6🌷

27 2 0
                                    

Uni

အချိန်ကားည၇နာရီ။

လင်းကို သူတို့အိမ်ကိုတစ်ဖန်ပြန်ရောက်လာခဲ့သည်...အကြောင်းကတော့ပျောက်သွားသည့်သေနတ်ကိုပြန်လာရှာခြင်းဖြစ်သည်....

နဒီ သေထားတဲ့နေရာဆီကိုဖြည်းဖြည်းချင်းသွားနေမိသည်....ညအမှောင်မှာတစ်ယောက်ထဲမို့အနည်းငယ်ကြောက်ရွံ့နေတာလည်းဖြစ်သည်....

ရဲတွေကလူသေထားတဲနေရာရဲ့ပတ်လည်မှာတားထားတဲ့တိတ်အဝါတွေကိုဖယ်လို့သူရှာကြည့်ပေမယ့်ထိုနေရာမှာသေနတ်နဲ့တူတာဆိုလို့အရိပ်အယောင်တောင်မတွေ့ရပေ...

”ဘယ်ကိုရောက်သွားတာလဲကွာ.....”

သူသေချာ နဒီရဲ့လက်ထဲကိုထည့်ပေးခဲ့တာ....

”တစ်ယောက်ယောက်ယူသွားတာလား...”

သူနေရာအနှံ့မှာထပ်ရှာကြည့်ပေမယ့်မတွေ့ရပေ

”ဘယ်လိုလို့ဖြစ်နိုင်မှာလဲ....မျိုးခေတ်ကအလောင်းကိုအရင်ဆုံးတွေ့တဲ့သူ
သူသေနတ်ကိုယူသွားတာများလား....သူဘာလို့ယူသွားတာဖြစ်နိုင်မလဲ....”

လင်းကို တွေးရင်းနောက်ဆုံးလက်လျှော့ကာထွက်လာခဲ့လိုက်တော့သည်.....
-------

မာန် အပေါ်ထပ်ကိုဖြည်းဖြည်းချင်းတက်လာမိသည်....အခုလောလောဆယ်သူ့ရင်ထဲမှာပြောမပြတတ်အောင်နာကျင်နေတာဘဲသိသည်....

သူထိုင်ခုံမှာထိုင်လို့ဖုန်းထဲမှသူတို့မောင်နှမနှစ်ယောက်ပုံလေးတွေကိုထုတ်ကြည့်မိသည်...

သူ့ရဲ့အတွေးတွေကလွန်ခဲ့တဲ့နှစ်တွေမှာအစ်မနဲ့အတူရှိခဲ့ရတဲ့အချိန်တွေဆီကိုရောက်မိသည်..

”မာန်လေး....”

မာန် အစ်မရဲ့ခေါ်သံကြောင့်နောက်
လှည့်ကြည့်လိုက်တော့သူ့ဆီကိုပြေးလာတဲ့အစ်မကိုတွေ့လိုက်ရသည်...

”ပိုက်ဆံယူသွားဦး....”

”အစ်မကရော...”

”ယူသွားလိုက် အစ်မမှာရှိသေးတယ်...,ဒီနေ့ကျောင်းမှာပိုက်ဆံပေးရဦးမယ်မဟုတ်ဘူးလား....”

”အစ်မမှာရှိတာသေချာရဲ့လား....”

”ရှိတာပေါ့...မရှိရင်ဘယ်လိုလို့ပေးမှာလဲ...သွား..အမြန်သွားတော့ နောက်ကျရင်အစ်မကိုကျောင်းခေါ်ခံနေရဦးမယ်....”

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now