Ép - 10 🪷

69 2 0
                                    

🪻 24.9.2023🪻

" မမ ဝဝ ထထ က
အကပထမ
ကပါကပါ မမရာ
ညညလသာသာ
ညအခါ ငါစာရ
မမ ဝဝ ထထ က "

" ကဲဒါဆို ဒီကဗျာလေးကို ကျက်ခဲ့ပေးလို့ရမလား "

" ရပါတယ် ဆရာ " ²⁵

" လိမ္မာလိုက်တာ ဆရာ့ တပည့်လေးတွေက
ဒါဆို ဆရာ့ကို နှုတ်ဆက်ပေးပါအုံး "

" မင်္ဂလာပါဆရာ ကျေးဇူးတင်ပါတယ် ဆရာ "

" ရပါပြီ သွားလို့ရပြီနော် ဖြေးဖြေးသွားကြအုံး ချော်လဲကုန်မယ် "

" ဆရာ သမီး ဆရာအိတ် အိမ်ယူသွားပေးမယ်ဆရာ "

" ရတယ် သမီး ဆရာ့ဘာသာ ယူသွားမယ်နော် "

" ဟုတ် "

အခုဆိုရင် ကျောင်းမာ ဆရာဝင်လုပ်လာတာ ၃နှစ်ရှိပြီ။ အိမ်မာလည်း ၉/၁၀ တန်းကလေးတွေ Guide လည်းပြ ကျောင်းမာလည်း ဝင်သင်နဲ့ , အဖေနဲ့အမေကို ပင်ပင်ပန်းပန်းမလုပ်ရအောင် ၊ ကျောင်းကို အဝေးသင်သာ ပြောင်းပြီး တက်ခဲ့တယ် ၊ ဒါတောင် ဒီနှစ်မှစတက်ချင်း ၊ ကျောင်းပဲအပ်ရသေးတာမို့ , ကျောင်းတက်ရင် , ဆရာကြီးစီက ခွင့်တလလောက်တော့ ယူရအုံးမည်။ အတွေးတွေနဲ့ လျှောက်လာခဲ့တာ.......

" ကိုဖူးငုံ "

" ဟင်....! "

" လန့်သွားတာလား ရင်ခုန်တာလား ကိုဖူးငုံ"

" ဟို... လန့်တာပါ "

" လန့်တာကေား ဟုတ်ရဲ့လား လန့်တာလား
ရင်ခုန်တာလား ဝေခွဲလို့ရအောင် ဖက်ပြီးစမ်းပေးရမလား ဟင် မောင့်ဖူးငုံ "

" အို... စမ်းစရာမလိုပါဘူး ရုတ်တရက်ထွက်လာလို့ လန့်သွားရုံပါ ။ မောင့်ဖူးငုံ လို့မခေါ်နဲ့
ဘေးနားမာ ကလေးတွေဖြတ်သွားနေတာ ကြားသွားရင် င့ါကိုကလေးတွေမလေးစားပဲနေမယ် "

" ကလေးတွေ မလေးစားရင် မောင် ကိုယ်တိုင် လေး ပြီး စား မာပေါ့..."

" မင်းး!! တော်တော် အတင့်ရဲပါလားဟမ်
မြို့ကပြန်လာလည်း မပြောင်းလဲဘူး ဒီအချိုးကဒီအချိူးပဲ "

" မပြောင်းလဲဆို... ဖူးငုံလေးကို ချစ်တဲ့အချစ်တွေလည်း မပြောင်းလဲဘူးလေ "

🪷ကမ်းနားလေးက ကြာပွင့်ငယ် 🪷 (Ongoing )Место, где живут истории. Откройте их для себя