ဒါပေမယ့်ချစ်တယ်
အရမ်းကိုနာကျင်ရပါတယ်။ ဘာကြောင့်များဘုရားရှင်ကဒီလိုဘဝကြီးကိုပေးခဲ့ရတာလဲဗျာ။ ကျွန်တော်မနေနိုင်တော့ဘူး မခံစားနိုင်တော့ဘူး။ သူဟာဆေးထည့်ရင်းငိုမိပြန်ပြီ။ ဆေးကြောင့်နာတာတစ်မျိုး ပြောဆိုခံရလို့ရင်ဘက်ကနာတာတစ်မျိုး။ နောင်ဘဝဒီလိုတွေမဖြစ်ပါရစေနဲ့တော့ ဒီဘဝဒီမျှနဲ့ပဲကျေပါတော့ဗျာ။
"ဟိုကောင်မင်းခုထိကိုစောက်ရည်ကကျတုန်းလား"
"မ မဟုတ်ပါဘူး ကိုကို"
"ငါ့ကို ကိုကိုလို့မခေါ်နဲ့ပြောထားတယ်နော် ပြီးမှငါ့အဆိုးမဆိုနဲ့"
"သား တောင်းပန်ပါတယ် သခင်😔😔"
ဝေ့ပင်းဟာ ကျင်းကော်ကို ကိုကိုလို့မခေါ်စေဘူး။ သူဟာတကယ်ကိုအဆိုးအပေလေးပါပဲ။ ညီကိုအချင်းချင်းတောင်သခင်ခေါ်ခိုင်းတာ ဒီကလေးကြီးကတော်တော်ဆိုးတဲ့ကလေးပေါက်။
"သွား ငါ့မျက်စိရှေ့ကခုထွက်သွားလိုက်တော့ တံခါးပိတ်ပြီးငိုနေအုံးမယ်ဆို မင်းစောက်လုံးတွေကိုဖောက်ထုတ်ပစ်မယ်"
ကြိမ်းဝါးသံတောင်မဆုံးသေး ကျင်းကော်လေးမှာအခန်းရှေ့ပင်ရောက်လို့နေပြီ မဟုတ်ရင်သူတကယ်လုပ်ခံရတော့မှာလေ။ သူ့အကိုကို သူချစ်ပါတယ် သို့သော်အမြဲနှိမ်ခံနေရမှတော့ဘယ်သူက ဆက်ချစ်နိုင်တော့မှာလဲ။ တစ်ညတာဟာအသံတိတ်ငိုရင်းနဲ့ကုန်ဆုံးသွားတယ်။
မိုးတွေအရမ်းရွာနေတယ်။ မိုးခြိမ်းသံတွေဆိုသူသိပ်ကြောက်ပါတယ်။ လျှပ်စီးကြောင်းတွေကိုသူသိပ်ကြောက်တယ်။
တဖန်ဝေ့ပင်းကတော့မိုးရာသီကိုသိပ်ကြိုက်တယ်။ မိုးခြိမ်းသံကိုသိပ်ကြိုက်တယ်။ အရာရာမှာရဲရင့်တယ်။ ကြောက်စိတ်ဆိုတာရှိမနေခဲ့ဘူး။
"ဒေါက် ဒေါက်!!(တံခါးခေါက်သံ)"
"ဝင်ခဲ့လို့ရပါတယ်"
အစေခံတစ်ဦး ကျင်းကော်အခန်းကိုဖွင့်ပြီးဝင်လာတယ်
"သခင်မကြီးနဲ့သခင်ကြီးနောက်ရက်ဆိုပြန်လာမယ်ပြောတယ်သခင်လေး သခင်ကတော့ ကျောင်းသွားပြီ သခင်လေးအတွက်ခွင့်တိုင်ပေးထားတယ် လက်လဲမသက်သာဘူးထင်လို့ ပြီးတော့ညကဘာမှမစားထားလို့မနက်စာစားဖို့လာခေါ်တာပါ"
"ဟုတ် ခွင့်တိုင်ပေးလို့ကျေးဇူးပါ လိုက်လာခဲ့ပါမယ်ဗျ"
"ဟုတ်ကဲ့ပါ"
မနက်မိုးလင်းတာနဲ့လန်းလန်းဆန်းဆန်းထရတဲ့ရက်ဆိုတာရှိမနေခဲ့ဘူး။ လောကကြီးကသိပ်ရက်စက်တယ်ဗျာ။ ဘယ်ချိန်မှများ ကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းနေရမှာလဲနော်။ ကြားရတဲ့သတင်းကနောက်ရက်ဆိုပါပါးနဲ့မာမားပြန်လာမယ်တဲ့။ သူထပ်ပြီးနာကျင်ရအုံးမှာပဲလား😞။
