16(uni+Zg)

2.9K 276 39
                                    

ဘူဆန်မြို့......

ဘူဆန်နယ်မြေခံရဲစခန်းအမှတ်(၁) ၏အဆောက်အဦးအရှေ့တွင် ကားအဖြူလေးတစ်စီးထိုးရပ်လိုက်ကာ ထိုကားထဲမှလူနှစ်ယောက်ထွက်လာခဲ့သည်။ ထိုလူနှစ်ယောက်က ရဲစခန်းထဲသို့ဝင်၍ ဌာနမှုးဟု တံဆိပ်ပြားတင်ထားသော စားပွဲသို့သွားကာထိုစားပွဲတွင်ထိုင်နေသော အမျိုးသားအား

"တစိတ်လောက်....အကူအညီတောင်းစရာရှိလို့ပါ"

ထိုဌာနမှုးက သူတို့နှစ်ယောက်အားသေချာကြည့်၍

"ဒီမြို့ကမဟုတ်ဘူးနဲ့တူတယ် မမြင်ဖူးဘူး....ပြောပါဘာကူညီပေးရမလဲ"

ထိုအခါ စကားသွက်သည့်သူက

"ဟုတ်ပါတယ်ကျနော်တို့က ဆိုးလ်ကနေလာခဲ့တာပါ....ကျနော့်နာမည်ကKim SeokJin.....ဆိုးတက္ကသိုလ်မှာ ကာယနည်းပြလုပ်ပါတယ်..... ဒီလူကတော့ Min YoonGi....သူကလည်းဆိုးလ် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(၃)ရဲ့ အကြီးတန်းစုံထောက်ပါ...."

အနောက်မှall blackဖြင့်ပီကေတစ်ဖောက်ဖောက်ဝါးနေသူက သူ၏လည်သာကုတ်အင်္ကျီအတွင်းမှ ID cardအားထုတ်ကာ ဌာနမှုးဆိုသူကိုပြလိုက်သည်။ထိုအခါ ဌာနမှုးကထိုင်နေရာမှထ၍ အလေးပြုကာ

"အကူအညီပေးရမယ့်ကိစ္စကိုပြောပါဗျ"

"(.....)ခုနှစ်တုန်းကလူသတ်မှုတစ်ခုအကြောင်းသိချင်လို့....အချက်အလက်တွေဘယ်ကရနိုင်မလဲ"

ဌာနမှုးကတွေဝေသွားကာ

"အဲ့ဒီနှစ်တုန်းကဆိုရင်ကြာနေပြီပဲ.....ဒါမယ့် မှတ်တမ်းတွေတော့ရှိဦးမှာပါ.....ကျနော်ရှာပေးမယ်"

"ရတယ်ရတယ်....ရှာရမယ့်နေရာပြော...."

"အာ.....ဒါဆိုအနောက်ဖက်ကစတိုခန်းထဲမှခုနှစ်အလိုက်မှုခင်းမှတ်တမ်းဖိုင်တွေရှိပါတယ်ဗျ....ယူသွားလို့တော့မရဘူးနော်"

"အင်း...သိတယ်"

YoonGiသည် ပြောပြီးပြီးချင်းအနောက်ဘက်ထဲသို့ဝင်သွားပြီးSeokJinက ဌာနမှုးအားကျေးဇူးတင်စကားပြော၍ YoonGi၏အနောက်ကိုလိုက်သွားသည်။

စတိုခန်းထဲသို့ရောက်သည့်အခါ သူတို့လိုချင်သောခုနှစ်တွင်မှတ်တမ်းက ၂၀ထက်မနည်းရှိနေသည်။ SeokJinက

Dating News (Completed 💖)Where stories live. Discover now