ဒါပေမယ့်ချစ်တယ်
ညနေစောင်းတော့သခင်လေးနှစ်ယောက် ပါတီတက်ဖို့အကျီတွေထုတ်ဝတ်နေကြတယ် ရိပေါ်ကတော့လုံးဝစမတ်ကျကျဝတ်ဆင်ထားတယ် ကလေးပေါက်ကတော့ ရိပေါ်ဆင်ပေးတာကိုမကြိုက်ဘူးဆိုပြီးသူဝတ်ချင်တာတွေရွေးထုတ်ပြီးအကျီတွေလဲနေလိုက်တယ် ရိပေါ်ကတော့ကုတက်ပေါ်ထိုင်ပြီးသူ့ကလေးလေးကိုစောင့်နေလေရဲ့ မကြာပါဘူးရေချိုးခန်းတံခါးပွင့်လာတော့ ရိပေါ်တစ်ယောက်လုံးဝကိုမင်သက်ပြီးကြည့်နေမိတယ် သူ့ရှေ့ကအကောင်ပေါက်လေးကို
"ကိုကို ကိုကို့လို့"
"ဟင် ကလေးလေးပြီးပြီလား"
"ဘာလို့အလောက်ထိကြည့်နေတာလဲနေ့တိုင်းမြင်နေရတာကို ဘာလဲသားအရမ်းချောနေလို့လားဟီးး"
"ဟုတ်တာပေါ့ကိုကို့ကလေးလေးကအရမ်းချောနေတော့ကိုကိုတောင်ငေးမိတာပေါ့"
တကယ်လဲအကောင်ပေါက်လေးကချသူ့ကလေးလေးကတော့အရမ်းကိုကျေနပ်နေတာပေါ့သူ့ကိုကိုကချီကျူးနေတော့ ဟူဒီအပြာနုနုလေးနဲ့ဂျင်းဘောင်းဘီဒူးပြဲလေးနဲ့တွဲပြီးဝတ်ထားတာကိုတကယ့်အဖြူထည်လေး
"ကိုကိုထပ်ငေးနေပြန်ပြီ သွားမယ်လေ"
"အမ် အင်း အင်း သွားမယ် သွားမယ်"
"ဟာ ဒီကိုကိုကတော့လေစကားတွေထပ်နေပြန်ပြီ"
ပြောရင်းနဲ့ပဲအိမ်အောက်ကိုဆင်းလာတော့ သူ့ကိုကိုလက်မောင်းကိုတွဲခိုပြီးဆင်းလာတယ်လေ ဖိမ်းဖိမ်းကတော့သရေတမျမျနဲ့ကြည့်ပြီး
"အကိုလေးအရမ်းချောတာပဲ တကယ်ကိုချစ်စရာလေးပါအကိုလေးရယ် အကိုလေးသိလား အကိုလေးအကိုလေးကိုရခဲ့တာတော်တော်ကံကောင်းတာပဲ"
ဖိမ်းဖိမ်းတို့တော့အကိုလေးကြည့်ထပ်နေတော့တာပဲ ဘယ်အကိုလေးကိုပြောနေမှန်းကိုမသိဘူး။
"အရမ်းချောတယ်ဆိုတာသားကိုပြောတာမို့လားကျဲကျဲ"
"ဟီးးဟုတ်တယ်ဒီအကိုလေးကိုပြောတာပါရှင့်"
"ဟီးဟီး"
"အဟမ်းးတော်ပြီသွားကြမယ် ငါတို့နောက်ကျမှာစောင့်မနေနဲ့တော့ ဖိမ်းဖိမ်း"
"ဟုတ်ကဲ့ပါအကိုလေး"
"အင်း လာကလေးလေးသွားကြမယ်"
ကားလေးမောင်းနှင်လာပြီး ကားပေါ်မှာလဲအပြင်တစ်ခါမ မထွက်ဘူးတဲ့ကလေးကနေရာအစုံဟိုပတ်ကြည့်ဒီပတ်ကြည့်နဲ့သိချင်တာကိုလဲအကုန်လျှောက်မေးနေတော့တာပဲ ရိပေါ်မှာလဲကားမောင်းရင်ေရှ့ကိုအာရုံစိုက်ရ ကလေးမေးတာတွေလဲဖြေရနဲ့ ပုံမှန်ဆိုစကားနည်းတဲ့သူကအခုတော့သူမဟုတ်တဲ့အတိုင်း
"ကဲ ကလေးလေးရောက်ပြီ ဆင်းတော့"
