MM - 1

1.4K 41 0
                                    

Unicode

"ထယ်ယောင်း နင်အခုထလိုက်တာကောင်းမယ်နော် မဟုတ်ရင် ပထမဆုံးကျောင်းတက်တဲ့ရက်မှာတင်နောက်ကျနေလိမ့်မယ်ဟဲ့ ထစမ်းပါလို့"

အစ်မဖြစ်သူကင်မ်ယွန်းမီရဲ့စကားကို
မကြားသလိုပင်စောင်ကိုခေါင်းအထိ
ဆွဲခြုံလိုက်တဲ့ထယ်ယောင်းပါလေ။

"ယောင်္ကျား မနက်စာ အဆင့်သင့်ဖြစ်နေပြီ
ယွန်းဂျင်ကိုပါကျွေးပြီးတခါတည်းကျောင်း
ပို့ခဲ့နော် ဆရာမကိုလည်းဂရုစိုက်ဖို့ပြောခဲ့ဦး"

ယွန်းမီလည်း‌ထယ်‌ယောင်းကိုမနှိုးနေတော့ပဲ
သူမအမျိုးသားနဲ့သားအတွက်မနက်စာနဲ့ထမင်းဘူးကိုသာပြင်ဆင်နေလိုက်သည်။

"ဟုတ်ကဲ့ပါဗျာ ထယ်ယောင်းအိပ်ပါစေ
ယွန်းရဲ့ စောပါသေးတယ် သူ့အတွက်မုန့်ဖိုး
လည်းလုံလုံလောက်လောက်ထည့်ပေးလိုက်‌နော်"

လူကြီးလူကောင်းဆန်တဲ့ယွန်းမီရဲ့
အမျိုးသားဟာသိပ်ကိုစိတ်သဘောထားပြည့်၀ပြီးနွေးထွေးတဲ့လူတစ်ယောက်ပင်။

"ထယ်ထယ်ကအခုထိမထသေးတာလား
ယွန်းဂျင်တောင်နိုးနေလို့မနက်စာစားနေပြီကို"

အေးဆေးပြီးတည်ငြိမ်တဲ့ကင်မ်ယွန်းမီနဲ့စိတ်သဘောထားပြည့်၀တဲ့ဟန်ဂျင်ယောတို့ရဲ့သားလေးဟန်ယွန်းဂျင်ကလွန်စွာမှချစ်ဖို့ကောင်းပေသည်။

"ထပါပြီဗျာ
မနက်စာစားစရာမလိုတော့ဘူး
မမရဲ့အသံနဲ့တင်ဗိုက်တင်းနေပြီ"

"ဒါဆိုလည်းမစားနဲ့တော့ ကျောင်းသွားလေ"

"မစားလို့တော့ဘယ်ဖြစ်မလဲ" ဆိုကာ
ထမင်းကိုခပ်မြန်မြန်စားနေ‌လေသည်။

"ထယ်ယောင်း ကျောင်းကားစီစဉ်ပေးရမလား"

"ဟာ ယောက်ဖကလည်း ကျွန်တော်က
ကလေးမှမဟုတ်တာ Bus နဲ့ပဲသွားမယ်"

"ယွန်းဂျင်တောင်ကျောင်းကားနဲ့သွားတာ
ထယ်ထယ်လည်းကျောင်းကားနဲ့သွားလေ"

"ထယ်ထယ်ကယွန်းဂျင်လို
ကလေးလေးမှမဟုတ်ပဲကွာ"

သူတို့ရဲ့မနက်ခင်းလေးဟာ
ဤကဲ့သို့ပြည့်စုံလို့နေခဲ့သည်။

MY MAN Onde histórias criam vida. Descubra agora