ဒါပေမယ့်ချစ်တယ်
ဆင်းတဲ့သူတွေကဆင်းသွားပြီး တက်တဲ့သူတွေကပြန်တက်လာကြတယ်။ ရိပေါ်လဲလိုရာခရီးဆက်ရအုံးမယ်မို့လား နာရီပိုင်းလောက်သာခင်ခွင့်ရလိုက်တဲ့ထိုကလေးငယ်ကိုသူသိပ်ကိုသဘောကျမိနေပြန်ပါပြီ။ အသားညိုတာလေးကော maskအောက်ကမျက်နှာလေးကရုပ်ဆိုးဆိုးရုပ်ချောချောသူစိတ်မဝင်စား ထိုအသံချိုချိုအေးအေးလေးကိုသာသူစိတ်ဝင်စား သဘောကျခြင်း။ ကလေးကသိပ်ကိုနူးညံတာပဲ ဒီတိုင်းကတော့ကျွန်တော်ကျွန်တော်နဲ့ အိပ်ယာထပြီးစိတ်ညစ်ပြေသွားတာလား သူ့ကိုယ်သူသားသားနဲ့ကိုပြောတော့တာပဲ။ ချစ်ဖို့ကောင်းလိုက်လေခြင်း။ ကလေးလေးအကြောင်းတွေးရင်းတွေးရင်း
"နေပါအုံးသူ့နာမည် ဘယ်သူ ဟာကွာငါမေ့နေပြီ မဟုတ်ဘူးကြားကိုမကြားခဲ့တာလား အားးး fuck"
သူရထားပေါ်ကပြေးဆင်းပြီးမေးမယ်အလုပ် ရထားကတရွေ့ရွေ့နဲ့စထွက်လေပြီ။ ခေါင်းရှုပ်ဟန်ဖြင့်သူ့လက်ကြီးကြီးတွေနဲ့ဆံပင်တွေကိုထိုးဖွရင်းထိုင်ခုံမှာငူငူငိုင်ငိုင်နဲ့ထိုင်ချလိုက်တယ်။ ပြီးမှသူသတိရဟန်နဲ့မူပိုင်အပြုံးတစ်ခုဖန်တီးလိုက်တယ်
"ငါအဲ့လောက်တုံးတဲ့သူမှမဟုတ်တာ သူ့ကိုငါ့လက်စွပ်ပေးလိုက်တာပဲ ဟဲဟဲ"
*********************************************
နောက်ကနေအထုပ်လေးဆွဲလို့တည်းမယ့်နေရာကိုသွားရပြန်တယ်။ ဟော်တည်တစ်ခုထဲကိုဝင်ကြတယ်။ ပါးနဲ့မားကတစ်ခန်း ဝေ့ရင်းနဲ့ဝေ့ပင်းကတစ်ခန်း။ ဝေ့ပင်းကမနေချင်ပေမယ့် မားကပြောတာကြောင့်သူနဲ့နေဖို့ခွင့်ပြုလိုက်တယ်။ နေ့လည်စာဘာညာစားပြီးညနေဘက်ကျလမ်းလျှောက်ထွက်ကြတယ်မိသားစုသုံးယောက်။ ဝေ့ရင်းကတော့ခြေထောက်နာလို့ကျန်နေခဲ့လေရဲ့။
ညမိုးချုပ်ပြီဖြစ်တာကြောင့် စားပွဲမှာညစာစားဖို့လူစုံနေပြီ။ ဟင်းတွေကမျိုးစုံလို့ ဒီတစ်ကြိမ်ကသူ့အတွက်မိသားစုလက်စုံစားရတာပထမဆုံးအကြိမ်မို့ တော်တော်ပင်စ်ိတ်လှုပ်ရှားနေတယ်။ ပါးနဲ့မားကလဲပြုံးပြုံးပျော်ပျော်ပဲ ဝေ့ပင်းကတော့ခပ်တည်တည်ပေါ့။ သူထမင်းတွေလိုက်ထည့်ပေးလိုက်တယ်။ အသားဟင်းကိုလဲပါးနဲ့မားကိုအရင်ဦးချလိုက်တယ်။ပြီးမှဝေ့ပင်းကိုထည့်ပေးမယ်အလုပ်
