Part 6

684 36 0
                                    


    ရှောင်းကျန့်တစ်ယောက် အိမ်မှာစားစရာတွေ ချက်ပြုတ်နေ၏

ကျန်းချန် " ဟာ မွှေးနေတာပဲကွာ "

ကျန်းချန်အလုပ်ကပြန်လာလာချင်း ရလိုက်တဲ့ အနံ့ကြောင့် မီးဖိုခန်းဆီအပြေးလာလိုက်သည်

ကျန်းချန် " ဘာတွေချက်နေတာတုန်း ကျန့်ကျန့် "

ရှောင်းကျန့် " မေးမနေနဲ့ ရေသွားချိုးတော့ ပြီးရင်ညစာစားကြမယ် "

ကျန်းချန် " ok လေ"

ကျန်းချန်လည်းရေခ်ျုးပြီးရော ကျန့်ကျန့်လည်းအားလုံးပြင်ဆင်လို့ပြီးနေ၏

ကျန်းချန်တစ်ယောက် စားပွဲခုံမှာရှိတဲ့ များပြားလှတဲ့ဟင်းအမယ်တွေကိုကြည့်ရင်း ဝင်ထိုင်လိုက်၏

ကျန်းချန် " ဘာနေ့မလို့လည်း ဒီလောက်ချက်ပြုတ်ထားတာ "

ရှောင်းကျန့် " ဘာနေ့ရမှာလည်းကွ ဒီနေ့ငါ့၄အုပ်မြောက်လုံးချင်းပုံကြမ်းထွက်မယ့်နေ့လေ ပြီးတော့ငါငွေလည်းအများကြီးပိုရလာတယ် "

ကျန်းချန် " sorry ကျန့်ကျန့် ငါလည်းဒီရက်ပိုင်းအလုပ်တွေပိနေလို့ မင်းကိုဂရုမစိုက်သလိုဖြစ်သွားတယ် "

ရှောင်းကျန့် " ရပါတယ် ငါလည်းဒီစာရေးနေတဲ့ကာလပတ်လုံး မင်းနဲ့အတူသန့်ရှင်းရေးမလုပ်ပေးဖြစ်ဘူးလေ ဒါ့ကြောင့် အခုလိုညစာလေးပြင်ပေးတာပဲ စားနော်အားရပါးရ "

ကျန်းချန် " စိတ်ချ ငါ့ကျန့်ကျန့်လက်ရာ ငါအကြိုက်ဆုံးပဲ "

ရှောင်းကျန့် "ဟီး😁 အင်းစား"

ကျန့်ကျန့်ဟင်းတွေခပ်ကာကျန်းချန် ပန်းကန်ထဲထည့်ပေးလိုက်၏

ကျန်းချန် " အော် ဒါနဲ့ကျန့်ကျန့် "

စားနေရင်းမေးလာတဲ့ကျန်းချန်စကားကို စားနေရင်းပဲ ကျန့်ကျန့်ပြန်ဖြေလိုက်၏

ရှောင်းကျန့် " ပြောလေ "

ကျန်းချန် " မင်းစာအုပ်ပုံကြမ်းထုတ်ရင် ငါ့ကိုပေးအုံးနော် ရုံးကဟာတွေကလည်း အသစ်ထွက်မယ့်စာအုပ်အကြောင်းပဲ ပြောပြောနေကြတာနားညီးလွန်းလို့ ဒါ့ကြောင့်ငါကသူတို့မဖတ်ရသေးခင် ဖတ်ချင်လို့ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now