17(uni+Zg)

2.8K 258 32
                                    

17

အဝတ်အစားလဲခန်းထဲတွင် ရှုတင်အတွက်ဆံပင်ပုံစံပြင်နေရသော Jiminအား အခန်းဝမှHoseokသည် စကားပြောရန်ဟန်ပြင်နေသည်။သို့သော်လည်းပြောရန်ခက်ခဲနေသည့်ပုံဖြင့် Jiminအားကြည့်လိုက်မျက်နှာလွှဲလိုက်လုပ်နေသည်ကို Jimimကသတိထားမိသွားတော့.....

"hyung..."

Hoseokသည် တစ်ယောက်ထဲဗျာများနေချိန်တွင်Jimin၏ခေါ်သံကြောင့်အယောင်ယောင်အမှားမှားဖြင့်

"ဟင်! ဟင်..."

"ပြောစရာရှိလို့လား....ပြောလေ"

Hoseokသည်သူ၏လက်ဖဝါးနှစ်ဖက်အားပွတ်တိုက်နေပြီး

"ဟို.....အခုရိုက်ကွင်းက်ိုhyungမလိုက်လို့ရလား.....နေသိပ်မကောင်းလို့"

Jiminသည်Hoseokအားသေချာကြည့်၍

"အင်းရတယ်လေ....အိမ်ပြန်နားချင်လည်းနားလေ.....Indoorပဲရိုက်ရမှာဆိုတော့ အဆင်ပြေပါတယ်.....ဒါမှမဟုတ်hyungဆေးရုံသွားမလား..."

"အာ...အဲ့လောက်ထိတော့မလိုပါဘူး....ဒီတိုင်း....ဒီတိုင်းခနနားလိုက်ရင် ရပါတယ်....ညကျရင်လည်း Dior Eventကိုလည်းသွားရမယ်မလား...."

"hyungမသက်သာရင်ကျနော်တစ်​ယောက်ယောက်ကိုခေါ်သွားလိုက်မယ်....သေချာလေးအနားယူလိုက်လေ...."

"အင်းပါ..."

"Jiminshii.....အဆင်သင့်ဖြစ်ရင်စမယ်နော်"

တံခါးအပေါက်ဝမှ ဝန်ထမ်းမိန်းကလေးတစ်ဦးကပြောသည်ကိုJiminကခေါင်းညိတ်ပြကာ

"အိုကေပါ....hyungအေးဆေးနားနေနော်"

Jiminအဝတ်အစားလဲခန်းထဲမှထွက်သွားသည်နှင့်Hoseokသည်လည်းထိုအခန်းထဲမှထွက်လာကာသူ၏ခြေလှမ်းများက Jimin၏နားနေခန်းသို့ မဟုတ်ပဲ CEO၏ ရုံးခန်းရှိရာဘက်သို့ဖြစ်သည်။

ရုံးခန်းအရှေ့ရှိအတွင်းရေးမှုးစားပွဲနေရာ၌ Taehyungအားမတွေ့သဖြင့်ရုံးခန်းတံခါးကိုခေါက်ကာ

"CEO....ကျနော်Jung Hoseokပါ"

"ဝင်ခဲ့"

ရုံးခန်းတံခါးအားဖွင့်၍အထဲသို့ဝင်လာသောအခါ Jungkookသည် ဆိုဖာတွင်ထိုင်နေပြီးသူ့အားထိုင်ရန်ညွှန်ပြသည်။Jungkookညွှန်ပြသောနေရာတွင်ဝင်ထိုင်လိုက်ပြီးနောက် Jungkookပြောမည့်စကားအားစောင့်ဆိုင်းနေလိုက်သည်။ Jungkookသည် Hoseokအား အညိုရောင်စာအိတ်တခုလက်ကမ်းပေးလိုက်ပြီး

Dating News (Completed 💖)Where stories live. Discover now