9

101 10 2
                                    

unicode

doyoung - mamo နင်ဘာလုပ်မလို့လဲ ။

mashiho - dobby ကလည်းငါကတစ်ယောက်တည်းမလာရဲလို့လေဟယ် ။

ဖြစ်ပုံက junkyu ကမနေ့က ဟန်မြစ်သွားပြီအပြန်လာမှာ haruto ဆိုတဲ့ ကောင်လေးနဲ့ အဆင်​ပြေသွားကြောင်းပြောပြတယ် ။ အဲ့တာကို mamo ကသူလည်း cafe ဆိုင်ပိုင်ရှင်နဲ့အဆင်ပြေချင်လို့ဆိုပြီးသူလည်းတောင်းပန်ဖို့လုပ်တယ် ။ ပြသနာက သူက doyoung ကိုပါသူနဲ့လိုက်ခဲ့ခိုင်းနေတယ် ။ အကယ်လို့ cafe ဆိုင်ပိုင်ရှင်ကမကျေနပ်ဘဲပြသနာရှာမှာကြောက်လို့ဆိုပြီး doyoung ကိုအတင်းလိုက်ခိုင်းခဲ့တာဖြစ်တယ် ။

doyoung - အေးဟာ.. အေး.. အဲ့ဆိုလည်း ဆိုင်ထဲဝင်ကြမယ်လေ ။

doyoung တို့လည်းဆိုင်ထဲဝင်သွားကြတယ် ။

yoshi - ya.. park jihoon ဟိုကောင်လေးမလား အဲ့တာ ထပ်ပြီးတော့ ပြသနာရှာမလို့လားမသိဘူးကွာ ။

jihoon -  yoshi ကလည်း သူ့ကြည့်ရတာအဲ့လိုမဟုတ်လောက်ပါဘူး ။

yoshi - ငါတော့ရင်တွေပူနေပြီနော် ။

jihoon - အဲ့လောက်ဖြစ်နေလည်း မင်းကသူ့ဘေးကကောင်လေးကိုပဲတာဝန်ယူလိုက် အဲ့ဟာလေးကိုငါထိန်းလိုက်မယ် ။

yoshi - အေး ။

အဲ့နောက်သူတို့နားကိုကောင်လေးနှစ်ယောက်ရောက်လာတယ် ။

doyoung - ဟို ကျွန်တော်တို့ဟိုဘက်ဝိုင်းလေးမှာစကားသွားပြောကြမလား ။

ဆိုကာ yoshi ကိုကြည့်ပြီးမေးလာတယ် ။

yoshi - အင်း ။

တကယ်က mashiho ကသူပြောလိုက်တဲ့သူဘေးကလူကိုတောက်လျှောက်ကြည့်နေတာမလို့ mashiho ကအဲ့လူကို တောင်းပန်ချင်နေမှန်းသိတာမလို့ doyoung က mashiho လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင်တမင် yoshi ကိုဆွဲထုတ်လာတာဖြစ်တယ် ။
yoshi တို့နှစ်ယောကိ ထွက်သွားတော့ jihoon နဲ့ mashiho နှစ်ယောက်ပဲကျန်ခဲ့တယ် ။

mashiho - ကျွန်တော်တို့လည်းထိုင်ပြီးစကားပြောကြမလား ။

jihoon - အင်း ။

mashiho နဲ့ jihoon ကဆိုင်ပြင်ကစားပွဲမှာသွားထိုင်ကြတယ် ။ အဲ့နေရာကလူလည်းရှင်းတာမလို့ ​တိတ်ဆိတ်ငြိမ်သက်နေတယ် ။

LOVE GAME ( အချစ်ကစားပွဲ ) uni,zawgyiWhere stories live. Discover now