ကားတံခါးလေးဖွင့်ပေးပြီး သုကလေးလေးကိုဆင်းခဲ့ဖို့ခေါ်လိုက်တော့ ထွက်လာတဲ့အကောင်ပေါက်လေးက အသည်းယားစရာ ေအးတဲ့ရာသီဖြစ်နေတာကြောင့် နှာခေါင်းထိပ်ဖျားလေးကရဲစုတ်စုတ်လေးဖြစ်နေသလိုပါးမို့မို့လေးတွေ နှုတ်ခမ်းလေးတွေကလဲ ပန်းရောင်လေးသန်းနေပြီး လုံးဝကိုချစ်ဖို့ကောင်းနေတာ ရိပေါ်လဲကလေးလက်ကလေးကိုအသာဆွဲပြီးဟော်တည်ရဲ့ပါတီပွဲကိုဝင်လာလိုက်တော့ အားလုံးရဲ့အကြည့်တွေကဘေးကကောင်လေးဆီမှာပင် ဒါကိုရိပေါ်တော့မကြိုက်ပါ
"ဟာ ရိပေါ်လာပြီလားနောက်ကျလိုက်တာ လာကွာထိုင်"
ပြောလိုက်သူကတော့ကျန်းချန်ပင် ကျန်းချန်လဲရိပေါ်နောက်မှာပုန်းနေတဲ့ကလေးကိုကြည့်ကာ
"ဝါးးးးချစ်ဖို့ကောင်းလိုက်တာ မိတ်ဆက်အုံးလေကွာဟျောင့် မင်းပြောတဲ့ကလေးလေးဆိုတာလား မိုက်တယ်ကွာ မင်းပြောတုန်းကအလောက်ထိချစ်ဖို့ကောင်းမယ်မထင်ထားဘူး ခုတော့တကယ်ကိုမချစ်စရာလေးပါကွာ"
ရိပေါ်တောင်ဘာပြောရမှန်းမသိတော့အောင်ကိုဖြစ်နေတယ် သူ့ကလေးကိုပဲကြည့်နေတဲ့ကျန်းချန်ကိုလဲ ဆွဲထိုးပလိုက်ချင်တာ
"ငါကမိတ်ဆက်ပေးစရာလိုသေးလား😏"
ခနဲ့ပြီးပြောလိုက်ခြင်းပင်။
"အော်အေးဟုတ်သားပဲဟဲဟဲ တကယ့်ယုန်ပေါက်စလေးအတိုင်းပဲချစ်စရာလေးကွာ"
"တော်ပြီမပြောတော့ဘူး ပြန်မယ်ကလေး"
အကောက်ပေါက်လက်ကိုဆွဲကာထလိုက်တော့ အလိုက်သင့်ပါလာတယ် လိုလိုကမှလူတွေကိုကြောက်နေပါတယ်ဆိုမ ကိုကို့သူငယ်ချင်းကအရမ်းတွေစကားပေါနေတော့ အကောင်ပေါက်လေးပါစိတ်ညစ်သွားတယ်
"ဟာကွာမင်းကလဲမပြောတော့ဘူးဟုတ်ပြီလား ထိုင် ပြန်ထိုင်ပါကွာ မင်းကလဲငါ့မွေးနေ့ကြီးကိုကွာ"
မွေးနေ့ဆိုတာနဲ့အကောင်ပေါက်လေးတွေးလိုက်ပါပြီ သဘောကသူလဲမွေးနေ့လုပ်ခြင်နေလို့ပါ
"ပီးရော ဒါကငါ့ကလေးလေး ကျန့်ကျန့်တဲ့"
သူယုန်ဖြူလေးဆိုတဲ့နာမည်က သူ့အပိုင်ပဲလေဘသူမခေါ်ခွင့်မပေးဘူး ခေါ်လဲမခေါ်ခိုင်းနိုင်ဘူးဟင့်
"ကိုကိုသားနာမည်ကယုန်"
ပြောလို့တောင်မပီးသေးဘူးလက်ညှိုးလေးနဲ့အကောင်ပေါက်နှုတ်ခမ်းလေးကိုပိတ်လိုက်တယ် အာ နူးညံ့လိုက်တဲ့နှုတ်ခမ်းသားလေးကွာ အထိတွေ့မှာခဏမင်သက်သွားတယ် ဒီနှုတ်ခမ်းလေးကိုသာအသာလေးထိပြီးနမ်းလိုက်ရရင်ဖြင့်ပေါ်ပေါ်တို့ဘဝလူဖြစ်ကျိုးနပ်ပါပြီ
