Part 2 (uni+zawgyi)

438 15 3
                                    

ဒါပေမယ့်ချစ်တယ်

ကလေးကိုစပြီးသူလဲ အလုပ်ကိုသွားလိုက်တယ် အလုပ်ရောက်တယ်ဆိုရင်ပဲ ကိုယ်တော်တို့အပြောခံရပါပြီ
"သုံးရက်ကြီးတောင်ပျက်သွားတာပဲ ဘယ်တွေသွားပြီးဘာတွေလုပ်နေလဲမသိပါဘူး အလုပ်ရှင်ဆိုတော့လဲ ဘယ်သူမ မပြောရဲကြတော့ခက်သား"
ခနဲ့ပြီးပြောလာတဲ့ကျန်းချန်ကိုလဲ သူဂရုမစိုက်ပဲ laptopကိုသာဖွင့်နေလိုက်တယ်
"ဟျောင့်ငါပြောနေတာကောကြားရဲ့လား တနေကုန်နေလို့မစကားကောင်းကောင်းပြောခြင်းမခံရဘူး ငါဘယ်လိုများသူငယ်ချင်းတော်ထားမိမှန်းကိုမသိဘူး မင်းကိုယူမယ့်မိန်းမကတော့ငါမြင်ယောင်နေသေးတယ် ယူမယ့်သူကောရှိပါ့မလား"
"မိန်းမယူမယ်လို့မင်းကိုဘယ်သူပြောလဲ"
ကဲမိန်းမယူကြောင်းပြောတော့ကိုယ်တော်ချောကစကားပြောလာပြီ ကျန်းချန်လဲအံ့သြသွားတာပေါ့ မိန်းမမယူဘူးဆိုတော့
"ဟမ် ဟျောင့်မင်းတကယ်မိန်းမမယူဘူးလား ဒါဆိုယောက်ျားယူမလို့လားဟားဟားဟား"
ကျန်းချန်စနောက်ပြောပြီးရီနေလိုက်ပေမယ့်ပြောလာတဲ့စကားက
"ဟုတ်တယ်ငါအကောင်ပေါက်လေးကိုအရမ်းကိုသဘောကျနေမိပြီကျန်းချန် မင်းနှုတ်တော့လုံကွာ ကလေးပေါက်စဘက်ကသိပ်မသေချာသေးလို့"
အံ့သြရသူမှာကျန်းချန်ပင်။စကားကိုလေကုန်ခံပြီးမပြောတတ်တဲ့သူကဒီနေ့စကားတွေအများကြီးပြောနေပါလား အံ့သြရဆုံးကအကောင်ပေါက်လေးကိုသဘောကျနေတယ်တဲ့ ကျန်းချန်လဲတစ်ခုခုတွေးလိုက်သလိုလုပ်ပြီး
"ဟုတ်ပြီငါ့ကောင်ရေ ဒါဆိုမင်းငါ့မွေးနေ့ကျရင်မင်းအကောင်ပေါက်လေးနဲ့မိတ်ဆက်ပေးလေကွာနော် ငါကမင်းရဲ့တစ်ဦးထဲသောသူငယ်ချင်းဆိုတော့ မိတ်ဆက်ပေးကွာနော်"
ငြင်းနေရင်စကားများပြီးဂျီပူတိုက်နေမှာမို့ရိပေါ်လဲ
"ok ငါခေါ်ကြည့်မယ် ဘာလို့ဆို ငါ့ကလေးလေးကအပြင်လောကနဲ့မထိတွေ့ဖူးဘူး"
အံ့သြပြီးရင်းအံ့သြနေတဲ့ကျန်းချန်ကတော့ပါးစပ်အဟောင်းသား ဘယ်လိုလူကအပြင်လောကနဲ့မထိတွေ့ဖူးပဲနေမှာလဲ မွေးပြီဆိုတာနဲ့အပြင်လောကနဲ့ထိတွေ့ပြီလေ ဒီကောင်ဘာကောင်လဲကွာ သူပြောနေတဲ့အကောင်ပေါက်လေးကနတ်သားမို့လို့လားဘယ်လောကကလာတာမို့လို့လဲ တွေးပြီးရင်းတွေးနေတဲ့ကျန်းချန်လဲတံခါးအပြင်ကိုဘယ်လိုရောက်သွားမှန်းမသိတံခါးစောင့်ပိတ်လိုက်တော့မှသူ့ကိုရိပေါ်တွန်းပြီးအပြင်ကိုပို့ခြင်းခံလိုက်ရတာကိုသိလိုက်ခြင်းပင်။
