Part 22

584 29 0
                                    


  
    ရှောင်းကျန့် တို့ဒီနေ့တော့ ရွာကသီးနှံတွေ ဟိုင်းကြီးမြို့ပေါ်မှာ သွားရောင်းမည်ဆိုတာကြောင့် သူတို့ပါလမ်းကြုံလိုက်သွားလိုက်ပါ၏

မြို့ပြပေါ်မှာလို aircon နဲ့သက်သောင့်သက်သာစီးရတာမျိုးမဟုတ်ဘဲ ဖုံထူထူ ချိုင့်ခွက်များများလမ်းပေါ် ထော်လာဂျီမောင်းနှင်တာကို စီးရတာကြောင့်

အမေရေ ကယ်ပါအုံးလို့ထမိတဲ့ မြို့သားလေးတွေပါ

ဦးစိုင်းလုံလည်း သူ့စိုက်ခင်းကပဲတွေ သီးနှံတွေကို မြို့စျေးမှာရောင်းချုပြီးလို့ သူတို့ဆိုင်တစ်ဆိုင်မှာဝင်ထိုင်လိုက်ပါ၏

လက်ဖက်ရည်ဆိုင်တစ်ခုမှာထိုင်ရင်း စကားစမြည်ပြောလိုက်ကြသည်

ဦးစိုင်းလုံလုံ " ငါ့တူတို့လည်း ဦးလေးတို့ရွာမှာနေရတာပျင်းနေရှာမှာပေါ့ အခုဦးလေးရဲ့စိုက်ခင်းကလည်းရောင်းထွက်ကုန်ပြီဆိုတော့ ငါ့တူတို့ကို ဘုရားဖူးတော့လိုက်ပို့ချင်ရဲ့ "

.
ရှောင်းကျန့် " ဘုရားဖူးဟုတ်လား ဦးစိုင်း "

ဦးစိုင်းလုံလုံ " ဟုတ်ပါ့ ဒီမြို့ကနေ ကားစီးပြီးသွားရင် တစ်နာရီပတ်ဝန်းလောက်ဆို မော်တင်ကိုရောက်ပြီလေ အဲ့မှာဆံတော်ရှင်မြတ်မော်တင်ဘုရားကြီးကို ဖူးမြော်လို့ရတယ် "

ကျန်းချန် " ဟာ ကျွန်တော်တို့လည်းရောက်ဖူးချင်နေတာဗျ "

ဦးစိုင်းလုံလုံ " ဒါဆို ဒီတပေါင်းလပြည့်နေ့ကျရင် အာရုဏ်မတက်ခင် ဦးတို့သွားကြတာပေါ့ "

ရှောင်းကျန့် " ကျေးဇူးပါဗျ😊"

အခုက တပေါင်းလဆန်း ၁၃ရက်ဆိုတော့ နောက်၂ရက်နေရင် သွားရတော့မည်လေ

ဘာပဲဖြစ်ဖြစ် သူတို့ဒီရွာလေးကိုလာခဲ့ရတာ တကယ်ပဲပျော်ခဲ့ရတယ်မဟုတ်လား

.

.

.

အရောင်းဌာနမှာ fujoshi တစ်စု
ခေါင်းချင်းဆိုင်ပြီး ဖုန်းကိုနားထောင်နေုကြ၏

မိုးသန္တာဝင်း " အကိုကျန့်ရော ခေါင်းဆောင်ရောနေကောင်းကြရဲ့လား "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now