"ကလေးလေးရဲ့အဲ့နာမည်က ကိုကိုပဲခေါ်ခွင့်ရှိတာလေအဲ့တော့အများခေါ်ဖို့ကိုကိုနာမည်ပေးထားတာ ကျန့်ကျန့်လို့"
"အော်အလိုလားအဆိုလဲကိုကိုဆိုတာကိုလဲ သားပဲခေါ်ခွင့်ရှိရမယ်နော် တခြားသူခေါ်လို့မရဘူး"
"ဟုတ်ပါပြီကွာအလည်လေး"ဆိုပြီးနှာခေါင်းလေးကိုတစ်ချက်ဆွဲလိုက်တယ် ဒါကတော့သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ကြားရုံသာပြောလိုက်ခြင်း
"ဟျောင့် ရိပေါ်မင်းကတော့လေ ဆက်ပြောလေကွာ တန်းလန်းကြီး"
"ဟုတ်ပြီ ကလေးလေးဒါကကျန်းချန်တဲ့ ကိုကို့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းကြီးပေါ့"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ် ကျန်းကော"
"အမလေး အသံလေးကလဲချိုလိုက်တာကွာ ဒီကကောကလဲတွေရတာဝမ်းသာပါတယ်ဗျာ"ဆိုပြီးလက်ဆွဲနှုတ်ဆက်ဖို့လက်ကလေးထုတ်ပေးတော့
"ဖြန်းး"
"အားးဟျောင့်ဘာလုပ်တာလဲ ငါဒီမှာနှုတ်ဆက်မလို့လေကွာ"
"မရဘူး မထိရဘူး"
"ဟာကွာ မင်းကတော့လေ ဒါနဲ့လက်ဆောင်ကောဘယ်မှာလဲ ပေး"
"မပါဘူး လူလာတာပဲကျေးဇူးတင်"
"မင်း မင်း ရိပေါ် ငါကမင်းဆီကလက်ဆောင်ကိုမျှော်နေတာလေကွာနှစ်တိုင်းပေးနေပြီတော့ဒီနှစ်မ မပေးဘူးတဲ့ မင်းကိုစိတ်ဆိုးတယ်ကွာ"
ကျန်းချန်လဲစိတ်ဆိုးတယ်ဆိုပြီးဟိုဘက်လှည့်ကာစိတ်ဆိုးပြပြီးတော့မှအကြံဆိုးကြီးနဲ့ပြန်လှည့်လာတယ်
"ဘာလဲ ငါ့အတွက်လက်ဆောင်က ဒီအကောင်ပေါက်လေးလား ဟုတ်လား"
ခက်ထန်သောမျက်လုံးတွေနဲ့ကြည့်လိုက်တော့
"မင်းကလဲကွာစတာပါ ဒါမမဟုတ် မင်းဆီကငါဘာလက်ဆောင်မ မတောင်းဘူးကွာတစ်ခုပဲ"
လက်ညှိုးထောင်ကာပြောလာတော့ ရိပေါ်လဲဘာလဲဆိုတဲ့ပုံစံမျိုးနဲ့ကြည့်လိုက်တော့
"မင်းအကောင်ပေါက်လေးနဲ့လက်ဆွဲနှုတ်ဆက်ခွင့်တော့ပေးကွာ ဒီတစ်ခုပဲလေ နော် နော်လို့"
အကောင်ပေါက်လေးကလဲရှေ့ကနှစ်ယောက်ကိုကြည့်ကာ တစ်ယောက်ကလဲခက်ထန်ထန်ပဲ တစ်ယောက်ကလဲမရမကပူဆာနေတာကိုကြည့်နေတုန်း
"မရ"ရိပေါ်ရဲ့စကားမဆုံးခင်မှာပဲ
အကောင်ပေါက်လေးလဲ သိတ်မရှည်တော့ဘူး နားအေးပြီးရောဆိုပြီး လက်ကမ်းပေးကာကျန်းချန်ကိုနှုတ်ဆက်လိုက်တယ်
"ကျန်းကော လာလေနှုတ်ဆက်မယ်"
ကျန်းချန်မှာလဲမှိုရတဲ့မျက်နှာနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပြီး လုံးဝကိုမလွှတ်ချင်တော့လောက်အောင်နူးညံ့တဲ့အသားရေလေးမို့ပွန်းပဲ့သွားမာတောင်စိုးရိမ်ရတယ်