"ဟ ဟျောင့်ပြောလို့မပြီးသေးဘူးလေ ဟျောင့်"
တံခါးကိုဆွဲဖွင့်ပေမယ့်လော့ခတ်ထားသောကြောင့်ဖွင့်မရခဲ့ အဲ့လိုမ မခတ်ရင်လဲ နားစည်ကွဲတဲ့ထိဘေးကနေပေါက်ပေါက်ဖောက်တော့မှာလေ
ညလဲ7:30နေပြီ သုံးရက်တောင်ပစ်ထားထားတာဆိုတော့ အလုပ်ကများနေသည်။သူလဲအိမ်ကကလေးလေးကိုလွမ်းလာတာကြောင့်အိမ်ကိုပြန်ဖို့ပြင်လိုက်တော့တယ်။အိမ်ရောက်တော့ သူ့ကလေးလေးကအိပ်နေတာနဲ့ပဲမနိုးတော့ပဲ သူ့အခန်းထဲဝင်ရေချိုးပြင်ဆင်ပြီးသူ့ကလေးလေးကိုလာနှိုးလိုက်တယ်
"ကလေးလေး ထတော့လေ ကိုကိုနဲ့ညစာစားရအောင် ထတော့ ထ"
"ဟွားးးအာ ကိုကိုပြန်ရောက်နေပြီလား သားစောင့်နေတာပဲမျက်လုံးလေးတွေကမှိတ်သွားတာ ဟီးးး"
"စကားတတ်လိုက်တာကွာ ကိုကို့ကလေးလေးက လာ အောက်ကိုထမင်းသွားစားကြမယ်နော်"
"ဟုတ်"
ကိုကို့စကားဆိုဘာဆိုဘာမငြင်းဆိုခြင်းမရှိတဲ့ကလေးလေးကိုသူပိုပြီးချစ်ရပါတယ်။ထမင်းစားပြီးအခန်းထဲပြန်ဝင်ကြတယ်။ရိပေါ်လဲကျန်နေသေးတဲ့အလုပ်တွေကိုဆက်လုပ်ဖို့ပြင်လိုက်ပြီးအပြီးသတ်နေလိုက်တယ် အခန်းတံခါးကိုတော့စေ့ရုံစေ့ထားလိုက်တယ်။ကလေးပေါက်စများလာချင်တစ်ခါထဲဝင်ရအောင်ဆိုပြီး။ထိုအချိန်
"အားးးးးးအမလေးလေးး"
"ကလေးလေးဘာဖြစ်တာလဲ"
အလန့်တကြားlaptopကိုပြစ်ချကာသူ့ကလေးလေးအခန်းဆီပြေးသွားတော့ ကုတင်ပေါ်မှာ လက်လေးနှစ်ဖက်နဲ့မျက်နှာကိုအုပ်ကာ ကြောက်နေတဲ့ကလေးလေး
"သရဲ အီးးးသရဲကြီး"
"အာ ကလေးလေးရယ် သရဲကားဘာလို့ကြည့်နေရတာလဲ ခုတော့ကြောက်နေရပြီ လာကိုကို့ဆီ"
ရိပေါ်လဲယုန်ပေါက်ကိုရင်ခွင်ထဲထည့်ကာသိမ်းဖက်ပေးထားပြီးကျောလေးကိုပွတ်ပေးနေတယ် ထိုအချိန်ကြောက်လို့ သုအပေါ်တက်ခွပြီးလည်ပင်းကိုသိုင်းကာတက်ထိုင်လာတဲ့ကလေးငယ်ကအရမ်းကိုကြောက်နေပြီးရင်ဘက်ကိုမျက်နှာအပ်ပြီး တရှုံ့ရှုံ့ငိုနေလေရဲ့။
ရိပေါ်မှာလဲသူ့ပေါ်ကအကောင်ပေါက်လေးကြောင့် သူ့စိတ်ကိုသူထိန်းနေရတယ် တကယ်ဆိုသူဒီကလေးကိုစိတ်ရှိလက်ရှိချစ်ပစ်လိုက်ချင်တာ
"ကလေးဘာမ မဖြစ်ဘူးလေ မကြောက်နဲ့နော်ကိုကိုရှိတယ်"
"ကိုကို သားနဲ့တူတူလာအိပ်နော်ကိုကို သားကြောက်လို့
"ဟုတ်ပါပြီကွာ အဆိုလဲ ကိုကိုlaptopသွားသိမ်းလိုက်အုံးမယ်နော်"
