15(uni+Zg)

3.1K 272 49
                                    

15

* No matter what we breed
ဘယ်လိုပဲပြုပြင်နေပါစေ

"We still are made of greed
ကိုယ်တို့ကလောဘရဲ့သားကောင်တွေပဲလေ

(*This is my kingdom come
ဒါက ကိုယ့်ရဲ့ဘဝအမှန်ပဲ) 2

*When you feel my heat
ကိုယ့်ဒေါသတွေကိုမင်းခံစားမိတဲ့အခါ

*Look into my eyes
ကိုယ့်မျက်ဝန်းတွေကိုကြည့်ပေးပါ

(*It's where my demons hide
ဒါ ကိုယ်ရဲ့စိတ်ရိုင်းတွေပုန်းအောင်းနေတဲ့နေရာပဲ)2

*Don't get too close
အနားကိုသိပ်ကပ်မလာပါနဲ့

*It's dark inside
ကိုယ့်စိတ်တွေအထဲကမှောင်မိုက်နေလွန်းလို့ပါ

(*It's wherey demons hide
ဒါ ကိုယ့်ရဲ့စိတ်ရိုင်းတွေပုန်းအောင်းနေတဲ့နေရာပဲ)2

Imagine Dragon -Demons
-------------------------

စီးကျလုနီးပါးမျက်ရည်စများအား ထိန်းထားသည့်အနေဖြင့် အောက်နှုတ်ခမ်းအားနာကျင်စွာဖိကိုက်ထားသည်။

ဟင့်အင်း.....sweetyအရှေ့မှာမျက်ရည်ကျလို့မဖြစ်ဘူး......ပျော့ညံ့နေလို့မဖြစ်ဘူး.....sweetyကိုကာကွယ်ပေးဖို့ ငါသန်မာနေရမယ်......။

————————————
// "CEO ဗျ....ဒါက ဒီနှစ်ရဲ့ရှယ်ယာအတက်အကျစာရင်းပါ"

Taehyungကမ်းပေးသော စာရွက်စာတမ်းတွေအားလှမ်းယူလိုက်ပြီး

"ပြီးခဲ့တဲ့နှစ်က လေလံနိုင်ခဲ့တဲ့ပစ္စည်းတွေကို ရောင်းချင်တယ်.....Taehyungshii စုံစမ်းပေးထားပါ"

"လာမယ့်စနေကျရင်တော့ Rour ကုမ္ပဏီကနေကျင်းပမယ့် တရုတ်ရှေးဟောင်းပစ္စည်းတွေလေလံပွဲတော့ရှိတယ် ချိတ်ကြည့်လိုက်ရမလား"

Jungkookသည် နားထင်အားလက်ထောက်၍စဥ်းစားလိုက်ပြီး

"Rour....? ယန် ကတော် လား"

"ဟုတ်ကဲ့"

"အဲ့ဒါဆို စျေးတွေပဲစုံစမ်းထားလိုက် ကျန်တာကိုငါပဲဆက်လုပ်လိုက်မယ်ပြီးတော့......နှစ်ကုန် CEOပြန်ရွေးပွဲလုပ်ရင် ဘယ်သူ့ဘက်က််ိုဘယ်ရှယ်ယာဝင်တွေအရေးသာနေလဲဆိုတာစကားနှိုက်ပေးထား"

"ဟုတ်ကဲ့ပါCEO"

"သွားလို့ရပြီ"

Taehyung ရုံးခန်းထဲမှထွက်သွားသည့်အခါ ရှုပ်ထွေးလာသောစိတ်အခြေအနေနှင့် ထိုးကိုက်လာသောခေါင်းကြောင့် အံဆွဲထဲမှဆေးဗူးအားယူကာ ထုတ်သောက်ရန်ပြင်လိုက်သည်။ ဆေးဗူးထဲမှဆေးပြားသုံးပြားအားလက်ဖဝါးထဲသို့ထည့်ပြီးနောက် ခနတာငေးကြည့်နေမိသည်။ ထို့နောက်သက်ပြင်းချကာ သောက်လိုက်ပြီး စာရင်းများပြန်စစ်နေစဥ် သူ၏ဖုန်းထဲသို့ မက်ဆေ့ဝင်လာ၍ထိုမက်ဆေ့အားဖွင့်ကြည့်တော့videoတစ်ခုဖြစ်နေခဲ့သည်။

Dating News (Completed 💖)Where stories live. Discover now