(၃)

397 57 8
                                    

" အဖြူနဲ့ပိုလိုက်တာ "

" ခရမ်းနုလေးကပိုလှတာပါဆို "

မနက်ခင်းရဲ့နေရောင်ခြည်နုနုအောက်တွင် ငြင်းခုံနေကြသည့်လူနှစ်ဦး။ သူတို့ဘာကိုအသည်းအသန်ငြင်းနေကြတာလဲဆိုရင်ဖြင့်။ အဖြစ်ကဒီလို။

အရောင်လွင့်နေပြီဖြစ်တဲ့ခြံစည်းရိုးကို ဆေးသုတ်ဖို့အတွက် မေမေကဂျောင်ဝန်းတို့အားတာဝန်ပေးခဲ့ပါသည်။ အိမ်မှာလည်းဆေးပုံးကနှစ်ပုံးရှိနေပြီး အရောင်မတူသည့်အတွက် မည်သည့်အရောင်ကိုသုတ်ရမလဲဆိုသည်ကိုစဉ်းစားရင်းမှ ဤအငြင်းပွားခြင်းဖြစ်စဉ်ကစတင်ခဲ့သည်။

အဖြူရောင်ကိုပိုသဘောကျတာမို့ အဖြူလေးသုတ်မယ်လို့ပြောနေတဲ့ဆောနူနဲ့ ခရမ်းနုလေးကပိုလှတယ်ဆိုပြီးခရမ်းနုကိုပဲရွေးချယ်ထားတဲ့ဂျောင်ဝန်း။

အငြင်းပွားနေတာနာရီဝက်လောက်ကြာသည့်တိုင် အခုထိလုပ်ငန်းကိုမစရသေးတဲ့နှစ်ယောက်သားအား မေမေသာမြင်ရင်တော့ဆူတော့မည်ဖြစ်သည်။ ဒါပေမဲ့လည်း တစ်ဦး၊တစ်ယောက်ကမှအလျှော့မပေးသေးတဲ့အတွက် ဒီကိစ္စဟာပြီးဆုံးသွားဖို့လမ်းမမြင်သေး။

" ယန်းဂျောင်ဝန်း ငါပြောနေတယ်နော်။ အဖြူနဲ့ကပိုလှတာ။ မေမေစိုက်ထားတဲ့ပန်းတွေနဲ့ဆိုအဖြူလေးကရှင်းပြီး ပိုပြီးလိုက်ဖက်နေတာ အသိသာကြီးကို "

" မဟုတ်ဘူးလို့။ သေချာကြည့် ဒီခရမ်းနုလေးသာဆို ပန်းပင်ကအပွင့်တွေကထင်းပြီး ပိုလှမှာအသေအချာပဲ "

" မင်းတကယ်ပဲဒီလိုလုပ်နေမှာလား။ ဒါသက်သက်ငါ့ကိုလိုက်နှောင့်ယှက်တာပဲ ယန်းဂျောင်ဝန်း "

" ဒီမှာ ဂင်မ်ဆောနူခင်ဗျ။ ကျွန်တော်ကလိုက်နှောင့်ယှက်တာမဟုတ်ပဲ အဲ့ဘက်ကလိုက်နှောင့်ယှက်တာပါဆို။ ပြောရကြေးဆို ကျွန်တော့်မေမေခိုင်းတဲ့အလုပ်လည်းဖြစ်ပြီး ကျွန်တော့်အိမ်လေ။ အဲ့တော့ဆုံးဖြတ်ပိုင်ခွင့်ကကျွန်တော့်မှာပဲရှိတယ် "

ပြောရတဲ့စကားတွေကပိုများလာပြီး တစ်ဦးချင်းခံစားချက်တွေပိုပြင်းထန်လာသည့်အခါ ထိုင်ရာမှထပြီး အချက်အလက်ကျကျပြောဆိုရသည်အထိဖြစ်လာသည်။

𝑰𝒕'𝒔 𝒚𝒐𝒖Where stories live. Discover now