"ဖြန်းးးတော်ပြီလေအလောက်ထိပြီးရင်"
ကလေးကိုလဲစိတ်ဆိုးတယ် သူကမှ မထိစေချင်ပါဘူးဆို လက်ဆွဲနှုတ်ဆက်ခွင့်တောင်ပေးလိုက်သေးတယ်။ခုလဲကျန်းချန်လက်ကိုနာနာရိုက်လိုက်ခြင်းဖြစ်သည်။ကျန်းချန်လဲနာပေမယ့်သူ့ကလေးလေးလက်ကိုထိခွင့်ရတဲ့အတွက်ဘာမပြောမနေပဲမျက်စောင်းသာပစ်ပစ်ထိုးနေလိုက်တယ် ထိုအချိန်
"ရိပေါ် ရောက်နေတာလား ဟင်းးဟင်းး"
ယန်းလီဆိုတဲ့မိန်းကလေးကလာနှုတ်ဆက်ခြင်းပင် ရိပေါ်ကိုတဖက်သက်ကြိုက်နေတာလဲမှန်တာပေါ့ ရုပ်ရည်ချောမောသလောက်လဲအနားကရှိသမျှယောက်ျားလေးတွေကိုမမှု ရိပေါ်မှရိပေါ်သာကြိုက်နှစ်သက်တဲ့မိန်းကလေးပေါ့
"အင်း"
"အော် ဒါနဲ့ဘေးကကလေးကဘသူလေးလဲ"
"ဒါက"
"သားနာမည်ကကျန့်ကျန့်ပါ ကျန့်ကျန့်ကတော့အများခေါ်တဲ့နာမည် ကလေးလေးဆိုတာက ကိုကိုတစ်ယောက်ပဲခေါ်လို့ရတာ"
ရိပေါ်တောင်ဘာမမပြောရသေးဘူးကျန့်ကျန့်ကတော့ပြောချင်ရာတွေဇွတ်ပြောလိုက်တယ် ကြောက်ပေမယ့်လဲပေါ့။ သူ့ကလေးလေးကိုကြည့်ပြီးကြည်နူးနေလိုက်တယ် တကယ်တော့ကျန့်ကျန့်ကိုလဲ ရိပေါ်ခေါ်သလိုကလေးလေးလို့ခေါ်လိုက်လို့ ခေါ်လို့မရကြောင်းပြောလိုက်ခြင်း ကျန်းချန်ကလဲမနိုင်ဘူးဆိုတဲ့ရုပ်နဲ့ခေါင်းသာခါနေလိုက်တယ်။
"အော် ဟုတ်လား အဆို ကျန့်ကျန့်လို့ပဲခေါ်ရမှာပေါ့"
ကျေနပ်သွားတဲ့ရုပ်နဲ့လက်မလေးထောင်ပြလိုက်တယ်
"ဟုပါပြီ ဒါနဲ့ရိပေါ်အချိန်နောက်ကျနေပြီမို့ ဒို့ကိုအိမ်ကိုလိုက်ပို့ပေးပါလား ဟင်းဟင်း ဒို့အိမ်ကဘသူမ မရှိလို့လေ"
ရေလာမြောင်းပေးမဟုတ်တော့ဘူးဒါကရေမလာလာအောင်မြစ်ပါတူးနေတဲ့ရုပ် ကျန်းချန်လဲ
"ယန်းလီရယ်ငါနဲ့နင်နဲ့ကလမ်းတူတယ်စိတ်ချငါလိုက်ပို့မယ် နင်သေအောင်သောက်ဟုတ်ပြီလား"
ထိုအချိန်ယန်းလီမှာမျက်နှာပျက်ပြီး ကျန်းချန်ကိုသာကျိန်ဆဲနေလိုက်တော့တယ် ယန်းလီလဲကျန်းချန်ကိုစိတ်ဆိုးပြီး အရက်တွေတအားသောက်ပြီးမှောက်သွားတော့မှ
"ရိပေါ်မင်းတို့ခဏနေခဲ့အုံး ဟိုယန်းလီမကိုငါသွားပို့လိုက်အုံးမယ် ကျန့်ကျန့်လေးအကိုခဏနေပြန်ခဲ့မယ်နော်"
