unicode
မနက်ခင်းတွင်
asahi - ya.. ထကြတော့ ။
junkyu - ဘာလဲဟာ.. ဆိုင်ပိတ်ရက်မှာတော့လာမနှိုးနဲ့လေဟာ ။
ပြောပြီး သူ့ဘေးက mashiho ကိုခွကာပြန်အိပ်သွားတဲ့ junkyu ။
asahi - အမယ် ပြန်တောင်အိပ်လိုက်သေးတယ်ပေါ့ တွေ့မယ် ။
asahi လည်းအခန်းထဲကထွက်သွားပြီးခဏအကြာပြန်ဝင်လာတယ် ။
asahi - မနက်နေဖင်ထိုးနေပြီ! ထကြတော့!!! ။
လော်ကိုလက်မှာကိုင်ကာပါးစပ်တေ့ပြီးအော်လိုက်တာကြောင်ကျယ်လောင်စွာအသံထွက်လာတယ် ။
junkyu - အမလေး ... ruru နဲ့ ငါနဲ့ညား ကလေး ၁၀ ယောက်ဖွား ။
mashiho - hoonie နဲ့ ငါနဲ့ညား ကလေး ၁၀၀ ဖွား ။
junkyu - ဟမ်! mamo နင်ကကလေး ၁၀၀ မွေးနိုင်လို့လား ငါတောင် ၁၀ ယောက်နဲ့တင်ပင်ပန်းနေပြီ ။
mashiho - နင်ကကလေး ၁၀ ယောက်ဘယ်တုန်းကမွေးလိုက်တာလဲ ဘယ်သူနဲ့လဲ ။
junkyu - ruru နဲ့လေ ။
mashiho - ya.. ruru က ကလေးအရွယ်ပဲရှိသေးတာလေ နင့်ကိုဘယ်ဘယ်လိုစွမ်းဆောင်လိုက်တာလဲ ။
junkyu - ကလေးဆိုပေမဲ့လည်း ruru က ကျားပဲလေအဲ့တော့.. ဟမ်! ! မဟုတ်သေးပါဘူး နင်ဘာတွေလာမေးနေတာလဲ mamo ။
mashiho - ဪ အေးဟုတ်သားပဲ ငါဘာတွေလျှောက်မေးနေပါလိမ့် ။
အိပ်ချင်မူးတူနဲ့ပြောချင်ရာတွေပြောပြီး အခုမှသူတို့စကားဘယ်ရောက်နေလဲသိတဲ့နှစ်ယောက်ကို asahi လည်းစိတ်ပျက်နေပါပြီ ။
asahi - ဘာတွေပြောနေကြတာလဲ! သွား! မျက်နှာသွားသစ်ကြတော့! နင်တို့ကို breakfast စားဖို့အကုန်စောင့်နေကြတယ်! ။
ထပ်မံ လော်နဲ့ ထပ်အော်လာတဲ့ asahi ကြောင့် junkyu နဲ့ mashiho လည်း နားအုပ်ကာရေချိုးခန်းသို့ပြေးကြတယ် ။
mashiho - ဟုတ်ပါပြီ hikun ရယ် ။
junkyu - မအော်ပါနဲ့တော့ ငါနားကန်းတော့မယ် ။
breakfast စားပွဲတွင်လည်း
doyoung - ဘာလဲ အဲ့တာ hikun အသံမလား ။
jaehyuk - ကြည့်ရတာ hikun သောင်းကျန်းနေပြီထင်တယ် ။
hyunsuk - hikun ကအဲ့နှစ်ယောက်ကိုနှိုးရတိုင်းအဲ့လိုကြီးပဲ ။
YOU ARE READING
LOVE GAME ( အချစ်ကစားပွဲ ) uni,zawgyi
Fanfictionမိသားစုရဲ့ရှုပ်ထွေးနေတဲ့ ဂိမ်းကစားပွဲ ။ တရားမျှတမှုမရှိစွာပေးဆပ်ခဲ့ရတဲ့မိဘတွေအတွက် ကောင်လေး ၁၂ ယောက်က ဘယ်လိုပြန်ပြီးအမှန်တရားပြန်ရှာဖွေပေးမလဲ ။ ချစ်မိလို့မဖြစ်တဲ့သူတွေကိုမှချစ်မိသွားတဲ့ ကောင်လေးတွေ စွန့်လွှတ်မလား ၊ ရင်ဆိုင်မလား ။ စိတ်ဝင်စားဖွယ်ဖတ်ရမ...