Unicode
"အားလုံးပဲ ပထမနှစ်တွေသေချာနားထောင်ပေးပါ ရှေ့ပတ်ထဲမင်းတို့အတွက်လေ့လာရေးခရီးစဉ်နဲ့ကြိုဆိုပွဲရှိတယ် အဲ့အတွက်လိုက်မဲ့သူတွေကဒီစာရွက်မှာမိဘခွင့်ပြုချက်လုပ်လာခဲ့ကြ စာရွက်တွေကိုမင်းတို့စီနီယာတွေကဝေပေးလိမ့်မယ် လေ့လာရေးကအမှတ်တွေကိုလည်းအဖွဲ့လိုက်ပေးမှာမို့ တစ်ယောက်ချင်းစီကြိုးစားဖို့လိုတယ်
ငါပြောတာမရှင်းရင်ကိုယ့်စီနီယာတွေကိုပြန်မေး"ဆရာမစကားအဆုံးထွက်လာတဲ့အသံတွေကဆူညံစွာ၊တစ်ယောက်တစ်ပေါက်နှင့်လေ့လာရေးကိစ္စအားပြောနေကြလေသည်။
"ထယ်ယောင်း မင်းလိုက်မှာမလား"
"လိုက်မှာပေါ့ အမှတ်ရမဲ့ဟာပဲကို"
လေ့လာရေးအပြင်ကြိုဆိုပွဲပါပြီးတော့အမှတ်ပိုလည်းရဦးမှာမို့ကျောင်းသားတော်တော်များများလိုက်ကြသည်။
"လိုက်မဲ့သူတွေကကိုယ့်အသင်းခေါင်းဆောင်စီမှာစာရင်းသွားပေးကြနော် မိဘခွင့်ပြုချက်ရရင်"
မိဘခွင့်ပြုချက်မရလည်းလိုက်မဲ့သူတွေဆိုတာဆရာမတောင်ပြောနေစရာကိုမလိုနေတာပင်။
ဟန်ဂျင်ယောဒီနေ့တော့ဂျောင်ကုကိုအမီဖမ်းပြီးထိပ်တိုက်ဖြေရှင်းမယ်လို့သူစိတ်ကူးထားသည်။
ဒါကြောင့်လည်းလမ်းထိပ်ကအရိပ်ကျတဲ့နေရာမှာထယ်ယောင်းကိုပြန်လိုက်ပို့တဲ့ဂျောင်ကုကိုစောင့်နေလေသည်။
မကြာခင်သူတို့ခြံရှေ့ပြိုင်ကားအနီလေးရပ်သွားပြီးကားပေါ်ကသူ့ယောက်ဖနှစ်ယောက်ကိုတွေ့လိုက်ရသည်။
ဂျောင်ကုကထယ်ယောင်းဖက်နမ်းပြီးရင်ခွင်ထဲထည့်ကာချော့မြူနေသည့်ဟန်၊ထယ်ယောင်းကလည်းဂျောင်ကုခါးကိုပြန်လည်ပွေ့ဖက်ထား၏။
မိနစ်အနည်းငယ်ကြာသည်အထိထိုအနေထားအတိုင်းသူတို့နှစ်ယောက်စကားပြောပြီးထယ်ယောင်းအိမ်ထဲ၀င်သွားသည်ကိုဂျောင်ကုကကားကိုမှီရင်းကြည့်နေခဲ့သည်။
ထိုအကြည့်ကလည်းမြတ်နိုးခြင်းများစွာနဲ့ဆိုတာကိုဟန်ဂျင်ယောယောင်္ကျားချင်းမို့သိလိုက်ရသည်။
YOU ARE READING
MY MAN
FanfictionJeon JungKook × Kim TaeHyung TopKook / Vottom KookV Myanmar Fanfiction Zawgyi + Unicode ( Own creation )