ရင်ခုန်သံ ထပ်တူ အပိုင်း ၅

441 19 0
                                    

Koe (နှလုံးသားအရင်းအနှီး):

ရှိိုင်းသုခအိမ်ပြန်ရောက်တော့ ရေချိုးရင် ညက ကိစ္စတွေကို ပြန်စဥ်းစားနေမိ၏။
ထိုအခါ သူ့မျက်စိထဲ စိုးမိုးလာတဲ့ အပြုံးတစ်ခု
သွားချွန်ချွန်လေးတွေကလဲ မပါမဖြစ်ပေါ့

"ဟာကွာ ရှိုင်းသုခ မင်းဘာတွေတွေးနေတာလဲ
မင်းထပ်ပြီးချစ်မိလို့မဖြစ်ဘူး
တစ်ခါနာကျင်ရတာနဲ့တင် လုံလောက်ပြီမလား "

ထို့နောက်ရှိုင်းသုခ ရေမိုးချိုး အဝတ်အစားလဲကာ မနက်စာ စားဖို့ အောက်ဆင်းလာတော့ ညက အရက်သောက်ပြီး ရမ်းကားမှု့နဲ့ အဆူခံရပါတော့သည်။

ရှိုင်းသုခကို ဖေဖေဆူနေချိန် အိမ်ရှေ့က ကားဟွန်းသံကြောင့် ဖေဖေ့၏ဆူသံများမှ ခဏမျှ လွှတ်ငြိမ်းချမ်းသာခွင့်ရသွား၏။
ထို့ကြောင့် ကားပိုင်ရှင်အား ကျေးဇူးတင်နေမိသည်။
ဧည်ခန်းထဲမှာရောက်နေတဲ့ဧည့်သည် မည်သူမည်ဝါဖြစ်ကြောင်း
စပ်စုချင်တာမို့ သွားချောင်းကြည့်မိတော့

*ဟိုသွားတွေနဲ့လူ အယ်လေ သွားထပ်တွေနဲ့ပြောပါတယ်*

" သား ဘာတွေချောင်းနေတာလဲ "

" ဟုတ်ပါဘူး ဟိဟိ "

"မဟုတ်ရင်ရော့ ဒီကော်ဖီခွက်ကို သွားချပေးလိုက်
သေချာလုပ်နော် ဧည့်သည်ရှေ့ ပျက်ချော်ချော်မလုပ်နဲ့ "

" ဟမ် မေမေကလဲ  သားသွားချပေးရမှာလား "

"အေးလေ ရော့"

"ဟို ဒေါ်မြရှိတာပဲ ဒေါ်မြသွားချခိုင်းလိုက်ပါလား "

"ဒေါ်မြမရှိဘူး စျေးသွားနေတယ် "

"ဟာ သားလဲမသွားချင်ဘူး "

ထိုအချိန် ဧည့်ခန်းထဲမှ အဖေဖြစ်သူက

" သက်ရေ...ကော်ဖီနဲ့မုန့်လေးလုပ်ပါဦးဟ "

"ဟိုမှာ နင့်အဖေခေါ်နေပြီ သွားသွား ရော့ "

"ဟာ မေမေကလဲ သားခေါ်တာမှမဟုတ်တာ
မေမေ့ခေါ်တာလေ မေမေသွားလိုက်ပါနော်နော် "

"ကဲ ရှိုင်းသုခ! !! ငါခိုင်းနေတယ်လေ
ငါက တရိုတသေနဲ့သွားချပေးလို့ကောင်းမလား
မင်းက သူ့ထပ်ငယ်တော့ တော်သေးတယ်လေ သွားဆိုသွား "

ရင်ခုန်သံထပ်တူ    ရင္ခုန္သံထပ္တူWhere stories live. Discover now