ရိပေါ်လဲပြောရင်းနဲ့သူ့အခန်းထဲကိုသွားမယ်အလုပ် သူ့အကျီကိုဆွဲထားလို့သွားမရဖြစ်နေတယ်
"ကိုကိုသားကိုပါခေါ်သွားလေ သားတစ်ယောက်ထဲမနေရဲလို့ သားကိုခေါ်သွားနော်"
"ကဲ ဒီအဆိုးလေးကတော့လေ လာသွားမယ်"
သွားမယ်ဆိုပြီးလက်ကလေးကိုဆွဲပြီးခေါ်ပြန်တော့
"ကိုကိုသားကိုချီလေ သားအောက်ဆင်းလိုက်လို့ သားကိုသရဲကဆွဲသွားရင်ဘလိုလုပ်မှာလဲ"
"ဟားဟားဟား ဒီကလေးကတော့လေ လာပါဗျာချီမယ်ချီမယ်"
သူ့မှာအကောင်ပေါက်ကိုချီပြီး ကလေးအခန်းကိုပိတ်လိုက်တယ် သူ့အခန်းထဲခေါ်သွားပြီးတစ်ညတာကိုဖြတ်သန်းလိုက်တယ် (ရိုးရိုးသားသားနော်)တည်ငြိမ်နေတဲ့သူ့ဘဝထဲကိုအကောင်ပေါက်လေးရောက်လာတဲ့နေ့ကစပြီး အရင်လိုမဟုတ်ပဲ စကားတွေလဲအများကြီးပြောလာတယ် ဖိမ်းဖိမ်းတို့ကိုလဲအရင်ကထက်ပိုပြီးစကားတွေပြောဖြစ်လာတယ် ဒီအခြေနေလေးဟာကြည့်နေရတဲ့ဖိမ်းဖိမ်းတို့အတွက်ကတော့လုံးဝပြောင်းလဲမှုကြီးဖြစ်နေတယ် ရိပေါ်ကတော့သတိမထားမိမယ်မထင်ဘူး သူဒီလိုတွေပြောင်းလဲလာတာကိုက အဓိကကသူ့ဘေးမှာကလေးရှိနေဖို့ပဲ ကျန်တာဘာကိုမဂရုမစိုက်ဘူးဆိုတဲ့သဘော
သူမနက်စောစောထပြီးmeetingရှိလို့သွားလိုက်ရတယ် သူ့ကလေးကိုနမ်းဖို့လဲမမေ့ဘူးပေါ့ အကောင်ပေါက်လေးကတော့အိပ်တုန်း
"ဖိမ်းဖိမ်း ငါmeetingရှိလို့သွားတော့မယ် ကလေးကိုအပြင်မထွက်စေနဲ့ ပြီးရင်ကလေးအနားပဲနေ ဂရုစိုက် လိုတာအကုန်လုပ်ပေးလိုက် ငါနေ့လည်ပြန်လာမယ်"
"ဟုကဲ့အကိုလေး"
သူလဲကလေးအတွက်မှာပေးပြီးအလုပ်ကိုထွက်လာလိုက်တယ်။
ကလေးပေါက်လဲနေမြင့်တော့နိုးလာတယ် သူ့ကိုကိုမရှိလို့မျက်နှာတောင်မသစ်ပဲအောက်ထပ်ဆင်းလာလိုက်တယ်။
"ကျဲ သားကိုကိုရော"
"သားကိုကိုကအလုပ်အစောသွားတယ်နေ့လည်ပြန်လာမယ်လို့ပြောခဲ့တယ်အပြင်မထွက်ရဘူးတဲ့"
"အော် ဟုလား အဆိုသားဇာတ်ကားကြည့်မယ်လေ ကျဲလဲလိုက်ကြည့်ရမယ်နော်"
"ဟုတ်ကဲ့ပါ အဆိုမနက်စာကော်ဖီနဲ့မုန့်လေးစားလိုက်အုံး ပြီးရင်ကျဲတို့ဇာတ်လမ်းတွဲကြည့်ကြတာပေါ့ အခုတော့မျက်နှာသစ်လိုက်အုံး"
"ဟုတ် ကျဲ"
မနက်စာစားပြီး သူတို့နှစ်ယောက်ဧည့်ခန်းမှာဇာတ်လမ်းကြည့်ဖို့ပြင်တယ် မုန့်တွေကောအရှေ့မှာစီနေတာပဲ။ဇာတ်လမ်းထဲမျောနေတော့အကိုလေးပြန်လာတာတောင်သူတို့မသိကြဘူး
"ဖိမ်းဖိမ်း နင်ဒီဇာတ်ကားတွေကြည့်နေပြန်ပြီလား"
ဖိမ်းဖိမ်းကြည့်နေတဲ့ဇာတ်ကားက The Untamed😉
