် pondအလွန်ပင်ဝမ်းသာသွားသည်။ သူအများကြီးလွမ်းနေတာ ညီကို။ ညီကအရင်အတိုင်းဘဲ ပါးဖောင်းဖောင်းတွေရှိတုန်း။

ပြောင်းလဲသွာတာဆိုလို့ ကိုယ့်အပေါ်သူစိမ်းတစ်ယောက်လို ဆက်ဆံတာဘဲ။ သူ့အမေနဲ့ စကားတွေအများကြီးပြောနေပေမဲ့ သူ Phuwin တစ်ယောက်ထဲကိုသာကြည့်နေမိသည်။

အရင်တုန်းက သူ့အမေကြောင့်သူတို့နှစ်ယောက် အဝေးကြီးဝေးခဲ့ရသည်။ အခုလဲ သူ့ညီနဲ့ Phuwin ညီနဲ့ကို မကွဲခွဲအောင်လုပ်နေသည်။ ပြန်ထွက်သွားတဲ့ Phuwin ကိုကြည့်ပြီး ပြေးလိုက်သွားချင်စိတ်က တားဆီမရ နောက်ဆုံးသူပြေးလိုက်သွားဆုံဖြတ်ပြီး ဝှီချဲပေါ်ကထလိုက်သည်။ သူ့‌ခြေထောက်တွေ အရင်လိုပြန်လျှောက်နိုင်တာကို ကြည့်ပြီး Khun Pirawit ရော Gemini ရောအရမ်းအံ့ဩသွားသည်။

" သားကြီး"

" P'pond "

တစ်ပြိုင်ထဲ အတူပင်ခေါ်မသွားသည်။ ဝမ်းသားလွန်လို့ Khun Pirawit တစ်ယောက် ယောင်္ကျား‌ဖြစ်သူအား ဖုန်းဆက်လမ်းအကြောင်းကြာလိုက်သည်။

" ဟယ်လို ယောင်္ကျားလား"

" ဟုတ်တယ်လေ မင်းအသံကဘာဖြစ်နေတာလဲ pira "

" သားကြီး လမ်းပြန်လျှောက်နေပြီး ယောင်္ကျား "

" ဟေးးးငါအခုဘဲပြန်လာခဲ့မယ် "

Gemini အကိုဖြစ်သူ Pond ပြန်ဝင်လာတာကိုကြည့်နေမိသည်။ P'pond မျက်နှာမကောင်းတာကို‌တွေ့တော့ ခုနက Phuwin နဲ့ဘာတွေပြောနေကြတာလဲ နောက်ပြီး Phuwin က P'pond ကိုဘာပြောလိုက်လို့ ဒီလိုမျက်နှာမကောင်းရတာလဲ။

အချစ်ကို ကျော်လွန်၍Where stories live. Discover now