"ချစ် ဒီနေ့ ရုံးကို လိုက်ခဲ့မယ်နော်"
"လိုက်မလို့လား"
"ဟုတ်တယ်။အိမ်မှာ နေရတာပျင်းတယ်လေ။အိမ်စောင့်အတွက် ဒေါ်ပုရဲ့တူမရှိသားပဲ"
"ချစ် လိုက်ချင်ရင် လိုက်ခဲ့ပါ"
"အွန်း ဒါဆို အဆင်သင့်ပြင်ပြီး ဆင်းလာလိုက်နော်။ဝတ်စုံရွေးပေးထားပြီးပြီ။အရမ်းတွေ မပြင်နေနဲ့အုံး။အောက်ထပ်မှာ စောင့်နေမယ်"
"ဟုတ်ကဲ့ပါဗျာ"
အခန်းပြင်ထွက်သွားတဲ့ ကောင်လေးနောက် လိုက်ကြည့်နေမိတဲ့ အကြည့်တွေကို ကောင်လေးကို မမြင်ရတော့တဲ့အချိန်မှ ရပ်တန့်မိတယ်။အမြဲတမ်း လူမှားချစ်မိခဲ့တဲ့သူက ဒီတစ်ခါတော့ လူမှန်ကို ချစ်မိခဲ့ပါပြီ။လူမှန်ကို ပိုင်ဆိုင်ခွင့်ရခဲ့ပါပြီ။
ချစ်သူသက်တမ်းဘယ်လောက်မှမရှိသေးဘဲ လက်ထပ်ခဲ့ကြတဲ့အတွက် အချစ်တွေက မနက်ရှိုင်းဘူးလို့ မထင်စေချင်ပါဘူး။ဘာလို့ဆို ကိုယ့်အမျိုးသားလေးကို ကိုယ်ဘယ်လောက်ထိချစ်လဲဆိုတာ ကိုယ်ပဲသိပါတယ်။ချစ်လွန်းလို့လဲ သူဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်ပေးခဲ့တာပါ။
စကားများရင် ထုရိုက်တတ်တဲ့ သူ့အကျင့်တွေကို သည်းခံပေးခဲ့တယ်။ကိုယ့်ကို လောင်းကစားလုပ်ခဲ့တဲ့သူ့ကို အပြစ်မမြင်ခဲ့ဘူး။တကယ်တော့ ချစ်ရင်ထူးဆိုတာ အခုမှအခု ဆိုးတာမှမဟုတ်တာ။မွေးကတည်းက ဆိုးလာခဲ့တဲ့ လူဆိုးကောင်လေ။လူဆိုးကောင်မှန်းသိနေပေမဲ့ ချစ်နေခဲ့တာကို။
ကိုယ့်ဘက်ကပဲချစ်နေခဲ့တာမဟုတ်ဘဲ သူ့ဘက်ကပါ ကိုယ့်ကို အလေးပေးချစ်နေတော့ ပျော်စရာအချစ်ဇာတ်လမ်းလေးဖြစ်နေတာပေါ့လေ။သူ ကိုယ့်ကို ဘယ်လောက်ချစ်လဲဆို
ကိုယ့်ရဲ့ကလေးကို မွေးပေးမဲ့ဆန္ဒလေးကို ကြည့်ရုံနဲ့သိသာပါတယ်။ဒီလိုလူကို ပိုင်ဆိုင်ခွင့်ရခဲ့လို့ ကျွန်တော် ပျော်ပါတယ်။"ကြာလိုက်တာ မောင်ရယ်"
"ရေချိုးတာ နည်းနည်းကြာသွားလို့ပါ။တောင်းပန်ပါတယ်ဗျ"
ချစ်စမ်းမောင် မနက်စာစားပွဲမှာ ဝင်ထိုင်ရင်း ပြန်ပြောလိုက်သည်။
YOU ARE READING
မလွှဲတဲ့ဖူးစား
General Fictionမွေးကတည်းက ပခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်း၂ယောက် လက်ထပ်ပြီးချိန် အိမ်ထောင်ရှင်ဘဝကို ဘယ်လိုဖြတ်သန်းနေကြလဲဆိုတာကို မလွှဲတဲ့ဖူးစားမှာ ဖတ်ကြည့်ကြရအောင်နော်...