Ép - 6🪷

92 5 0
                                    

🪻 23 . 9. 2023 🪻

“ သူ့ထက်သာရေ... ဟေ့ဟျောင်ထက်သာ..! အိမ်မာမရှိဘူးထင်တယ် ” ဖိုးသားတယောက် အိမ်အောက်ထပ်ကနေ တကြော်ကြော် အော်ခေါ်လေ၏။

“ ဝေ့ ..!! ငါအိမ်ပေါ်မာကွ တက်လာခဲ့လေ ...”

“ အော် အေးအေးး ” အိမ်ပေါ်ဒုံးဆိုင်းပြေးတက်သွားလေတော့၏။

“ ဘာကိတ်..! ”

“ ဘာမှမကိတ်ပါဘူးကွာ ငါတို့ရွာထဲသွားကြမလို့ မင်းကိုလာခေါ်တာ ။ နေပါအုံး မင်းပုံစံကသားနားနေပါလား။ ဘယ်ကိုသွားမလို့လဲ။အလှူလား ။ ”

“ ဟ့..! ဒီရုပ်ကအလှူသွားမယ့်ရုပ်လား ရွာထဲသွားမလို့ကွ ”

“ ဟေ!!! သူ့ထက်သာမှ ဟုတ်ရဲ့လားကွ ဟမ် မှန်းးကြည့်စမ်းး ။ ပုဆိုးနဲ့လယ်ကတုံးတွေနဲ့ပါလား ။ ပြောစမ်း မိဖြူစီက အဖြေရသွားလို့ သွားတွေ့မို့လား  ”

“ မဟုတ်ပါဘူး ဖိုးသားရာ ဒီတိုင်းပဲ ဝတ်ချင်လာလို့။ ဘာလဲ ငါကဝတ်ချင်တာမဝတ်ကဘူးလား ။ တခါတလေတော့လည်း လူလိုသူလို နေကြည့်တာပေါ့ကွာ  ”

“ အေးပါ အေးပါ ။ မင်းငါတို့နဲ့လိုက်မာလား ငါတို့သွားတော့မာ ။ ဟို‌၂ကောင် ကျောင်းကန်မာ စောင့်နေတယ်ကွ ။ မင်းကိုလာခေါ်တာ ”

“ လိုက်မာပေါ့ကွ မင်းတို့နဲ့မလိုက်လို့ ငါကဘယ်သူနဲ့သွားရမလဲ ”

“ အဲ့တာဆိုလည်း လာ သွားကြမယ် ”

စကားတပြောပြောနဲ့ ထွက်လာခဲ့တာ အခုဆို သူ့ထက်သာတို့ ရွာပြင်ရောက်လို့ ‌ကမ်းစပ်နားတောင်ရောက်လာခဲ့ပြီ ။

“ ဗျို့ ..! ‌ကိုအောင်ဇော် ... ဘယ့်နှဲ့တုန်း ဒီနှစ်လယ်တွေအဆင်ပြေရဲ့လား...”

“ ဒီလိုပါပဲ.. သူ့ထက်သာရာ လယ်သမားဆိုတာ အမြဲပြေတယ်လည်း ၊ မရှိဘူးကွ ”

“ မြေဩဇာ ကောင်ကောင်းသုံးလေဗျာ... ဒါမှပိုးတွေ မကျမာပေါ့ အားဆေးလေးဘာလေးသုံးပေါ့ ကိုအောင်ဇော်ရဲ့ ”

“ မသုံးနိုင်ပါဘူးတော်ရေ....! ကျမတို့က ရှင်တို့လိုမှမချမ်းသာတာတော် ။ ဘယ်ဝယ်နိုင်ပါ့မတုန်း..! ” ကိုအောင်ဇော် မိန်းမ မသီက ဝင်ထောင့်လေ၏

🪷ကမ်းနားလေးက ကြာပွင့်ငယ် 🪷 (Ongoing )Où les histoires vivent. Découvrez maintenant