ပစ္စည်းတွေ ပြန်ရှင်းတယ် ၊ ကျွန်မတို့ အိမ်ထပ်ပြောင်းကြရမယ်လေ
အားလုံး ပြန်စုထည့် ၊မလိုတာတွေ လွှင့်ပစ်ရမှာပေါ့
အမှတ်တမဲ့နဲ့ မို့ ကျွန်မလဲ လန့်သွားခဲ့တယ်
ဒီဓာတ်ပုံလေးက
‘ ဪ...နှစ်တွေ ပြောင်းသွားတာ အရမ်းမြန်တာပဲ ’မေ့မေ့ပျောက်ပျောက်နေခဲ့မိတဲ့ အဲ့ဒီ့ အတိတ်..
အခုမှ ပြန်စဉ်းစားတွေးတောရင်း ဒီခံစားချက်ကတော့ အမြဲ ရင်ခုန်ရတာပဲလေ
ကျွန်မ အများကြီး ရူးသွပ်ခဲ့မိတာပဲ ၊အခုနေဘာလို့လုပ်ခဲ့မိပါလိမ့်လို့ ပြန်တွေးမိလဲ
ဒီခံစားချက် ၊ဒီစိတ်ကတော့ နောင်တတော့ မရဘူးအချစ်ဦး.....
တချိန်က သဘောကျ ၊နှစ်သက် ၊ရင်ခုန်ခဲ့ရတာများ ၊
အင်းပေါ့ လေတိုက်လို့ သစ်ရွက်လေးတွေ လှုပ်တာမြင်ရင်တောင် ရင်ခုန်တတ်တဲ့ဆယ်ကျော်သက် အရွယ်မလားအခုတော့ သိမ်းထားမိတဲ့ ဓာတ်ပုံလေး ၊ သူ့ရဲ့ချစ်ခြင်းဝန်ခံထားတဲ့ စာစောင်လေးတွေ ပြန်ကြည့်၊ ပြန်ဖတ်ရင်း တစ်မျိုးတစ်မည်လေးတော့
ရင်ထဲမှာ ကျန်နေခဲ့တာပါပဲဘာပဲဖြစ်ဖြစ် လွမ်းမိသွားတာကိုတော့ ဝန်ခံပါတယ်
အချိန်တွေ တအားမြန်တယ်....
Ah-jiamo 🌻🖤
အဂျီအမို 🌻🧡
13/9/2023(7:11AM)

YOU ARE READING
To my favourite person ෆ╹ .̮ ╹ෆ
PoesiaPoems!!!🍃🌻 ကဗျာလိုမျိုး စာလေးတွေ တင်မှာပါ အမိုက ကဗျာရေးရတာ သဘောကျတယ်လေ ကာရံညီတာမညီတာတွေလဲ နားမလည်ပါဘူး စိတ်ထဲရှိတာ ချရေးတာမျိုးပေါ့ သဘောကျရင် ဝင်ပြီးဖတ်လို့ ရပါတယ်နော် ❣️💛 Ah-ji amo (Amo95)🌻❣️ 10/9/2022(1:01PM) To my favourite person ဆိုတဲ့ F...