"မထည့်နဲ့ ငါမကြိုက်ဘူး"
"သား ဒါသားကြိုက်တဲ့ဝက်သားအချိုချက်ဟင်းလေ နူးနေတာပဲသားရဲ့"
"မဟုတ်ဘူးမား သူထည့်ပေးတာသားမကြိုက်ဘူးလို့ပြောတာ"
ဆူပုတ်ပုတ်နဲ့ပြောလိုက်တာမို့
"ဝေ့ရင်းကိုယ့်တိုင်းကိုယ်စားတော့ အေးဆေးစား"
ပါးကဝင်ပြောလိုက်ခြင်းပင် ဒီမိသားစုထမင်းဝိုင်းလေးကိုသူမပျက်ခြင်ဘူး ဒါပထမဆုံးမိသားစုစုံစုံလင်လင်စားရတာမို့လား ဝေ့ရင်းလဲအလိုက်သိစွာ
"ဟုတ်ကဲ့ ပါး"
သူ့နေရာသူပြန်ထိုင်လိုက်ပြီး သူကြိုက်တဲ့ဟင်းလေးတွေထည့်ပြီးသာစားလိုက်တော့တယ်။ ဝေ့ပင်းလဲသူ့တိုင်းသူကြိုက်တာထည့်စားတယ်။ အမွှာပေမယ့် ဝေ့ရင်းကအစပ်စားနိုင်တယ် အစပ်ဟင်းတွေပဲသူစားတယ်။ ဝေ့ပင်းကတော့အချို ဟင်းထဲအရောင်တင်ထည့်ရင်တောင်သူ့မှာစပ်နေပြီ ဒါကြောင့်သူ့အတွက်ဝက်သားအချိုချက်သပ်သပ်မှာထားပေးခြင်း။ ညစာစားပြီးဧည့်ခန်းတွင်TVထိုင်ကြည့်နေရင်း
"ပါး မနက်ကျပေကျင်းမြို့ရဲ့Forbidde City ကိုသွားမယ်နော် ပြီးရင်ပြန်ကြမယ် ပါးတို့ကနောက်ရက်ခရီးဆက်မှာဆိုတော့ မနက်ဖန်တစ်ရက်ပဲအချိန်ယူတာပေါ့"
"ပါးသားကလိမ်မာလိုက်တာနော်"
"ပါးရဲ့သားပဲလေ အဲ့လောက်တော့လိမ်မာတာပေါ့"
"တီတီတီ"
ဖုန်းလာတာမို့ ဝေ့ပါးကဖုန်းကိုင်လိုက်တယ် သားမိသုံးယောက်ကတော့ငြိမ်ပြီးနားထောင်နေဟန်
"ဟလို"
"အေး ပြန်လာတော့မှာလား"
"ငါ့တူကောပြန်လိုက်လာမှာလား"
"ကောင်းတာပေါ့ကွာ ပါးတို့မားတို့ဆီမှာပဲလား"
"အော် okok နောက်အပတ်မှဆိုတော့ ငါတို့ကတော့မရှိဘူးကွာ သားကိုလဲဂရုစိုက်လိုက်အုံး မင်းဆီမှာအပ်တယ်နော်"
"okok ဒါဆိုဒါပဲနော်"
ပါးကတော့ပြုံးပျော်နေတာပေါ့။ ပြီးမှ သူ့ကိုကြည့်နေတဲ့သားမိသုံးယောက်ဘက်ကိုလှည့်ကာ
"ကဲ နောက်အပတ်ဆို ပါးရဲ့ညီဂျပန်ကပြန်လာအုံးမယ်တဲ့ ပါးတို့မားတဲ့ဆီမှာပဲနေမယ်လို့ပြောတယ် သားသဘောကရော"
