*6

343 41 10
                                    

Unicode

"ဆိုတော့ ကလေးကိုယ့်ကို
လိုက်စေချင်တဲ့နေရာက ကစားကွင်း?"

"အင်းလေ"

မုန့်တွေပလုတ်ပလောင်းစားရင်း
ဗလုံးဗထွေးပြောနေတဲ့ ဝက်ကလေးရဲ့
မှိုလုံးကေလေးပွထသွားအောင်
ဆွဲဖွပစ်လိုက်တယ်။

"ဝွန့် သူညားအလှပျက်ကုန်ပြီ
မလုပ်နဲ့လို့"

အစားစားနေတာမို့လို့
စကားသံကမပီမသ။

မျက်မှောင်လေးကုတ်ပြီး
အလိုမကျဖြစ်နေပုံလေးက
angry pigလေးကျနေတာပဲ။

"ဖြည်းဖြည်းစားပါကွာ
ကိုယ်လုမစားပါဘူး ကလေးရဲ့"

ချိုမြကြည်အေးနေတဲ့စကားသံလေးကြောင့် ရိပေါ်လေးက ရင်ခုန်သွားပြီး နှုတ်ခမ်းကိုလျှာလေးနဲ့သပ်ကာ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ မုန့်စားနေတော့သည်။

သမာဓိကောင်းသူတစ်စုံတစ်ယောက်ကတော့ လှစ်ခနဲမြင်လိုက်ရတဲ့
လျှာဖျားနီနီလေးကြောင့်
စိတ်တွေကယောက်ကယက်ဖြစ်ချင်လာရတာမို့ မျက်နှာကိုအမြန်လွှဲလိုက်ရလေသည်။

"သရဲအိမ်ဝင်ရအောင် ကိုကို"

"အင်း အင်း ကလေးသဘော"

မကြောက်ဘူးလားလို့မေးရင်
ကြောက်တာပေါ့။ ရိပေါ်ကအမှောင်ကြောက်တယ်။ ရုပ်ဆိုးဆိုးသရဲတွေကိုဆို မြင်ကိုမမြင်ချင်တာ။ သူတို့မှာ သားလို အလိုလိုက်အကြိုက်ဆောင်တတ်တဲ့ ကိုကိုမရှိဘူးလေ။ ဒီကြားထဲ ရုပ်ကဆိုးနေသေးတယ်။

သရဲအိမ်ထဲ စဝင်လိုက်တာနဲ့ ရိပေါ်လေးက ကိုကို့အင်းကျီစလေးကို ဆွဲထားလိုက်သည်။

ဘွားခနဲ ထောင့်ချိုးတစ်ခုကနေထွက်လာတဲ့ သရဲမကိုမြင်တော့ အားခနဲအော်ပြီး
ကိုကို့ရင်ခွင်ထဲ မျက်နှာအပ်ပစ်လိုက်သည်။ Lavender နံ့လေးကိုသင်းနေတာပဲ။ ဒီယုန်မြင်လို့ ဒီချုံထွင်ခဲ့တာပဲ။

သရဲမကကြောက်စရာကောင်းပေမယ့်
ကိုကို့ရင်ခွင်ကြီးကနွေးနေရောပဲ။

အငြိမ်မနေဘဲ နှာလုံးလေးကို ရှုံ့ပွရှုံ့ပွလုပ်နေတဲ့ကောင်လေးကြောင့် ရှောင်းကျန့်မှာ ယားကျိယားကျိ။ နှလုံးသားကယားနေတာလား။ရင်ဘတ်ကယားနေတာလားတော့ သူလည်းမသိတော့။

What's wrong with Wang Wang? •_•Where stories live. Discover now