.... ကျန့်ကျန့်တစ်ယောက် အိမ်မှာပြင်းနေတာနဲ့ပဲ သီချင်းလေးဖွင့်ပြီး လိုက်ညီးကာ အိမ်သန့်ရှင်းရေးလုပ်နေ၏
.
🎤🎼 စိတ်တွေ မင်းဘက်ယိမ်းနေတယ် အဆင့်ကျော်ဖို့အတွက်တော့ မလုံမလည်းငါမင်းရှေ့ရောက်ရင် ယုန်ကလေးဖြစ်သွားတယ်🐰
နင်ရဲ့အကျဉ်းသားတစ်ယောက်လိုပဲ အချစ်မှာရုန်းမရညိတွယ်ခဲ့
အမှန်တိုင်းပြောရရင် သူငယ်ချင်းဘဝနဲ့မရောင်ရဲ
မနေနိုင်အောင် ငါ့ရဲ့ဘက်ကချစ်နေပြီ
မင်းလေးကတော့ တစ်ချက်မှမသိ မျက်လွှာလေးကိုချပြီး မင်းကြည့်တဲ့အကြည့်လေးတွေ
ငါရဲ့...🎤
.ရှောင်းကျန့် " မြတ်စွာဘုရား ဝမ်ရိပေါ်နဲ့ငါနဲ့ညား"
ကျန့်ကျန့်တစ်ယောက် ဂေါ်ပြားအရှည်ကိုမိုက်လုပ်ပြီး အဆုကောင်းနေတုန်း နောက်မှာရောက်နေတဲ့ ကျန်းချန်ကိုတွေ့ပြီး လန့်ကာယောင်သွားရခြင်း
.
ကျန်းချန် " ဟားဟား ငကျန့်မင်းခုနက ဘယ်လိုယောင်လိုက်တာ ဘာတဲ့ဝမ်ရိပေါ်နဲ့ အွန့်လွှတ်"
ကျန်းချန်စကားဆက်မပြောနိုင်အောင် လက်နဲ့ပါးစပ်ကိုလှမ်းပိတ်လိုက်တဲ့ကျန့်ကျန့်ပါ
ရှောင်းကျန့် " ကျန်းချန်နော် ငါကသူ့ကိုကြည့်မရတာနဲ့စိတ်ထဲစွဲသွားလို့ အဲ့လိုပြောမိတာ မစနဲ့"
ကျန်းချန်လည်း အခုမှလေဝဝရှူ ရလို့ရန်ပြန်မတွေ့နိုင်
ကျန်းချန် " ငါကစတာပါကွာ မင်းကဘာတွေနာနေတာလည်း "
.
ရှောင်းကျန့် " မနာပါဘူး ဘယ်သူကနာလို့လည်း ".ပြောင်လိမ်လိုက်တဲ့ ကျန့်ကျန့်ကိုကြည့်ရင်း ကျန်းချန်ခိုးရီမိ၏
.
ကျန်းချန် " ငါတိူ့ကျန့်ကျန့်လေးက လိမ္မာလိုက်တာကွာ အိမ်သန့်ရှင်းရေးတွေဘာတွေလုပ်လို့ "ဆိုဖာမှာဝင်ထိုင်ရင်းပြောလိုက်တဲ့ ကျန်းချန်အပြောကို တံမြက်စည်းနဲ့ဂေါ်ပြားကိုနေရာတကျပြန်ထားရင်း ကျန့်ကျန့် ဖြေပေးလိုက်သည်
YOU ARE READING
ထူးထူးဆန်းဆန်း ချစ်ဖူးစာ
FanfictionBL စာရေးဆရာလေးXZနဲ့ LGBTလက်မခံသူလေးWYBတို့ကြားက အချစ်ချိုချိုလေး