"တစ်ပွဲပါဆယ်ပေးပါနော်"
"ရှောင်ရှင်းမေမေအတွက်လား"
"အချစ် ယူသွားဖို့လေ။အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တယ်ဆို"
ငါက ငါ့ရည်းစားရဲ့သူငယ်ချင်းကို ရည်ရွယ်ပြီး ပြောလိုက်တာ။ဒီနေ့ငါတို့နှစ်ယောက်ရဲ့ဒိတ်မှာ သူမပါလာဘူးလေ။အဲ့ဒီလိုပြောလို့ ပုံမှန်လည်း ပါနေတာမျိုးမဟုတ်ဘူး။ငါ့ရည်းစားရဲ့သူငယ်ချင်းက ကိုယ့်သူငယ်ချင်းရည်းစားနဲ့ချိန်းတွေ့လေတိုင်း တကောက်ကောက်ပါနေတတ်တဲ့အလိုက်
မသိတတ်တဲ့လူမျိုးမဟုတ်ပါဘူး။
ပြီးတော့ အပိုဘီးလိုလူမျိုးလည်း လုံးဝ(လုံးဝ)မဟုတ်ရပါဘူး။ငါတို့က အင်း... မြင်သာအောင်ပြောရရင်၊ငါတို့ကထိုင်းနိုင်ငံရဲ့ signatureတစ်ခုလို့ပြောလို့ရတဲ့သုံးဘီးပါတဲ့ယာဥ်တွေလိုပဲ။
သေချာပေါက် ငါက ရှေ့ဆုံးကဘီးလေ။
"သူနေမကောင်းဘူး! အစာမာမာစားလို့မရဘူး!"
ငါ့ဆီကအဖြေရတော့ ငါ့ရည်းစားကအသည်းအသန်ထငြင်းတယ်။ဘေးက စားပွဲထိုးကောင်လေးတောင် လန့်ပြီးပခုံးကျုံ့သွားတဲ့အထိ။ငါကလည်း မျက်လုံးအပြူးသားလေးနဲ့လေ။
နေမကောင်းဘူး???
အစာမာစားလို့မရဘူး???ငါ့ခေါင်းထဲမှာ '?'တွေပြည့်နှက်သွားရပြီး မျက်လုံးလေးကို ထောင့်ကပ်ရင်း စဥ်းစားခန်းဝင်မိတယ်။
လူတစ်ယောက်က ဘယ်လို နေမကောင်းဖြစ်တဲ့အခါကျရင် အစာမာစားလို့မရဘူးလဲ။
အစာအိမ်၊အူလမ်းကြောင်းရောဂါတစ်ခုခုများလား..
ဒါတော့မဖြစ်နိုင်ဘူး။
ငါ့ရည်းစားရဲ့သူငယ်ချင်းက အင်မတန်ကို အစားအသောက်အချိန်မှန်တာလေ။
လည်ပင်းမှာများ ပြဿနာတစ်ခုခုဖြစ်နေတာလား။
ရာသီဥတုကလည်း သိပ်မအေးသေးတာမို့ ဒါကလည်းမသေချာသလို တော်တန်ရုံဖျားခဲတဲ့ငါ့ရည်းစားရဲ့သူငယ်ချင်းက ဒီလိုအသေးအဖွဲတော့ ဖြစ်လိမ့်မှာ မဟုတ်ဘူး။
"အစာမာဘာလို့စားမရတာလဲ။မဟုတ်မှ---"
"မဟုတ်ဘူး။မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး..ရှောင်ရှင်းထင်နေတာမျိုးမဟုတ်ဘူး"