Extra1(uni+Zg)

2.9K 217 19
                                    

Extra1

ပင်လယ်လှိုင်းပုတ်ခတ်သံတို့ကြောင့် နိုးထလာရသော မနက်ခင်းတစ်ခု........

အိပ်ယာဘေး လူမရှိနေသောကြောင့် အိပ်ချင်စိတ်များပြေသွားကာ အခန်းထဲမှထွက်လာခဲ့ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည့်အခါ သီချင်းညည်းသံသဲ့သဲ့အားကြားနေရသောကြောင့်ပြုံးမိကာ မီးဖိုခန်းထဲဝင်သွားလိုက်သည်။ ပေါင်ထိရှည်ကျနေသော ညအိပ်ဝတ်စုံအနက်ရောက်သည် အပျော့သားဖြစ်တာကြောင့်လှုပ်ရှားသည့်အခါ ခန္ဓာကိုယ်နှင့်တသားတည်းကပ်သွားသည်။ ပခုံးကျဥ်းသော ကြောင့်လက်တစ်ဖက်မြှောက်လိုက်လျှင်တစ်ဖက်သို့လျှောကျသွားကာပခုံးသားနုနုလေးကပေါ်လာတတ်သည်။ သီချင်းတအေးအေးဖြင့်လှုပ်လိလှုပ်လဲ့ မနက်စာပြင်နေသောသူလေးအားအသံတိတ်အနောက်မှသိုင်းဖက်လိုက်သည့်အခါ

"အမေ့! လန့်လိုက်တာ darlingကလည်း....."

Jungkook ကရီသာရီနေသည်။ Jiminက Jungkookအားခေါင်းငဲ့ ကြည့်လိုက်ပြီး

"ဘာလို့ထွက်လာရတာလဲ အိပ်နေတာမဟုတ်ဘူး"

"ကိုယ့်အင်္ကျီပြန်လာတောင်းတာ....."

ထိုအခါ Jiminကသူ့ကိုယ်သူငုံ့ကြည့်ပြီး Jungkookအားနောက်တစ်ကြိမ်ခေါင်းလှည့်ကြည့်သည့်အခါ ညအိပ်ဝတ်စုံတစ်စုံအား Jiminက အင်္ကျီကိုဝတ်ထားပြီး Jungkookကဘောင်းဘီအားဝတ်ထားခြင်းဖြစ်သည်။

" မပေးဘူးဆိုရင်ရော ဘာလုပ်မလဲ​ပြော"

Jiminသည် ပေါင်မုန့်အားယိုသုပ်နေရင်းမှ မထိတထိစိန်ခေါ်လိုက်သည့်အခါ  Jungkookက

"စားချင်တယ်......"

Jimin၏ကိုယ်လေးတစ်ချက်တွန့်သွားပြီး

"ပြီးရင်သူပဲအမောဖောက်နေတာ!"

"ပေါင်မုန့်စားတာလောက်ကတော့အမောမဖောက်ဘူး sweetyရ"

"ဟမ်!"

Jiminက မအူမလည်ဖြင့် Jungkookအားလှည့်ကြည့်တော့

"ဘာစားတာကိုပြောချင်တာလဲ sweetyက.... ကိုယ်ကပေါင်မုန့်စားချင်တယ်လို့ပြောချင်တာနော်.....ဘာတွေတွေးး"

"ဘာ...ဘာမှ မတွေးပါဘူး...ဖယ် ဖယ် "

Jungkook၏လက်ထဲမှရုန်းကာ မီးဖိုခန်းထဲမှပြေးထွက်သွားသည့်Jimin၏ပုံစံအား သဘောကျစွာ ခေါင်းမော့ရီ၍ Jimin၏အနောက်မှ ပြေးလိုက်သွား သည်။ ဧည့်ခန်း၏အလယ်သို့ရောက်နေပြီဖြစ်သောJiminအား အနောက်မှသိမ်းကြုံးဖက်လိုက်ပြီး ပါးပြင်အားတစ်ရှုံ့ရှုံ့နမ်းသည်။ လည်တိုင်တွေအားတိုးဝှေ့တော့ Jiminက သဘောတကျရီကာ

Dating News (Completed 💖)Where stories live. Discover now