15🌻

547 49 6
                                    

ခွမ်းး

" မင်းတို့ ဒါလေးတောင်သေချာမလုပ်နိုင်ဘူးဟမ်း"

"တောင်းပန်ပါတယ် သူဌေး"

" တောင်းပန်ဖို့ဘဲ တတ်ကြတာလဲဟမ်း လူတစ်ယောက်လေးကိုတောင်သေချာတွေ့အောင်မရှာနိုင်ကြဘူး ထွက်သွားကြတော့ "

အလုပ်သမားများထွက်သွားမှ gemini တစ်ယောက် စိတ်ပျက်စွာ ထိုင်ခုံပေါ်တွင်ထိုင်ချလိုက်သည်။

' မင်းဘယ်မှာလဲ fot ကိုယ့်ဆီက မင်းထွက်သွားတာ 2နှစ်တောင်ပြည့်‌တော့မယ်နော် '

'ကိုယ် နေရာအနှံ့လိုက်ရှာတောင် ဘာလို့မတွေ့ရတာလဲ fotကအပုံးကောင်းလိုက်တာကွာ '

‌မှန်ဘောင်ထဲမှ သူ့ကို ပျော်ရွှင်စွာပြုံးပြနေတဲ့ fourth အပုံလေးကိုကြည့်ကာ စိတ်ထဲတွင် နာကျင်မှုများနဲ့ပေါ့။

..ဒေါက်.. ဒေါက်.. ဒေါက် ..

" ဝင်လာခဲ့"

" ကိုကို "

" ကျစ်"

Gemini ပိုစိတ်ပျက်ရသွားသည်။အခုထိအမေက သူ့ဘဝကို ဝင်ရှယ်လှယ်နေတုန်းဘဲ။

" မီနာ ဘာကိစ္စရှိလို့လဲ "

" ကိုကိုကလဲ ကိစ္စရှိမှလာရမှာလားလို့ " ပြောကာသူ့ဘေးနားရောက်လာပြီး

" ကိုကိုအားလား မီနာကို shopping လိုက်ပို့ပေးပါလာဟင်" ချွဲသလိုနဲ့ gemini လက်အား ကောက်ကနဲချိတ်လိုက်သည်။

"ကိုယ်မအားဘူး မီနာ အစည်းအဝေရှိတယ် " ဆိုကာ ချိတ်ထားတဲ့လက်အား ဖြုတ်ချလိုက်သည်။

မီနာလဲ မျက်နှာတစ်ချက်ပျက်သွားပြီ gemini မရိပ်မိအောင် အတင်းပြုံးကာ

" ကိုကိုကလည်း တစ်ရက်လေးဘဲဟာ နော် နော် "

" ဒီမှာ မီနာ ကိုယ်အစည်းအဝေပွဲရှိတယ်လို့ပြောပြီးပြီလေ ကိုယ့်ကို ကလေးလာမလုပ်နဲ့ မျက်စိနှောက်တယ်"

geminiလဲတည့်သာပြောချလိုက်သည်။စိတ်ညစ်နေပါတယ်‌ဆို သူကတစ်မျိုး။

"ဟင့် အန်တီနဲ့ ပြန်တိုင်းပြမယ် ဟွန့်" ဆောင့်အောင့်ကာထွက်သွားတဲ့ မီနာကိုကြည့်ကာ စိတ်ပိုညစ်ရသည်။

အချစ်ကို ကျော်လွန်၍Where stories live. Discover now