မလွှဲတဲ့ဖူးစာ-11(zawgyi)

149 10 0
                                    

၂လကြာပြီနောက်-

တည်မြဲခြင်းဆိုတဲ့အရာတွေက ဘယ်တော့မှမရှိပါဘူး။အခုချိန်အေးချမ်းနေပေမဲ့ ကိုယ်သတိမထားမိတဲ့အချိန်မှာ အဖျက်က ဝင်လာနိုင်ပါတယ်။အဲ့ဒီအဖျက်ရဲ့ ဖျက်ဆီးခြင်းကို မခံဘဲ ခံနိုင်ရည်ရှိရှိနဲ့ရပ်တည်နေမှ မကောင်းတဲ့အရာတွေ ပျောက်ကွယ်သွားမှာပါ။

ချစ်ရင်ထူးတစ်ယောက် ကလေးယူတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေတဲ့အတွက် လိုင်းသုံးချိန်တောင်မရှိပါ။အပြင်ကိုလည်း လိုအပ်မှသာ ထွက်တော့တဲ့အတွက် ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်ပျက်နေလည်းဆိုတာ သူမသိခဲ့ပါ။အဲ့ဒါကပဲ သူ့အတွက် ကံဆိုးမှုမမည်သည့် အရာလေးတစ်ခု ရောက်လာတော့မှာကို ဂရုမစိုက်မိဘဲဖြစ်သွားခဲ့သည်။

တီ...........

"Hello အေး မင်းသန့် ချစ်စမ်းမောင် BWမှာလား"

"........"

"ဪ ဟုတ်ပြီ ဒါပဲကွာ"

".........."

တီ...

'ဒီနေ့တော့ ချစ်ရတဲ့ ခင်ပွန်းကို surprise သွားလုပ်ပေးရမယ်'

နေ့လယ်စာကို သေသပ်စွာ ထုပ်ပိုးပြီးသည်နှင့် ချစ်စမ်းမောင်ရှိရာ ကုမ္ပဏီသို့ လာခဲ့သည်။

ရုံးကိုရောက်တော့ အပြင်ထွက်သွားသည်ဆိုသည် အတွင်းရေးမှုးပြောစကားကြောင့် အတန်ကြာစောင့်နေခဲ့ပေမဲ့ မျှော်နေသူကတော့ ပေါ်မလာပါ။ဖုန်းဆက်ဖို့လုပ်လိုက်ပေမဲ့ စားပွဲပေါ်မှ ချစ်စမ်းမောင်ရဲ့ဖုန်းကို တွေ့လိုက်တော့ မဆက်ဘဲနေလိုက်သည်။

"ချစ်စမ်းမောင်ပြန်လာရင် ဒီထမင်းချိုင့်လေး သူ့ကို ပေးပေးပါအုံး။အကို သူ့ကို မစောင့်တော့ဘူး"

"ဟုတ်ကဲ့ပါရှင့်"

လူက နုံးသလိုဖြစ်နေပြီး အိပ်ချင်လာတာကြောင့် ချစ်စမ်းမောင်ကို မစောင်တော့ဘဲ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဝက်သုံးထပ်သားနဲ့ ကိုးရီးယားအနှစ်ဘူး ဝယ်သွားအုံးမှပါ"

ဝယ်နေကျ ကုန်တိုက်ရှေ့ရောက်တော့ ပါးစပ်ထဲ စားချင်လာသည့် အစားအစာနဲ့ လိုအပ်တာနည်းနည်းဝယ်ဖို့အတွက် ကားရပ်လိုက်တယ်။ကားပါကင်ထိုးပြီး ကုန်တိုက်ထဲရောက်တော့ ပထမဆုံးသွားတာ စားသောက်ဆိုင်တွေဘက်ဖြစ်သည်။ဒီနေ့မှ ကိုးရီးယားပဲခေါက်ဆွဲကို ဘာလိုစားချင်နေမှန်းလည်းမသိပါ။

မလွှဲတဲ့ဖူးစားWhere stories live. Discover now