မနက်စာစားဖို့အောက်ထပ်ကိုဆင်းလာလိုက်တယ်။ အဆင်သင့်ပြင်ပေးထားတဲ့ကော်ဖီနဲ့ေပါင်မုန့်ကိုစားဖို့နေရာယူလိုက်တယ်။ မိသားစုကမကြည်ဖြူဘူးဆိုပေမယ့် နိမ့်နိမ့်ကျကျနေခိုင်းထားခြင်းမရှိပေ။ မချစ်ဘူးဆိုလဲသူတို့ရဲ့သားပဲမို့လား။ ကျောင်းလဲထားပေးတယ်။ သားတစ်ယောက်ရသင့်ရထိုက်တဲ့အရာတွေကိုသူတို့ဖြည့်ဆည်းပေးပါတယ်။ မေတ္တာတွေအချစ်တွေဂရုစိုက်မှုတွေကြင်နာမှုတွေ တစ်နည်းပြောရရင်သူလိုချင်တဲ့အရာတွေမပေးနိုင်တာပေါ့။ မပေးနိုင်တာမဟုတ်ဘူးပေးကိုမပေးခဲ့တာပါ။ သူဘာမှမဖစ်ချင်ဘူး ဘာမှလဲမလိုချင်ပါဘူး သူလိုချင်တာချစ်ခြင်းမေတ္တာနဲ့ကြင်နာမှုနွေးထွေးမှု မိသားစုဆိုတဲ့အသိုင်းအဝန်းလေးပါပဲ။ သို့သော်ထိုကောင်လေးလိုချင်တာတွေမရနေခဲ့ဘူး။ သူဒီနေ့တစ်ပိုင်းလုံးအတွေးတွေနဲ့ပဲ ကုန်ဆုံးသွားတယ်။ သူ့လက်ကနာနေတော့ကျောင်းမသွားနိုင်ဘူးလေ။
နေ့လည်ပိုင်းလေးတစ်ဖြတ်::::
"ဟဲ့ ငါတော့ဝေ့ပင်းကိုအတော်သဘောကျနေပြီဟာ"
"နင်ကလဲနော် တစ်ခန်းလုံးမဟုတ်ဘူး တစ်ကျောင်းလုံးနဲ့တောင်စကားမပြောတဲ့အကောင်ကိုလား"
"အင်း ဘာကြောင့်လဲဆိုတာသေချာမသိဘူး သူ့ကိုမြင်လိုက်ရတာနဲ့ကို ငါ့အသည်းကတဖြုတ်ဖြုတ်ကြွေနေတာ"
"လိုက်မမှီတော့ဘူးနော် ချူးချူး သူကတာဝန်အရသာကျောင်းတက်နေတာ ဆရာထက်သားတစ်လကြီးတဲ့သူမျိုးလေ သိရဲ့နဲ့ကြိုက်နေသေးတယ်"
"နိုးနိုး လီလီ ငါကြိုက်တာ သူ့ရဲ့typeဆိုရင်ကော"
"နင်တော့သွားပြီ တကယ်ကိုဆေးမမှီတော့တာပဲ"
ကန်တင်းမှာထိုင်ရင်း ဒေါသကြီးတဲ့မီးတောက်လေးအကြောင်းပြောနေသောသူငယ်ချင်းမနှစ်ယောက်။ ချူးချူးဆိုတာကျောင်းရဲ့အလှလေးတစ်ယောက်ပေါ့။
ဝေ့ပင်းကတော့မည်သူမျှဂရုစိုက်မအား။ အချိန်ရတာနဲ့ဂိမ်းဆော့မယ်ဆိုတာပဲ ဂိမ်းဆိုင်လဲနေ့တိုင်းလိုလိုပင်ထိုင်တတ်တယ်။ တစ်မနက်လုံးဂိမ်းဆော့ပြီး နေ့လည်ပိုင်းမှသာကျောင်းကန်တင်းကိုလာခဲ့ခြင်း။
"ဟဲ့ ဟိုမှာဆရာထက်သားတစ်လကြီး လာပါပြီ"
လီလီမေးငေါ့ပြတဲ့ဘက်ကိုကြည့်လိုက်တော့ ကျောင်းအကျီအဖြူကိုအပေါ်ကြယ်သီးတစ်လုံးဖြုတ်ကာ ရင်ဖွင့်ထားပြီး ကျောပိုးအိတ်ကိုပခုံးတစ်ဖက်မှာတင်ပြီး စိတ်ရှုပ်နေဟန်။ ခြေတံရှည်ရှည်စမတ်ကျကျနဲ့လမ်းလျှောက်လာတဲ့ထိုကောင်လေးအား ချူးချူးတင်မဟုတ်ကန်းတင်းမှာရှိသမျှမိန်းကလေးတိုင်း ငေးမောစေရတယ်။ ရှေ့ကိုကျနေတဲ့ဆံပင်လေးတွေကိုလက်တစ်ဖက်နဲ့သပ်တင်ရင်းလမ်းလျှောက်နေပုံက လုံးဝကိုပြီးပြည့်စုံသွားစေတယ်။ (သာသာတော့ ဒီနေရာမှာကျန့်ကောကိုမမြင်ပဲ ပေါ်ကြီးကိုမြင်နေရတယ်)
