မလွှဲတဲ့ဖူးစာ-16(Unicode)

428 15 0
                                    

"အစောပိုင်းက ပြဿနာတွေအတွက် ချစ်စိတ်ရှုပ်သွားရင် ကိုယ်တောင်းပန်ပါတယ်။အစကတည်းက ကိစ္စတွေကို ပြီးပြတ်အောင်ရှင်းထားခဲ့ရမှာ။မောင် မှားခဲ့တာပါ"

"မောင် မမှားခဲ့ပါဘူး။ကံကြမ္မာကကို ဒီလိုဖြစ်ဖို့ ဖန်လာတာလေ။ပြီးတော့ ဖြစ်သွားတဲ့ကိစ္စတွေကိုလည်း ခေါင်းထဲမထားပါနဲ့တော့။မောင် အခုလို ငါတို့ သားအဖကို ရွေးချယ်ခဲ့တာနဲ့တင် ငါကျေနပ်ပါပြီ။ခုနက ငါ သေလောက်အောင် ကြောနေခဲ့တာမောင် သိရဲ့လား။တကယ်လို့ အဲ့ကလေးကသာ မောင့်ကလေးဖြစ်နေခဲ့ရင် ဆိုတဲ့အတွေးတွေက ငါ့ကို နှိပ်စက်နေခဲ့တာ။မောင့်သွေးသားသာဖြစ်နေခဲ့ရင် ငါ မောင်နဲ့ ကွာရှင်းဖို့အထိပါ တွေးနေခဲ့တာ။အခုလို ဖြစ်သွားတော့ ငါ အရမ်းပျော်တာပဲမောင်"

"တော်သေးတာပေါ့ချစ်ရယ်။ချစ်က မောင့်ကိုတောင် ထားခဲ့ဖို့ တွေးနေခဲ့တာပေါ့လေ"

"ခုနကပါ။အခုမဟုတ်တော့ဘူး"

"နောက်လည်း ထားသွားလို့မရဘူးနော်"

"အင်း"

"ဟေ့ကောင်တွေ"(ဇေယျာ)

"ဖြေးဖြေအော်ပါကွာ။င့ါတူလေး လန့်သွားပါအုံးမယ်"(မင်းခန့်)

"ပြန်ပို့ပြီးပြီလား"(ချစ်စမ်းမောင်)

"အေး ပို့လိုက်ပြီ။မင်းတို့ကွာ ငါတို့ကို ရင်တုန်ရအောင်လုပ်တယ်။ငါတို့၂ယောက်က အပြင်ကနေ နားထောင်နေရင်းနဲ့ မင့်မှာ သမီးရှိတယ်လို့ကြားလိုက်တော့ လန့်သွားတာကွ။မင်းတို့တော့ ပြဿနာတက်ပြီလို့ကို ထင်နေခဲ့တာ။မင့်သမီး မဟုတ်လို့ တော်သေးတာပေါ့ကွာ"(မင်းခန့်)

"ငါတို့လည်း သိသိချင်းတို့က လန့်သွားတာပါပဲကွာ"(ချစ်ရင်ထူး)

"ငါတို့ထက် မင်းတို့က ပိုဆိုးမှာပေါ့ကွာ။ငါတို့နားလည်ပါတယ်။မင်းက ချစ်ရင်ထူးကို ပိုဂရုစိုက်ပေးလိုက်အုံး။သူက ကိုယ်ဝန်နဲ့ဆိုတော့ ခုနကကိစ္စကိုကြားပြီး လန့်သွားရင် ကလေးပါ လန့်သွားလောက်တယ်။ငါ့တူလေးကို တစ်ခုခုထိခိုက်နေအုံးမယ်ကွား။ဆရာဝန်နဲ့ပြသင့်ရင် ပြကြည့်လိုက်ကြအုံး ဘေးကင်းတာပေါ့"(ဇေယျာ)

မလွှဲတဲ့ဖူးစားWhere stories live. Discover now