MM - 8

317 28 2
                                    

Unicode

"ယောင်္ကျား ဘာကျန်ခဲ့လို့လဲ"

အမှိုက်သွားပစ်မယ်ဆိုပြီးအိမ်ထဲကိုပြန်၀င်လာတဲ့ဟန်ဂျင်ယောကြောင့်ကင်မ်ယွန်းမီမေးလိုက်ခြင်းပင်။

"ယွန်း ကိုယ့်ပိုက်ဆံအိတ်လေးယူပေးပါဦး"

ဟန်ဂျင်ယောရင်ထဲအပူမီးတောက်နေပြီးခြံပြင်ဘက်ကိုလည်းခဏခဏလှည့်ကြည့်‌နေမိသည်။

ညီမဖြစ်သူဟန်ဂျင်ဆောနဲ့စေ့စပ်ထားတဲ့ဂျွန်ဂျောင်ကုမှာအခုသူ့ယောက်ဖကင်မ်ထယ်ယောင်းနဲ့နမ်းနေတဲ့မြင်ကွင်းကသူ့မျက်လုံးထဲကနေဘယ်လိုမှမထွက်ပေ၊ဇနီးသည်ကိုတိုင်ပင်လိုက်ပါရင်လည်းဒီပြဿနာကပိုကြီးသွားနိုင်သည်။

ဆောလေးကိုဂျောင်ကုကဘယ်လောက်ပဲစိတ်မ၀င်စားဘူးဆိုစေဦးမိန်းကလေးဘက်ကိုတော့အနည်းငယ်တွေးပေးရမယ်မဟုတ်လား၊အများအမြင်မှာဆောလေးနဲ့စေ့စပ်ထားပြီးထယ်ယောင်းနဲ့တွဲနေတာကတော့သူ့ညီမတင်မကပဲထယ်ယောင်းအတွက်ပါမကောင်းတာမို့ဟန်ဂျင်ဆောလိုက်ပြီးတွေးပူနေရခြင်းဖြစ်သည်။

ဂျောင်ကုလိုအသိုင်း၀ိုင်းကြီးထဲကလူအတွက်ပတ်၀န်းကျင်အမြင်ကအရေးမကြီးဘူးဆိုပင်မဲ့မိန်းကလေးဖြစ်တဲ့ဟန်ဂျင်ဆောနဲ့အသက်ငယ်သေးတဲ့ကင်မ်ထယ်ယောင်းအတွက်ဒီကိစ္စကစိတ်ဒဏ်ရာဖြစ်သွားနိုင်ကြောင့်ဟန်ဂျင်ယောသူ့ခင်ဗျာမှာခေါင်းမီးတောက်နေလေပြီ။

စေ့စပ်ထားသည့်လူရှိနေတဲ့သူကိုတွဲနေတဲ့ထယ်ယောင်း၊သူမစေ့စပ်ထားတဲ့လူကလူရှုပ်လူပွေဆိုပြီးညီမဖြစ်သူတင်မကပဲယောက်ဖလေးပါသူများလက်ညိုး၀ိုင်းထိုးခံရမဲ့ကိစ္စမျိုးဟန်ဂျင်ယောအဖြစ်မခံနိုင်ပါ။

မဖြစ်ဘူး ဒီကိစ္စကို သူ တစ်ခုခုလုပ်မှကိုဖြစ်တော့မယ်။

"ယောင်္ကျား...ယောင်္ကျား"

"ဟင် ယွန်း"

"ဘာတွေတွေးနေလို့ ကျွန်မပြောတာ မကြားရတာလဲ ပြီးတော့ ပိုက်ဆံက ဘာလုပ်မို့လဲ"

"ကြက်ကြော်သွား၀ယ်မလို့"

"ပြန်လာပါပြီ"

ပေါက်နေတဲ့နှုတ်ခမ်းနဲ့အတူထော့နဲ့ထော့နဲ့ဖြင့်အိမ်ထဲ၀င်လာတဲ့မောင်ဖြစ်သူကြောင့်ကင်မ်ယွန်းမီမှာအထိတ်တလန့်ဖြစ်သွား၏။

MY MAN Where stories live. Discover now