.
ကျန်းချန် တစ်ယောက်အားနေတဲ့အချိန်အတွင်း ကျန့်ကျန့်ပေးခဲ့တဲ့စာအုပ်လေးကို ဖတ်နေလိုက်၏.
နေ့လည်စာ သွားစားတဲ့ bossက ကိုယ်တိုင်များchef ဝင်လုပ်နေသလား အောက်မေ့ရသည်အထိကို ကြာနေပါသည်
.ကျန်းချန်လည်း စာရင်းဇယားအသစ်တွေကို စစ်ပြီးလို့အားတဲ့အချိန်ကိုအကျိုးရှိရှိအသုံးချပစ်လိုက်တာပေါ့
.ကျန်တဲ့နေရာမှာသာ အပြင်းထူတတ်တဲ့ငပျင်းလေးက အလုံးပေါင်းများစွာရှိတဲ့ စာကိုတော့လက်ညောင်းတယ်လို့တစ်ချက်မျှမညည်းဘဲ ရေးခဲ့တယ်မဟုလား
.
" ချစ်ခြင်းကဖန်ဆင်းတဲ့ နှလုံးသားလိပ်ပြာငယ်"ဆိုတဲ့ ကျန့်ကျန့်ရဲ့လက်ရာလေးက တကယ်ကိုပဲထမင်းမေ့ဟင်းမေ့ဖြစ်အောင်ကို ဆွဲဆောင်လွန်းနေ၏
ကျန်းချန် ဝတ္ထုထဲစိတ်ရောက်နေပြီး boss ပြန်ရောက်လာတာကိုပင်သတိမထားမိ
ရိပေါ် " ကျန်းချန် "
.ကျန်းချန် " မြတ်စွာဘုရား 😳 ဟင် boss ပြန်ရောက်ပြီလား "
.ရိပေါ် " ဒါအလုပ်ချိန်နော် သွားprotect အသစ်အတွက် Meeting စီစဉ်လိုက် "
.ကျန်းချန် " ဟုတ်ကဲ့ပါ boss "
.ကျန်းချန် လက်ထဲကစာအုပ်လေးကို ချပြီး bossခိုင်းတာကို အရင်လုပ်လိုက်၏
မဟုတ်ရင် ဘာဖြစ်မယ်မှန်းမခန့်မှန်းတတ်
.
.
ကျန်းချန် ထွက်သွားမှရိပေါ်လည်း ခုံမှာပြန်ထိုင်ရင်း laptop တစ်လုံးနဲ့အလုပ်ရှုပ်နေပါတော့သည်အညောင်းပြေအညာပြေ လက်ကလေးဆန့်ရင်း မျက်စိရှေ့မှာရောက်လာတဲ့ စာအုပ်လေး
.ဘာရယ်မဟုတ်စာအုပ် နာမည်လေးကိုနှုတ်မှခပ်ဖွဖွရေရွတ်မိလိုက်၏
" ဝေ့ရင်း"
စာရေးသူနာမည်က ဝေ့ရင်းတဲ့လား
အလုပ်ထဲမှာပဲနစ်မြုပ်ထားတဲ့ ကိုယ့်အဖို့ အပြင်းပျေဖတ်ဝတ္ထုဆိုတာ ဘယ်နေမှန်းမသိခဲ့တာကြာပေါ့
.အထူးသဖြင့် အခုလက်ရှိနာမည်ကြီးနေတဲ့ သူတွေဆိုပိုဆိုးသည်
YOU ARE READING
ထူးထူးဆန်းဆန်း ချစ်ဖူးစာ
FanfictionBL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး