"မမ ဒီမှာ အကောင်ကြီးနာတယ်..အား.....''
နာအွန်းလေးရဲ့ စူးဝါးတဲ့ အော်သံကို ကြားတော့ လီဆာလဲ လက်ထဲက စတော်ဘယ်ရီ ခြင်းကို ချပြီးအမြန်ပြးလာခဲ့တယ်
"နာအွန်း နာအွန်းလေးဘာဖြစ်တာလဲ နာအွန်းလေးမငိုနဲ့နော် မမရှိ''
လီဆာက လဲနေတဲ့ နာအွန်းလေးကို ပွေ့ချီပြီး ပြောနေတဲ့ စကားတောင်မဆုံးလိုက်ရသေးပါဘူး မြွေတစ်ကောင်ကို မြင်တာနဲ့ နာအွန်းလေးကို ပွေ့ချီပြီး ကျေးလက်ဆေးခန်းလေးကို အမြန်ပြေးသွားခဲ့တယ်
"Doctor လုပ်ပါဦး နာအွန်းလေး မြွေကိုက်ခံလိုက်ရတယ်''ဆရာကလဲ ကျေးရွာထဲမှာက လူသူနည်းပါးတာရော ကလေးမှန်သမျှနဲ့ အကုနမသိတာကြောင့် နာအွန်းလေးကိုမြင်ပြီး အလွန် စိုးရိမ်သွားတယ် ပြီးတော့ ကလေးကိုချီပြီးမွေ့ကိုက်ခံထားတဲ့ ခြေထောက်ကို သေချာကြည့်ပြီး
"လီဆာ နာအွန်းလေးကိုကိုက်သွားတဲ့ မြွေက တောမြွေဆိုတော့ အဆပ်တအားပြင်းတယ် မနေ့က ဒေါက်တာ ရှာလာတဲ့ ဆေးခြောက်နဲ့တော့ နည်းနည်းအဆိပ်လျှော့သွားတယ် ဒါမဲ့ ဒီမြွေရဲ့ အဆိပ်က နောက်တစ်ပတ်နေရင် ပိုဆိုးလာလိမ့်မယ် လီဆာသမီး သမီးညီမလေးကို မြို့နေဆေးခန်းသွားပို့မှရမယ် ဆရာ ဘူဆန်မြို့က ဆရာနဲ့ အဆက်အသွယ်ချိတ်ပေးထားပါမယ်''"ဟုတ် ဟုတ်ကဲ့ ဆရာ ဘယ် ဘယ်နေ့သွားရမလဲ''
လီဆာမှာလဲ နာအွန်းလေးကို စိတ်ပူနေတဲ့ဇောနဲ့ ချွေးတွေပြန်ပြီး ဆရာတောင်မပြီတော့ဘူးကွယ်
"လီဆာ စိတ်လေးတော့လျှော့ပါဦး ဒေါက်တာကတော့ ဒီညနေပဲ သွားစေချင်တယ် အချိန်မီမှ အဆင်ပြေမယ်
"ဟုတ်ကဲ့ဆရာ '''
"မြို့တက်မဲ့ကားတွေက မရှိတော့ ဒေါက်တာ့ညီမကို ပဲ လီဆာတို့ပို လိုက်ပို့ခိုင်းလိုက်ပါ့မယ် အိမ်မှာ ပြင်ဆင်စရာရှိတာတွေပြင်လိုက်တော့ နော် သွားသွား နာအွန်းလေးကို ဒီမှာခဏထားခဲ့ လေကွယ်''"ဟုတ် ကျေးဇူးပါ ဒေါက်တာ''
လီဆာလဲ ကျေးဇူးတင်စကားပြောပြီး အိမ်ကိုအမြန်ပြေးလာခဲ့တယ် အဝတ်အစားတွေထည့်ပြီးလို့ ထွက်သွားခါနီးမှာပဲ ဘန့်ကိုမြင်တော့
"ဟာ ဘန် မမနဲ့လိုက်ခဲ့နေိာ မမမင်းရဲ့ အဝတ်တွေသွားထည့်ရဦးမယ်''
"ဟုတ်မမ''
ခဏနေတော့ ဘန့်ကိုစက်ဘီလေးနဲ့တင်ပြီး ဆေးခန်းပိုထွက်လာခဲ့တယ် ပတ်ဝန်းကျင်က အိမ်တွေက သူ့တို့ ကြည့်နေကြပြီး
"အယ် လီဆာတို့ဘယ်သွားကြတာပါလိမ့် စိတ်ပူလိုက်တာ''
လီဆာ ဘယ်သူ့ကိုမှ ပြောချိန်မရှိဘဲ ထွက်လာခဲ့တာမို့ သူသွားတာ ဘယ်သူမှမသိခဲ့ဘူးလေ
"လီဆာတို့ရောက်ပြီလား နာအွန်းလေးတော့ နိုးနေပြီနှစ်ရက် သုံးရက်လောက်တေည့ သူနေရတာအဆင်ပြေလိမ့်မယိ မတည့်တာတော့မရှိဘူးပေါ့ ဒါဒေါက်တာမှာချင်တာအကုန်ပဲ မေ့လို့ နာအွန်း လေးက တောမြွေဆိုတော့ ဖက်ထုပ်နဲ့မတည့်ဘူးနော် ကဲကဲ သွားတော့ကွယ်''
"ဟူတ်ကဲ့ဆရာ လာဘန်သွားမယ်''လီဆာတို့ ရွာကနေထွက်လာတော့ ဘန်ရောနာအွန်းလေးရော အိပ်နေကြပြီ ညနေကလည်းမှောင်ရီစပြုနေပြီလေ
"ညီမလေး လီဆာ အိပ်ချင်ရင်အိပ်နေပါ ကလေးတွက်လည်းစိတ်မပူပါနဲ့ အမ မှီအောင်မောင်းနိုင်ပါတယ်''""ဟုတ်ကဲ့ အမဂျီ''
**************
"ဂျန်းနီရေ သန်ဘက်ခါကြ နေကြာခင်းတွေရှိတဲ့ တောင်ကုန်းပေါ်က စေတီလေးကို သွားမို့လိုက်ဦးမလား''
"အွန်း လိုက်ခဲ့မယ်လေ မမဆူးရဲ့