Uni
ဟော်တယ်ရဲ့အလုပ်ခန်းထဲတွင်
လင်းကို ရှိနေခြင်းဖြစ်သည်....”ရဲတွေကဘာလို့များသေနတ်ကိုရှာမတွေ့သွားရတာလဲကွာ....”
လင်းကို တစ်ယောက်ထဲရေရွတ်ရင်းတံခါးခေါက်သံနဲ့အတူဝင်လာတဲ့သူကိုကြည့်လိုက်တော့ လင်းစက်ဖြစ်နေတာကြောင့်....
”လင်းစက် ဘာကိစ္စရှိလို့လဲ...အစ်ကို့ကိုဒီထိလာတွေ့တယ်ဆိုတော့...”
လင်းစက် အစ်ကိုရှိရာဆီလျှောက်သွားလိုက်ကာ....
”ကျွန်တော်က စိတ်ပူလို့ပါ...ဒါမို့ အစ်ကို့ကိုလာကြည့်တာ....”
”သက်သာသွားပါပြီ....လက်ကဘာဖြစ်တာလဲ...”
”အား...ရုတ်တရပ်ဖန်ကွဲစနဲ့လက်နဲ့ခြစ်မိတာ...ဘာမှသိပ်မဖြစ်ပါဘူး...ဒါနဲ့ရဲတွေဆက်သွယ်လာသေးလား...
အစ်မနဒီ အလောင်းကိုဘယ်အချိန်ကတွေ့တာတဲ့လဲ...”မသိသေးဘူး...”
”ကျွန်တော်လည်း သံသယဝင်နေတာ..အစ်မနဒီတစ်ကယ်ဘဲဘာတွေဖြစ်ခဲ့တာလဲ....”
သူတို့နှစ်ယောက်စကားပြောနေရင်းမှာဘဲတံခါးကိုဖွင့်ကာဝင်လာတဲ့မာန်..
”မောင်..စခန်းကနေပြန်ရောက်လာပြီလား...”
လင်းစက် သူပြောတာကိုလျစ်လျူရှုကာအစ်ကိုဦး ရဲ့အင်္ကျီကိုဆွဲလာတဲ့ မောင့် ကြောင့်တားရတော့သည်...
” ဒီမှာ မောင်...ဘာလုပ်တာလဲ...”
”အစ်ကို အစ်မနဒီကိုသစ္စာဖောက်ခဲ့တာမလား...”
”မင်းဘာတွေလာလျှောက်ပြောနေတာလဲ..”
”အစ်ကို့မှာနောက်မိန်းမရှိနေတာမလား...ဖြေလေ...”
”မောင် အစ်ကို့ကိုအရင်လွှတ်လိုက်ပါဦး....”
”အစ်ကို့နောက်မိန်းမကို အစ်မနဲ့သွားထပ်ရှုပ်ခိုင်းခဲ့တာမလား....အစ်ကိုအဲ့လိုဘဲလွှတ်ပေးလိုက်တယ်ပေါ့...”
”မင်းအရမ်းလွန်နေပြီနော် မျိုးခေတ်..”
လင်းကို သူ့ကိုအတင်းဆွဲကာမေးနေတဲ့မျိုးခေတ်ကြောင့်ဒေါသထွက်လာရသည်.....
”အဲ့ဆိုဖြေလေ....”
”မောင်...တော်တော့...တော်ပါတော့မောင်.....”
YOU ARE READING
UNSTOPPABLE LOVE {Ongoing}
Romansaတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးဟာအထင်လွဲမှုတစ်ခုကြောင့်ကွဲကွာသွားကြတဲ့အခါ.... အထင်လွှဲမှုဟာဒီအတိုင်းဆက်ရှိနေမှာလား... ...... တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးဟာအထင်လွှဲမှုတစ်ခုကြောင့်ကွဲကွာသွားကြတဲ့အခါ.... အထင်လွှဲမှုဟာဒီအတို...