3🌷

80 8 0
                                    

Uni

တီ..တီ..တီ...တီ...တီ...တီ...

မျိုးခေတ် ကုတင်ဘေးရှိနှိုးစက်အသံကြောင့်နိုးလာခဲ့သော်လည်းပြန်ပိတ်ကာအိပ်နေမိသည်

လင်းစက် မီးဖိုထဲတွင်မောင်နဲ့သူ့အတွက်မနက်စာလုပ်နေခြင်းဖြစ်သည်....
သီချင်းတစ်ပုဒ် ကိုဖွင့်ထားကာဟင်းချက်ရင်း
စည်းချက်နဲ့အတူညည်းရင်းကနေမိသည်....

မျိုးခေတ် အိပ်ရာကထလာပြီးမီးဖိုခန်းထဲဝင်လာတော့ဟင်းချက်ရင်းကနေတဲ့ကိုကို့ကိုတွေ့လိုက်ရသည်...
ကိုကိုကသူ့ကိုတွေ့တော့နှုတ်ဆက်လာသည်

"မင်္ဂလာနံနက်ခင်းပါ..မောင်..."

မျိုးခေတ် ဆက်လျှောက်သွားလိုက်ရင်း

"ဒီအချိန်မှာ ဆက်မကနဲ့တော့ သူများချောင်းကြည့်နေရင်ရှက်စရာကြီးနော်..."

"ဘာလို့ဆက်မကရမှာလဲ အကွက်တွေမကုန်သေးဘူးလေ..."

သူ့ကိုပြန်ပြောလာရင်းဆက်ကနေသေးတဲ့ကိုကိုကအရမ်းချစ်ဖို့ကောင်းနေတာကြောင့် မျိုးခေတ် ကိုကို့ရဲ့ခါးကိုဖက်လိုက်ရင်းရင်ခွင်ထဲထည့်လိုက်ကာပါးနဲ့နဖူးကိုတဖွဖွနမ်းမိတယ်..

"ချစ်စရာမကောင်းတဲ့ရည်းစားရထားတဲ့အတွဲတွေဆိုရင်ဘယ်လိုရှေ့ဆက်ကြမလဲမသိဘူးနော်..."

"ကိုကို့ကိုမေးလေ..."

"မောင်ကချစ်စရာမကောင်းလို့လား..."

လင်းစက် မောင့်ရဲ့အမေးကြောင့်သူ့ရဲ့ဆော့ပင်လက်ရာတွေထင်နေတဲ့မောင့်မျက်နှာချောချောကိုကြည့်ကာရီမိသည်...

မောင်ကအခုချိန်ထိသူ့မျက်နှာမှာမှင်တွေနဲ့မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေရေးခြစ်ထားတယ်ဆိုတာသိပုံမရသေးပေ...

"ဘာကိုရယ်တာလဲ....."

"ခစ်....ချစ်ဖို့ကောင်းလို့ပါ..."

မောင့်ရဲ့မျက်နှာချောချောကိုကိုင်ကာပြောလိုက်သည်...

"မင်း မျက်နှာတောင်မသစ်ရသေးဘူးမဟုတ်လား..."

"ချောတဲ့သူဆိုတာ အိပ်ရာထတဲ့အချိန်တောင်ချောတယ်..."

လင်းစက် မောင့်ရဲ့အပြောကြောင့်ထောက်ခံသလိုခေါင်းညိမ့်မိကာရင်ခွင်ထဲမှာထွက်လိုက်သည်။...

UNSTOPPABLE LOVE {Ongoing}Where stories live. Discover now