ကိုကို့မင်္ဂလာပွဲက စည်းကားသိုက်မြိုက်စွာပြီးဆုံးသွားခဲ့ပါတယ်
ကျွန်တော့်မျက်ရည်တွေချနင်းရင်းပေါ့
အားလုံးက ကိုကိုတို့ စုံတွဲကိုနှုတ်ဆက်ပြီးပြန်ကြတော့
ကျွန်တော် ထောင့်တနေရာအကွယ်ကနေ ကိုကို့အပြုံးတွေကိုငေးမောရင်း
သက်ပြင်းရှည်တချက်ချ မိပါတယ်*ဒီလောက်မက်မောစရာကောင်းတဲ့ ကိုကို့အပြုံးတွေ ရဲ့ အဝေးမှာ ကျွန်တော် ဘယ်လိုများနေရမှာပါလိမ့်.... *
"ဟိတ် မင်းငိုနေတာလား..."
ရှိုင်းသုခ ကိုကို့ကို ငေးလို့မဝခင်မှာပဲ နောက်နားက အသဲတစ်ခုကြောင့်
လူက လန့်ကာ တုံယင်သွားရသည်။
ရှိုင်းသုခလဲ ကြောက်ကြောက်လန့်လန့် နဲ့ နောက်လှည့်ကြည့်မိတော့
အရပ်က သူထပ် ခေါင်းတစ်လုံးစာမျှ ပိုရှည်နေပြီး body တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ လူတစ်ယောက်က စတိုင်ကျကျ ရပ်နေကာ သူကြည့်တဲ့နေရာကိုလှမ်းကြည့်နေလေသည်။"ခ...ခဗျားကဘယ်သူလဲ "
" မင်းကိုခုနပွဲထဲမှာထဲက သတိထားမိနေတယ်
သတိုးသားကိုနှမျောသလိုအကြည့်တွေနဲ့ ကြည့်နေတာ
မင်းနဲ့သူက ဘာပတ်သက်မှု့ရှိလို့လဲ "" ခဗျားနဲ့မဆိုင်ပါဘူး "
ရှိုင်းသုခလဲ ဘုကလန့်ပြောကာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
ဇမ္ဗူထင်ရှားလဲ လူမိလို့ထွက်ပြေးသွားတဲ့ ကောင်လေးကိုကြည့်ကာ
ထိုကောင်လေးရဲ့ ဂျစ်ကန်ကန်အပြုအမူလေးကို
သဘောတကျပြုံးနေမိတော့၏။နောက်တနေ့မှာတော့ ရှိုင်းသုခလဲ မေမေနဲ့အတူ ဖေဖေ့ဆေးရုံကိုလိုက်လာခဲ့လိုက်သည်။ ဆေးရုံးရောက်တော့ ဖေဖေက ရုံးခန်းထဲမှာ ဧည့်သည်နဲ့အတူရှိနေတာမို့ အပြင်မှာစောင့်နေတုန်း ကိုကို့ရဲ့အရိပ်အရောင်လေးကိုတွေ့လိုက်ရတော့ ဆိုင်သူရှိနေတာတောင် တားဆီးမရတဲ့ ရင်ခုန်သံတွေက
ခြေလှမ်းတွေအဖြစ်ပြောင်းလဲကာ ကိုကိုရှိရာအရပ်ဆီ ဦးတည်လိုက်မိသည်။ကိုကို့အနားရောက်တော့...
"ကိုကို..."
ကိုကိုက ထင်မထားဘူးထင်ပါရဲ့ အံ့ဩတဲ့ မျက်လုံးတွေနဲ့
သူ့ကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေ၏။
ထို့နောက် သူ့လက်ကိုစွဲကာ ကိုကိုနားနေခန်းဆီသို့...
ထို့နောက်တံခါးကိုဂျက်ချကာ
YOU ARE READING
ရင်ခုန်သံထပ်တူ ရင္ခုန္သံထပ္တူ