"ငါသူ့ကိုပိုင်ဆိုင်ချင်လိုက်တာ ငါကြီးရင်ပါပါးနဲ့မာမားကိုပြောပြီး သူ့ကိုတောင်းခိုင်းရမယ်"
လီလီမှာအကြောင်သားလေးဖြစ်နေရောပဲ တကယ်ဆိုယောက်ျားလေးရှင်ကတောင်းရမှာမို့လား။ သူ့သူငယ်ချင်းတော့တကယ်ဆေးမမှီတော့တာကိုကြည့်ပြီး မနိုင်ဘူးဆိုတဲ့အတွေးနဲ့ ခေါင်းသာရမ်းနိုင်တော့တယ်။
"ငါသူ့ကိုစကားသွားပြောမယ်"
"ဟမ် ဟဲ့သူ့ပုံကြည့်ရတာအဆင်ပြေမနေဘူးနော်"
ဟုတ်ပါတယ် ဝေ့ပင်းမှာဂိမ်းတွေတအားဆော့တာကြောင့်မျက်ရိုးတွေကိုက်ပြီး စိတ်ကကြည်မနေဘူးလေ။
"ငါသွားပြောလိုက်လို့အဆင်ပြေသွားရင်ကော"
ချူးချူးတစ်ယောက်ပြောပြောဆိုဆိုနှင့်ထသွားလိုက်တယ်။ သူ့အရည်အချင်းတွေထုတ်ကြွားဖို့လဲလေလုံးကြီးနေလေရဲ့။ ဘဝင်လေဟပ်နေတဲ့ချူးချူးကိုဝေ့ပင်းတစ်ယောက်ကလက်သင့်ခံပါ့မလားနော်။
"ဒီမှာထိုင်မယ်နော် ပင်း"
မျက်ရိုးတွေတစ်လျှောက်လက်ကလေးနဲ့နှိပ်နေရင်း အသံကြားခါမှကြည့်လာတဲ့ဝေ့ပင်း။ ပြန်ပြီးမတူသလိုမတန်သလို သူ့ပင်ကိုယ်တိုင်းပြန်နေလိုက်တော့
"ငါ့နာမည်ချူးချူးပါ ငါနင်နဲ့ခင်ချင်လို့"
သူငယ်ချင်းကနေချစ်သူဖြစ်သွားတဲ့ dramaကားတွေကြည့်ထားတာများလား။
"မလိုဘူး"
"ငါနဲ့သူငယ်ချင်းလုပ်ပါဟာနော် နင်ကလဲဟာ ငါကနင်နဲ့ခင်ချင်လို့ပါဆို နော်လို့"
ဝေ့ပင်းတစ်ယောက်လိုလိုကစိတ်ရှုပ်နေပါတယ်ဆို ဘေးကနေတွတ်ပီတွတ်ပီနဲ့နားပူနားဆာလုပ်နေတဲ့ထိုမိန်းကလေးအား
"မလိုဘူးလို့ငါပြောနေတယ်လေ စောက်နားကပင်းနေလား သွားစမ်းပါ စောက်အာရုံနောက်တယ် နောက်ခါငါ့ရှေ့ကိုဘာစောက်ကြောင်းနဲ့မှပေါ်မလာနဲ့ ခွမ်းးးးး"
ဝေ့ပင်းလဲလှည့်ထွက်သွားလိုက်တယ်။ လက်ထဲကကိုင်ထားတဲ့အအေးပုလင်းလဲ အစိတ်စိတ်အမွှာမွှာဖြစ်လို့။
ချူးချူးလဲကန်းတင်းဆိုတော့လူရှုပ်တာကြောင့် လူတွေအများကြီးကဝိုင်းကြည့်ခံရတော့ အရှက်ခွဲခံရတာကြောင့် ဝေ့ပင်းကိုအသေသတ်ပြစ်ချင်လောက်အောင်ကိုဖစ်သွားတယ်။ သူကချစ်လို့လာပြီးသူငယ်ချင်းဖွဲ့တာလေ ဟိုကအရှက်ခွဲလိုက်တော့ဘယ်သူကဆက်ချစ်တော့မှာလဲ။ ထိုနေရာမှာရပ်နေရင်းကနေ