ကျန့်ကျန့်ကိုနှုတ်ဆက်နေလို့ရိပေါ်ကတော့မကျေနပ်တဲ့ပုံ အိမ်ရောက်မသူ့ကလေးကိုသေချာသင်ပြရအုံးမယ် ဒီလိုမ မဟုတ်ရင်ဒီကလေးနဲ့မလွယ်ဘူး သူများနောက်ပါသွားလိမ့်မယ်။
"ဟုတ် ကျန်းကော"
ပွဲပြီးနေပြီဆိုတော့ လူတွေလဲအသီးသီးပြန်ကုန်ကြပြီ ယန်းလီကိုလဲကျန်းချန်လိုက်ပို့ပြီးပြီ အကောင်ပေါက်ကလဲစားလိုက်တဲ့ကိတ်တွေဆို ပါးစပ်နဲ့အပြည့် ပေနေရင်လဲဘေးကနေပြုံးပြုံးကြီးထိုင်သုတ်ပေးနေတဲ့ရိပေါ်ကလဲရှိနေတာကိုးး
"ကလေးဗိုက်ပြည့်ပြီလား လာပါအုံးနှုတ်ခမ်းတွေမှာပေနေပြီ ကိုကိုသုတ်ပေးမယ်ဒီဘက်လှည့်"
ကလေးကလဲစားလဲစားသူ့ဘက်လဲလှည့်ပေးပြီးပေနေတာတွေသုတ်ခိုင်းလိုက်တယ်
"သားစားချင်သေးတယ်creamလေးတွေကစားလို့အရမ်းကောင်းတာပဲ သားcreamတွေအရမ်းကြိုက်တယ် သားအရမ်းပျော်တယ်"
"ဟင်းးငါလဲအိမ်ရောက်ရင်မွေးနေ့လုပ်ပေးဖို့ပြောရမယ်" ကျန့်ကျန့်စိတ်ထဲကတွေးလိုက်တယ်။
ပလုတ်ပလောင်းနဲ့creamတွေပဲစားနေတဲ့ကလေးလေးကိုကြည့်ပြီးအရမ်းကိုချစ်မိနေတယ် ကလေးလေး အတိတ်မေ့နေတယ်ဆိုတာတောင်သူသတိမထားမိလောက်အောင်ကိုဒီကလေးလေးကိုချစ်မိနေပါပြီ ဒီကလေးလေးသာအတိတ်ပြန်သတိရသွားရင်ဆိုတဲ့စိတ်နဲ့သူ့မျက်နှာအရမ်းညှိုးငယ်သွားတာကို ကလေးကသေချာကြည့်နေရင်း
"ကိုကို ကိုကိုလို့သားစားတာကိုကြည့်ပြီး ကိုကိုမစားရလို့စိတ်ကောက်တာလားပြော"
"အမ် မဟုတ်ပါဘူးကွာ ကိုကိုကဒီကလေးလေးကိုချစ်လွန်းလို့မ အမြဲတမ်းကြည့်နေရတာ ကလေးလေးစား ကြိုက်သလောက်creamတွေပဲစားမနေနဲ့ချောင်းဆိုးအုံးမယ်ကလေးလေးရဲ့"
"ဟုတ်ကဲ့ပါ ကိုကိုကြီးရဲ့ သားကကြိုက်လို့စားတာကို"
"ဟုတ်ပါပြီကွာ နည်းနည်းပဲစားတော့နော် ချောင်းဆိုးရင်ကိုကိုကဆေးအခါးကြီးတွေတိုက်မှာနော်"
"ဟင့် ကိုကိုကလဲအဆိုသားမစားတော့ဘူး တခြားမုန့်တွေအသီးတွေပဲစားတော့မယ်"
"ရိပေါ် ငါနဲ့ခဏလောက်စကားပြောရအောင်"
ကျန်းချန်လဲယန်းလီကိုပြန်ပို့ပေးပြီး ပွဲကိုအရေးတကြီးပြန်လာလိုက်တယ်။
"ဒီမှာပြော"
"ဟ မင်းကလဲဒီနားလေးတင်ကို ပြီးတော့ဘယ်သူမလဲမရှိဘူး မင်းကလေူကိုဘယ်သူမမခိုးပါဘူးကွ အရေးကြီးလို့ ခဏပဲ"
"ကလေးလေးဒီနားကနေဘယ်မ မသွားရဘူးနော် ကိုကိုဒီနားလေးခဏသွားလိုက်အုံးမယ် 5မိနစ်ပဲ"
"ဟုတ်ကိုကို သားကိုတော့မထားခဲ့နဲ့နော်"
