MM - 7

313 27 3
                                    

Unicode

"ကင်မ်ထယ်ယောင်း အိမ်မပြန်လို့ဖြစ်သေးတယ် မဟုတ်လား"

"ဘာလို့လဲ စီနီယာအစ်ကိုဂျောင်ကု"

"ကိုယ်ညစာ၀င်စားမှာမို့
မင်းကိုပါခေါ်သွားချင်လို့"

"ဟုတ် အချိန်ရပါသေးတယ် စီနီယာ"

စီနီယာနဲ့နှစ်ယောက်တည်းညစာစားရတော့မှာမို့ထယ်ယောင်း‌ဘာကြောင့်မှန်းမသိပျော်ရွင်နေမိသည်။စီနီယာကကြောက်စရာကောင်းတာမှန်ပင်မဲ့တခါတလေတော့သူ့အပေါ်နူးညံ့ပါသည်။

ထယ်ယောင်းအိမ်နဲ့နီးတဲ့နေရာကဆိုင်တစ်ခုမှာပဲညစာအတွက်ကားကိုဂျောင်ကုထိုးရပ်လိုက်၏။

"ကိုယ်တွဲမှာမို့ မဆင်းနဲ့ဦး ထယ်လေး"

ပြောပြီးကားတံခါးကိုလာဖွင့်ပေးကာထယ်ယောင်းကိုဆင်းစေတော့စီနီယာ့လက်မောင်းကိုထယ်ယောင်းအားကိုးတကြီးဖက်တွယ်လိုက်၏။

စီနီယာကနူးညံ့ညံ့ပင်သူ့ကိုတွဲကူရင်း‌
နှစ်ယောက်လုံးဆိုင်ထဲ၀င်လာခဲ့သည်။

ဆိုင်ကသေးပင်မဲ့အတော်လေးလှပြီးဆိုင်မှာ
ဒိတ်လာလုပ်တဲ့အတွဲတစ်ချို့လည်းရှိနေသည်။

"ဘာစားချင်လဲ ထယ်လေး"

"ဟုတ်ကဲ့ ပါစတာပဲ
ဒါနဲ့ဘာလို့ထယ်လေးလဲ?
စီနီယာအစ်ကိုဂျောင်ကု"

"ဘာလဲခေါ်လို့မရဘူးလား မကျေနပ်ရင်ကိုယ့်ကိုလည်းစီနီယာလို့မခေါ်ပဲ အစ်ကိုလို့ခေါ်ပေါ့ကွာ"

ဒိီပါးစပ်ကထယ်လေးပဲခဏခဏထွက်နေတာမို့ရှက်ကိုးရှက်ကန်းနဲ့ကလေးကိုဂျောင်ကုပြန်အော်မိတော့သည်။သူ့ကိုထယ်ယောင်းကကြောက်တာမို့ဘာမှတော့ပြန်မပြော၊ထယ်ယောင်းနဲ့ပက်သက်ရင်မြန်ဆန်လာတဲ့ရင်ဘတ်အကြောင်းသက်ဆိုင်သူမရိပ်မိဖို့မျှော်လင့်တာပါပဲ၊တတိယနှစ်ရောက်တဲ့အထိဂျောင်ကုဘေးတွင်မိန်းမချောလေးတွေဝိုင်းဝိုင်းလည်နေပင်မဲ့စေ့စပ်ထားတဲ့ဂျင်ဆောကိုတောင်သူငယ်ချင်းထက်မပိုနိုင်ပဲဒီကလေးကိုမှရင်ခုန်ရသတဲ့လား၊သူကယောကျာ်းလေးတွေကိုသဘောကျတဲ့လူလား၊ဒါလည်းမဖြစ်နိုင်၊ဒီနေ့ဒီအချိန်ထိဆန်းပြားခံစားချက်တွေကထယ်ယောင်းနဲ့မှဖြစ်ပေါ်လာသည်မို့ထယ်ယောင်းကိုပဲသူချစ်မိနေသည်မှာသေချာသလောက်ကိုရှိပြီ။

MY MAN Where stories live. Discover now