'ငါကနင့်ကိုချစ်လို့သူငယ်ချင်းကနေအဆင့်တက်ချင်လို့ နင့်ဆီလာခဲ့တာ အခုတော့ငါ့ကိုအရှက်ခွဲတယ် နင်ဘယ်လိုခံစားရမလဲဆိုတာ စောင့်ကြည့်နေလိုက်ဝေ့ပင်း'
အပြုံးတစ်ခုနဲ့ စိတ်ထဲကနေပြောလိုက်ခြင်းပင်။ ချူးချူးဟာအချစ်ကြီးသလိုအမျက်ကြီးတဲ့မိန်းမစားမျိုးပါ။ လိုချင်တာမရရင် မရတဲ့အရာကိုဖြတ်ဆီးပြစ်ဖို့လဲဝန်မလေးတဲ့သူပေါ့။
ဝေ့ပင်းအိမ်ကိုပဲပြန်လာလိုက်တယ်။ အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ ကျောင်းမသွားပဲ ခြံထဲမှာနှင်းဆီပန်းဖြူဖြူအပင်လေးတွေကိုပေါင်းသင်နေတဲ့ ညီဖြစ်သူကျင်းကော်အားတွေ့လိုက်ရင်ကိုပဲ
"ကျောင်းမသွားပဲ ဘာစောက်လုပ်တွေလုပ်နေတာလဲဟမ်"
အော်လိုက်တဲ့အရှိန်ကြောင့် ကျင်းကော်လေးတောင် ပေါင်းသင်မယ့်လက်ကလေးကတန့်သွားရတယ်။
"ဟို ကျွန်တော် နေမကောင်းလို့ ခွင့်တိုင်ပြီးနားလိုက်တာပါ"
"နေမကောင်းဘူးဟုတ်လား"
"ဟုတ် လက်ကယောင်နေလို့ပါ"
ထိုအခါမှ ဘယ်ဘက်လက်ကလေးထုတ်ပြလိုက်တာမို့ ညီကိုဆိုတဲ့အလျှောက် သူ့ရင်ထဲမှာစိမ့်ကနဲ့တော့ဖြစ်သွားတယ်။ မခေါ်ဘူးဆိုပေမယ့်မတော်ချင်လို့မရဘူးဆိုတဲ့စကားအတိုင်း သွေးသားကစကားပြောတာလား။ ညီဖြစ်သူရဲ့အနာလေးကိုကြည့်ပြီး ရင်ထဲမကောင်း။ သို့ပေမယ့် စက္ကန့်ပိုင်းလောက်သာခံသောထိုစိတ်ကလေးကို ကျင်းကော်မသိလိုက်တဲ့အပြင် ချက်ချင်းပယ်ဖျောက်ခြင်းခံလိုက်ရတဲ့ထိုစိတ်ကလေး။
"ဆေးမထည့်တာ သေပေါ့ နည်းတောင်နည်းသေးတယ် သေသွားလဲအေးတာပဲ"
ဒီလောက်ပြောခံရတာကျင်းကော်အတွက်တော့ထူးဆန်းမနေဘူးလေ။
"မနက်ဖန်ပါးနဲ့မားပြန်ရောက်မယ်တဲ့"
"အဲ့ဒါမင်းစောက်ကြောင်းမဟုတ်ဘူး မင်းပြောမှသိတဲ့ကောင်လဲမဟုတ်ဘူး စောက်အာရုံနောက်တယ် ဟင့်"
မျက်စောင်းလေးခဲပြီးအိမ်ထဲဝင်သွားတဲ့ အကိုချောလေးအား ကြည့်ရင်း
"ငါသာအကို့လိုခပ်ချောချောကောင်လေးဖြစ်လိုက်ရင် ငါ့မိသားစုကငါ့ကိုသိပ်ချစ်ကြမှာပဲနော်"
ဘယ်သူမှမသိအောင် တိုးတိုးတိတ်တိတ်ရွက်လိုက်မိတယ်။
YOU ARE READING
ဒါပေမယ့်ချစ်တယ်
RomanceIntro အခုမ ပထမဆုံးရေးဖူးတာဆိုတော့ အမှားတွေပါရင်လဲ နားလည်ပေးစေချင်ပါတယ် ကျန့်ကောမွေးနေ့အတွက်ရေးလိုက်တာဆိုပေမယ့် စိတ်ကူးခဲ့တာကတော့ ပေါတိမွေးနေ့တုန်းကပေါ့နော် ဒီficလေးထဲမှာဆိုရင် ကျန့်ကောဟာကားအက်စီးဒင့်နဲ့အတူအတိတ်မေ့သွားတဲ့သူအနေနဲ့ ပေါတိအိမ်ကိုရောက်ခဲ့...