ရင်ခုန်သံ ထပ်တူ အပိုင်း ၃

447 15 0
                                    

ရှိုင်းသုခ ဟိုတယ်ရဲ့ စားသောက်ခန်းထဲကို
ဝန်ထမ်းမလေးရဲ့ဦးဆောင်မှု့နဲ့အတူရောက်ရှိလာခဲ့သည်။
ဟိုတယ်က ဝင်ဝင်ခြင်းအပေါက်မှာတင် ခမ်းနားလှသည်မို့
ရှုိင်းသုခတယောက် ငေးမောနေရ၏။
ရှိုင်းသုခ သီးသန့် စားသောက်ခန်းထဲရောက်တော့
ဝိုင်တစ်ခွက်နဲ့အတူ ဆန္ဒယားတီးနေတဲ့ ထိုလူကြီးကိုတွေ့လိုက်ရသည်။
ဘေးမှာလဲ သူ့လူယုံတွေဖြစ်လိမ့်မည်။
ဆန္ဒယားရဲ့ ပေါ်ထွက်လာတဲ့ သံဇဥ်တွေနဲ့အတူ ပြေးလွှားနေတဲ့ ထိုလူရဲ့ လက်ချောင်းသွယ်သွယ်လေးတွေက အနုပညာဆန်စွာ
ငေးမောချင်စရာကောင်းလှ၏။
ရှိုင်းသုခလဲ ငေးကောင်းကောင်းနဲ့ ငေးနေမိတာ ဘယ်လောက်တောင်ကြာသွားသည်မသိ ထိုလူရဲ့ ဆန္ဒယား တီးသံတိတ်သွားမှ သတိပြန်ဝင်လာတော့၏။

" ဘယ်လိုလဲ ကိုယ့်လက်ရာ ဝေဖန်ပေးပါဦး "

" ပျင်းဖို့ကောင်းတယ် "

စဥ်းတောင်မစဥ်းစားပဲ သူ့ကိုပြန်ခံပတ်နေတဲ့ ငဂျစ်လေးက
ခုနက သံစဥ်တွေကြားမှာ စီးမျောနေတာ သူမဟုတ်သည့်အတိုင်းပင်

" အဟက်... ကိုယ့်လက်ရာကို ပျင်းဖို့ကောင်းတယ်လို့ပြောတာ
မင်းပဲရှိတယ် "

ရှိုင်းသုခလဲ ဂုဏ်ဆာနေတဲ့ မျက်နှာဘေးလေးနဲ့ ကြည့်နေလိုက်သည်။
ထို့နောက်...

" ကျွန်တော့်ကို ဒီအထိခေါ်တာ ဆန္ဒယားသံ
နားထောင်ခိုင်း ဖို့တော့ မဟုတ်ဘူးမလား "

"အင်းးးးသေချာပေါက်မဟုတ်ဘူးပေါ့..."

" ဒါဆိုဘာအတွက်ခေါ်တာလဲ "

" ဆိုစမ်းပါဦး မင်းနဲ့ ဟိုဒေါက်တာအကြောင်း "

"ဟင်..."

" ဘာလဲ ကိုယ်သိနေလို့ အံ့ဩနေတာလား
မင်းကဒီလောက်ကမ္ဘာပျက်ပြီး သိသာနေတာ မသိပဲနေတော့မလား "

" သိ​တော့ ရော ခဗျားနဲ့ဘာဆိုင်လို့
ဒါတွေမေးနေတာလဲ ပြီးတော့
မသိတဲ့သူကို ဘာလို့အဲ့တာတွေပြောပြရမှာလဲ "

" မသိတဲ့သူ???...Ok လေ ဒါဆို သိအောင်လုပ်လိုက်ရင်ရတာပဲ "

" ဟမ် "

"အင်း ကိုယ့်နာမည်က ဇမ္ဗူထင်ရှား အရင်တုန်းကတော့ ဆေးဝါးမှောင်ခိုကူးတယ် လူလဲသတ်ဖူးတယ် ထောင်လဲကျဖူးတယ်
မကောင်းတာမှန်သမျှ ကိုယ်လုပ်ဖူးတယ်
လူငယ်တွေကိုအညွှန့်ချိုးတဲ့ ဘိန်းမှောင်ခိုတွေကလွဲရင်ပေါ့
အော်ပြီးတော့ ကာမလဲ မလိုက်စားဘူး
ကိုယ်ကမယုတ်မာတက်တော့လေ
ထပ်ပြီးတော့ ကိုယ်မှာမိဘတွေမရှိခဲ့ဘူး
ကိုယ့်မိဘကဘယ်သူလဲဆိုတာတောင်မသိဘူး
ပြီးတော့..."

ရင်ခုန်သံထပ်တူ    ရင္ခုန္သံထပ္တူWhere stories live. Discover now