"အာ မထားခဲ့ပါဘူးဗျာ ခဏလေးပဲနော်"
"ဟုတ်"
ကလေးအကွယ်လောက်ကျတော့
"ရိပေါ် မင်းကလေးလေးကဟိုတလောကကားအက်စီးဒင့်ဖြစ်သွားတဲ့မိသားစုရဲ့ကလေးလေးမို့လား"
"ဟမ် မင်းဘလိုသိတာလဲ"
"ရိပေါ်ဒီမှာကြည့်"
သူပြလိုက်တဲ့postတစ်ခုကြောင့် သူတော်တော်တုန်လှုပ်သွားခဲ့တယ်
"ဟမ် ဒါ ဒါဆိုကလေးလေးက"
"အေး ဟုတ်တယ်သူကဝေ့မျိုးဆက်ရဲ့တစ်ဦးတည်းသောကလေးလေးပဲ မင်းကလေးလေးကိုဘလိုလုပ်မလဲ ပြန်ပေးလိုက်မှာလား သူတို့ကလဲအသည်းသန်လိုက်ရှာနေတာနော် ဟျောင့်"
ရိပေါ်လဲ ခဏလောက်တွေဝေသွားပြီးမှ
"မဖြစ်ဘူး မပေးနိုင်ဘူး ကလေးလေးကငါ့အပိုင် ငါမပေးနိုင်ဘူး ငါ ငါကလေးလေးဆီသွားပြီ ဒါပဲ"
သူ့မှာတုန်လှုပ်မှုတွေနဲ့အကြောက်တရားကစုပ်ကိုင်နေတယ် သူ့ကလေးလေးကိုဘသူ့ဆီမ မပေးနိုင်ပါ ကလေးလေးကိုလဲသူ့ဆီကနေထွက်သွားခွင့်မပြုဘူး ဟုတ်တယ်ကလေးလေးကိုဖွက်ထားရမယ်ဘယ်သူမ မသိအောင် သူကလေးလေးကိုဒီလောက်ထိကိုချစ်မိနေတာလား ကလေးလေးထိုင်နေတဲ့နေရာကြည့်တော့ ကလေးလေးကိုမတွေလိုက်တဲ့အချိန်မှာ
"ကလေးလေး ကလေးလေးရေ ကိုကိုခေါ်နေတယ်လေ ကလေးလေးရယ် ကိုကို့ဆီပြန်လာပါ"
သူအရမ်းကိုစိုးရိမ်သွားပြီးမျက်ရည်များကလဲမဖိတ်ခေါ်ပဲတသွင်သွင်စီးကျနေတော့ဘေးမှာရှိနေတဲ့ကျန်းချန်လဲသူမြင်နေရတာရိပေါ်မှဟုရဲ့လားဆိုပြီးမင်သက်နေမိတယ်
"ကလေးလေးရေကိုကိုခေါ်နေတယ်လေ အီးးးပြန်လာပါ အီးးးးး"
"ကျန်းချန် မင်း ငါ့ကလေးလေးကိုလိုက်ရှာပေးပါကွာနော် ငါ့ကလေးလေးကိုလိုက်ရှာပေးပါ အီးး"
"ဟာ ရိပေါ်မင်းကလေးလေးကဒီနားလောက်ပဲရှိအုံးမှာပါကွာ လာငါတို့လိုက်ရှာရအောင်နော် မငိုနဲ့တော့ လာသွားရှာကြမယ် ငိုနေလို့မင်းကလေးလေးကိုတွေ့မှာမဟုတ်ဘူး"
"ဟုတ်တယ် ငါမငိုဘူး ငါ့ကလေးလေးကိုလိုက်ရှာမယ် ဟုတ်တယ်"
သူ့ကလေးလေးကိုရှာဖို့ထနေတုန်း
"ကိုကို!!"
YOU ARE READING
ဒါပေမယ့်ချစ်တယ်
RomanceIntro အခုမ ပထမဆုံးရေးဖူးတာဆိုတော့ အမှားတွေပါရင်လဲ နားလည်ပေးစေချင်ပါတယ် ကျန့်ကောမွေးနေ့အတွက်ရေးလိုက်တာဆိုပေမယ့် စိတ်ကူးခဲ့တာကတော့ ပေါတိမွေးနေ့တုန်းကပေါ့နော် ဒီficလေးထဲမှာဆိုရင် ကျန့်ကောဟာကားအက်စီးဒင့်နဲ့အတူအတိတ်မေ့သွားတဲ့သူအနေနဲ့ ပေါတိအိမ်ကိုရောက်ခဲ့...