*8

434 49 14
                                    

Unicode

ဝမ်ရိပေါ်လေး ရှောင်းကျန့်ကိုစိတ်ဆိုးနေတယ်။ မှားဖတ်တာ မဟုတ်ဘူး တကယ်။

အဲ့ကိုကိုက မုန်းစရာကြီး။
သူများမွေးနေ့ကို မေ့ရက်တယ်။

"ဟေ့ရောင် ဝမ်ရိပေါ်
Happy Birth.."

"မပြောသေးနဲ့ဦး"

ကိုကို့ဆီကနေပဲ ပထမဆုံး wishရချင်တယ်။

"ဟ ငါ့ဟာငါ Birthday wishမလို့ကို
ဘာထဖြစ်ရပြန်တာလဲကွာ"

ခါတိုင်းနဲ့မတူ မှိုင်တွေနေတဲ့
ဝမ်ရိပေါ်ပုံစံကြောင့်
ဟောက်ရွှမ်းနည်းနည်းတော့
ရိပ်မိလာတယ်။

ကြည့်ရတာ သူကြိုက်နေတဲ့ဘဲကြီးနဲ့
တစ်ခုခုဖြစ်ထားတာပဲနေမယ်။

စိတ်အခန့်မသင့်ရင် ပတ်ရမ်းတတ်တဲ့
ဝမ်ရိပေါ်ရဲ့အကျင့်ကို သူသိနေတာမို့
ဝေါင်ဝေါင်ရှေးဖို့သာ ဆုံးဖြတ်လိုက်သည်။

ရိပေါ်လေးဟာ အတန်းချိန်တစ်ချိန်ပြီးတစ်ချိန် ကုန်လွန်သွားပေမယ့် အရှေ့ကဆရာတွေ ဘာသင်လို့သင်သွားမှန်းမသိ။
ငေးတိငေးငိုင်လေးဖြစ်လို့နေသည်။

ကြာတော့ ဘေးကဟောက်ရွှမ်းက
သတိပေးရသည်အထိ။

"ရိပေါ် ဝမ်ရိပေါ်!"

လေသံတိုးတိုးနဲ့တဖုံ၊ ခုံအောက်ကနေလက်ကုတ်တာတမျိုးနဲ့ သတိပေးတော့မှ အရှေ့ကဆရာဆီအာရုံပြန်ရောက်သည်။

ညနေခင်းမှာလည်း ကိုကိုကခါတိုင်းထက်ပိုပြီး နောက်ကျနေပြန်သည်။

ရိပေါ် လည်လေးတဆန့်ဆန့််နှင့်
မျှော်နေတုန်း မျက်စိရှေ့ကို
ပန်းစည်းတစ်စည်းထိုးပေးလာသည်။

ဟိုတစ်နေ့က ဦးလေးကြီး
ဖြစ်နေပြန်သည်။

"Happy birthday ချာတိတ်လေး"

နှင်းဆီပန်းတွေအပြည့်ပါသော
ပန်းစီးကြီးကို ပေးလို့
ဆုတောင်းပေးနေတဲ့ ဦးလေးကြီးကိုကြည့်ရင်း ရိပေါ်ကိုကို့ကို သတိရသွားပြီး
ငိုချင်လာသည်။

မကောင်းတဲ့ကိုကို!
သူများသူစိမ်းတောင်
သားမွေးနေ့ကိုသိတယ်။

ကိုကိုကသာ..ကိုကိုကသာ..အူးဝါး။

ရုတ်တရက်ကြီး မျက်ခမ်းစပ်လေးတွေရော၊ နှာလုံးထိပ်လေးပါ ရဲစွေးလာပြီး
ငိုချတော့မလိုဖြစ်လာတဲ့ ချာတိတ်လေးကြောင့် လီဖေးယန်ပြာယာခတ်သွားရသည်။

What's wrong with Wang Wang? •_•Where stories live. Discover now