ဝေ့ပင်းကိုကြည့်ပြီးမေးလိုက်တော့
"ရပါတယ် ပါးရဲ့ညီပဲ ဒါမယ့်သားမကြိုက်တာတွေမလုပ်ဖို့ပြောထား ကျင်းကော် မင်းသွားအိပ်တော့"
"ဟုတ်"
ကျင်းကော်ထသွားတော့မှ
"ပီးတော့ ကျင်းကော်ကိုရောပဲ သူ့ကိုသားပဲအနိုင်ကျင့်မယ် ကျင်းကော်ကိုဦးလေးတို့သားဖအနိုင်ကျင့်လို့တော့မရဘူးနော် ပါး သားလက်မခံနိုင်ဘူး တကယ်ဆိုပါးညီဖြစ်နေလို့သာသားလက်ခံတာ သူတို့သားဖကသောက်ကျင့်ကောင်းတာမဟုတ်ဘူး"
"သား ဦးလေးကိုဘယ်လို့ပြောလိုက်တာလဲ မားဘယ်လိုသင်ထားတာလဲ"
"တော်ပါမားရာ မားလဲသိနေတာပဲ ဦးလေးတို့သားဖသောက်ကျင့်မကောင်းတာကို"
"တော်ပြီ ဝေ့ပင်းနားထောင်ကောင်းနေတယ်များထင်နေတာလား မင်းကိုအလိုလိုက်ထားတာ အကြီးကိုစော်ကားဖို့မဟုတ်ဘူး"
"ပါးးသားစော်ကားနေတာမဟုတ်ဘူး အရင်တုန်းကပါးနိုင်ငံခြားထွက်ပြီးမားနေခဲ့တုန်းက ကျင်းကော်ကိုလဲသူတို့အနိုင်ကျင့်တယ် သားမရှိခင်ပေါ့ ပြီးတော့"
"သားတော်ပြီ"
ဝေ့မားကထိတ်ထိတ်ပြာပြာနဲ့ဝင်တားလိုက်တယ်
"ဟာဗျာ"
အသက်ငယ်သလောက်ဒေါသကြီးသူပီပီစားပွဲခုံကိုဆောင့်ကန်ပြီးအပေါ်ထပ်တပ်သွားလိုက်တယ်။ နံရံရဲ့တခြားတစ်ဖက်မှာတော့ ကျင်းကော်လေးနားထောင်နေတာဘယ်သူမ မသိလိုက်ဘူး။
ဝေ့ပင်းပြောတာလဲဟုတ်နေတာပဲလေ ပါးအရင်တစ်ခေါက်ပြန်လာတုန်းက ဦးလေးသားဖပါပြန်ရောက်လာတာမို့ အိမ်မာပဲနေခိုင်းလိုက်တယ်။ နောက်ရက်ကျတော့ပါးကအရေးကြီးတာနဲ့ချက်ချင်းflightနဲ့ပြန်ရပြန်တော့ မားကိုထားခဲ့တယ်။ ပါးမရှိတဲ့တဲ့နှစ်ရက်ကလေးမှာ ကျင်းကော်ကိုအဝတ်လျှော်ခိုင်းလိုက်နှိပ်ခိုင်းလိုက်နဲ့ဟိုခိုင်းဒီခိုင်းခိုင်းရုံမကဘူး ဝေ့မားကိုပါအီစီကလီလုပ်သေးတယ်။ အစေခံမုမုကစကားဖွာသူမို့ ဝေ့ပင်းကိုပြန်တိုင်တယ် ဒါကြောင့်တခုခုဆိုသူ့ကိုဖုန်းဆက်ခိုင်းတာမို့ မားကိုအီစီကလီလုပ်တော့မုမုကဖုန်းဆက်ပြောတယ်။ ဒါကြောင့်သူရောက်သွားတော့ ဘာမှမဖြစ်သလိုပုံစံနဲ့။ မားကိုမေးတော့ မားကဘယ်သူ့မှမပြောဖို့ အဓိကကဝေ့ပါးကိုမပြောဖို့ သူလဲနစ်နာသွားတာမဟုတ်တဲ့အတွက် ပါးတို့ညီကိုနှစ်ယောက်အမုန်းမပွားစေဖို့ မားသူ့ကိုမပြောဖို့ကိုကတိတောင်းထားတာပါ။ မားကိစ္စကိုဝေ့ရင်းတော့မသိ (နောက်ပိုင်းမှသိရခြင်း) အဲ့နေ့ကကျောင်းဖွင့်တာမို့ ဥိးလေးကအခွင့်ကောင်းယူခြင်းပင်။
ဝေ့ရင်းဆိုတဲ့အကိုကသူ့ကိုသာအနိုင်ကျင့်တာ တခြားသူအနိုင်ကျင့်မှာတော့သူမလိုလားပေ။ ဘာကြောင့်လဲဆိုတာစဥ်းစားရခက်ပေမယ့် တချက်တချက်ဆိုသူ့အကိုဘယ်လောက်အနိုင်ကျင့်နေပါစေ သူငြိမ်ခံစမြဲပါ။ တစ်ချိန်ချိန်ကျရင်တော့ မပြောတတ်ဘူးပေါ့ လူပဲလေ စိတ်ပြောင်းတဲ့အခါတော့ရှိတယ်မလား။
မနက်လင်းပြီဆိုတာနဲ့ပေကျင်းရဲ့အထင်ကရနေရာဖြစ်တဲ့ Forbidden Cityကိုသွားကြတယ်။ သူဒီမှာလေ့လာချင်တာတွေရှိနေတာကြောင့် ဒီပေကျင်းကိုရွေးလိုက်ခြင်း။ အရင်နှစ်တွေကတည်းကသူဒီကိုလာဖို့စိတ်ကူးခဲ့တာ အခုတော့သူ့စိတ်ကူးတွေပြည့်ပြီမို့လား။ စာအုပ်လေးနဲ့ဘောပင်လေးကိုင်ရင်း ရှင်းပြပေးမယ့်သူတစ်ယောက်ငှားလိုက်တယ်။
ဒီForbidde Cityဟာဆိုရင် Ming ဘုရင်မင်းဆက်မှ Qingဘုရင်မင်းဆက်အထိ ၁၄၂၀ မှ ၁၉၁၂ ခုနှစ်အထိ အသုံးပြုခဲ့တဲ့ တရုတ်အင်ပါယာနန်းတော်ကြီးဖြစ်တယ်။ ပေကျင်းမြို့အလယ်ခေါင်မှာရှိပြီး ၁၉၂၅ ခုနှစ်ကစပြီး ပြတိုက်အနေနဲ့ရော တရုတ်အစိုးရရဲ့နိုင်ငံရေးဆိုင်ရာပွဲတော်ကျင်းပရာနေရာအဖြစ်ထားရှိတယ်။ အကျယ်အဝန်းက၁၈၀ဧကရှိပြီး အဆောက်အဦးပေါင်းက၉၈၀ ရှိတယ်။
YOU ARE READING
ဒါပေမယ့်ချစ်တယ်
RomanceIntro အခုမ ပထမဆုံးရေးဖူးတာဆိုတော့ အမှားတွေပါရင်လဲ နားလည်ပေးစေချင်ပါတယ် ကျန့်ကောမွေးနေ့အတွက်ရေးလိုက်တာဆိုပေမယ့် စိတ်ကူးခဲ့တာကတော့ ပေါတိမွေးနေ့တုန်းကပေါ့နော် ဒီficလေးထဲမှာဆိုရင် ကျန့်ကောဟာကားအက်စီးဒင့်နဲ့အတူအတိတ်မေ့သွားတဲ့သူအနေနဲ့ ပေါတိအိမ်ကိုရောက်ခဲ့...