"အမ် အကိုလေး ဟို ဟို"
"ဘာလဲတဟိုဟိုနဲ့လိုရင်းကိုမရောက်ဘူး"
ဖိမ်းဖိမ်းကတော့အငေါက်ခံနေရပါပြီ ဒါပေမယ်ဆိုဖာပေါ်မှာအိပ်ပြီးကြည့်နေတဲ့ကလေးကိုသူမမြင်သေးခင်ပေါ့
"ဟိုအကိုလေးကကြည့်မယ်ဆိုလို့ပါ အကိုလေးရဲ့"
"နင်ဘလိုတွေပြောနေတာလဲ ငါကဒီမှာအကိုလေးလေ"
"မဟုတ်ဘူးလေအကိုလေး" ဆိုပြီးလက်ညှိုးထိုးပြလိုက်တော့မှ တွေ့ပါပြီ သူ့ကလေးလေး ဟုတ်တာပဲလေ သူပဲယုန်လေးလို့မခေါ်နဲ့ပြောထားတာကို အဲ့တော့အကိုလေးဆိုတော့လဲ သူ့ကိုခေါ်တယ်ပဲထင်နေတာ ဒီကျားကြီးကတော့ဟွန့်
"ဟာ ကျဲကလဲဆူညံနေတာပဲဗျာကောင်းကောင်းကိုမကြည့်ရဘူး သားကိုအာလူးကြော်လေးထပ်ယူပေးပါအုံး ထပ်စားချင်သေးလို့"
"မရဘူး" ရိပေါ်ပြောလိုက်ခြင်းဖြစ်တယ်
"ဘာလို့မရရရရရ ဟီးးးကိုကိုပြန်ရောက်တာသားကိုမပြောဘူး ဟီးးး"
ကျဲထင်ပြီးဆူပုတ်ပုတ်နဲ့နှုတ်ခမ်းထော်ပြီးရန်တွေ့မယ့်သူက သူ့ကိုကိုလဲမြင်ရော ရုပ်ကတန်းပြောင်းသွားတာနော်
"မျက်နှာချိုသွေးနေတာဒီကလေးလေးက"
ရိပေါ်လည်းသုကလေးခေါင်းလေးကိုဖွပြီးပြောလိုက်တော့ ကလေးကလဲသူ့ကိုကိုပေါ့အတင်းတက်ပြီးချွဲတော့တာပဲ သူအာလူးကြော်စားချင်သေးတာကိုးးး
"ကိုကို သားဒီတစ်ခုပဲစားမှာလေ ကိုကိုရဲ့နော် သားကိုကျွေးပါနော်"
"ဟုတ်ပါပြီကွာ အဆိုကိုကိုပြောတာနားထောင်မှာလားပြော"
"ဟုတ် သားနားထောင်မယ်"
"အဆို ဖိမ်းဖိမ်းကလေးလေးအတွက်သွားယူပေးအုံးအအေးပါဖျော်ခဲ့လိုက်"
"ဟုတ်အကိုလေး"
ဖိမ်းဖိမ်းထွက်သွားတော့မ ရိပေါ်သူ့ကလေးလေးကိုကြည့်ကာ
"ကိုကို့စကားတကယ်နားထောင်ရမှာနော် ကလေးလေး"
"ဟုကဲ့ပါကိုကိုရဲ့ဘာလဲဆိုတာသာပြောဒီကလေးလေးကအကုန်နားထောင်မှာပါနော် ဟီးဟီး"
"ဟုတ်ပြီကွာ ဒါဆိုကလေးလေးညကျရင်ကိုကိုနဲ့ပါတီတစ်ခုလိုက်ပေး ရတယ်မလား ကလေးလေးကိုအပြင်တစ်ခါမ မပို့ရသေးလို့လေ နော် လိုက်မယ်မို့လား"
"ယေးး ပါတီလိုက်ရမယ် ဟုတ်လား ဟီးးလိုက်မယ်လိုက်မယ်"
"ok ဒါဆိုကိုကို့ကလေးလေး ဒီအပိုင်းကြည့်ပြီးရင် နားရမယ်နော် ညကျအိပ်ရေးပျက်မှာဆိုးလို့"
"ဟုတ် ကိုကို"
part2လေးကတော့ဒီမှာနားမယ်နော် voteလေးတွေပေးခဲ့ကြနော် တတ်နိုင်သလောက်မြန်မြန်လေးကြိုးစားပြီးတင်ပေးပါမယ် အိုက်နီ😍

ဒါပေမယ့်ချစ်တယ်Where stories live. Discover now