ရင်ခုန်သံထပ်တူ အပိုင်း၆ ဇာတ်သိမ်း

661 17 2
                                    

Koe (နှလုံးသားအရင်းအနှီး):

ဇမ္ဗူထင်ရှားလဲ ထိုကလေးငယ်အား ဖုန်းအဆက်မပြတ်ခေါ်ပေမဲ့
လူကြီးမင်းနဲ့တိုးနေတာကြောင့် အတော်လေး စိတ်ပူနေလေပြီ
ပွဲတစ်ခုလုံးအနှံ့လိုက်ရှာတာတောင် မတွေ့တာမို့ ပိုလို့စိုးရိမ်သွားရသည်။
သူ့ကလေးက ဒီလိုမပြောမဆိုနဲ့ လျောက်သွားတက်တဲ့ သူမျိုးလဲမဟုတ်တာကြောင့် ဒါတစ်ယောက်ယောက်ရဲ့ လက်ချက်လို့ တထစ်ချ တွေးမိသည်။
အဲ့ဒီနောက်မှာတော့ သူ့ကလေး အရက်မူးတဲ့နေ့က ဖုန်းထဲမှာ တည်နေရာအချက်ပြတဲ့ စနစ်ထည့်ပေးထားမိတာကိုသတိရသွားပြီး အလျင်အမြန်
ကြည့်မိတော့ ဒီအနီးအနားတဝိုက်မှာတင်ရှိနေကြောင်း
အချက်ပြနေတာမို့ ဖုန်းထဲက မီးနီလေးညွှန်ပြရာအတိုင်းလိုက်ရှာမိသည်။
ထိုအခါ ရေကူးကန်ထဲမှာ သတိလစ်နေပြီဖြစ်တဲ့ ကလေးငယ်အားတွေ့လိုက်ရပြီး ဇမ္ဗူ အတော်လေး စိတ်ပူသွားရသည်။
ဇမ္ဗူ လဲ ဘာမှစဥ်းစားမနေတော့ပဲ အပေါ်ကုဒ်ကိုချွတ်ကာ
ရေထဲခုန်ဆင်းလိုက်တော့ အနီးအနားဝိုင်းကလူတွေက

"သူဌေးလေး ရေထဲခုန်ကျသွားပြီ! !!"

ထိုအသံနဲ့အတူ ရေကူးကန်နားသိူ့ လူတွေဝိုင်းအုံလာကြသည်။

" သူဌေးလေး...!!! "

ဇမ္ဗူထင်ရှားလဲ ကလေးငယ်အား ေပွ့ချီကာ ရေကူးကန်အပေါ်သိူ့
အမြန်ဆွဲတင်လိုက်ပြီး လှုပ်နှိုးတော့သည်။

"သုခ...သုခ..."

"သား...သား...သားလေး ဘယ်လိုဖြစ်ရတာလဲ "

ဘယ်လိုပင်နှိုးနှိုး နှုတ်ခမ်းများပြာပြီး သတိလစ်နေတဲ့ ကလေးငယ်က နိုးမလာချေ...

"ခဗျားတို့ တော်တော်ကြည့်ကောင်းနေကြလား !!!
ဆေးရုံကားခေါ်ကြလေ...!!!"

ဇမ္ဗူ လဲ ဒေါသထွက်ထွက်နဲ့ ဘေးက လူတွေကိုအော်ပြစ်လိုက်သည်။
ထိုအခါမှ ဆေးရုံကားခေါ်သူကခေါ် နဲ့ အလုပ်ရှုပ်ကုန်ကြတော့၏။

ဇမ္ဗူ လဲ နှုတ်ခမ်းခြင်းတေ့ပြီး အဆုတ်ထဲက ရေတွေ
စုတ်ထုတ်​ေပမဲ့
ထိုကလေးက နိုးမလာပေ
နှလုံးပြန်ခုန်အောင် ရင်ဘက်ကို လက်ခုံနဲ့ အဆက်မပြတ် ဖိနှိပ်ပေမဲ့
အချည်းနှီးသာ

ရင်ခုန်သံထပ်တူ    ရင္ခုန္သံထပ္တူWhere stories live. Discover now