Ép - 9 🪷

73 6 4
                                    

🪻 26 . 9. 2023 🪻

“ သားလေး ဘာတွေတွေးနေတာလဲ သား ဟင် အခုရက်ထဲ တမှိုင်မှိုင် တထွေထွေနဲ့
ဘာဖြစ်လို့လဲသား နေမကောင်းလို့လား ”

“ မဟုတ်ပါဘူး အမေရဲ့ သားနေကောင်းပါတယ် နည်းနည်း စိတ်ဖိစီးစရာလေးရှိပါ ”

“ အင်းပါ သား တခုခုပြောစရာရှိရင် အမေ့ကိုပြောနော် ဘာလို့မြိုသိမ့်မထားနဲ့ အမေ့ကိုပြောသိလားနော် သား ”

“ အင်းပါ အမေရဲ့ သားပြောမာပါ ”

ဘာဖြစ်မန်းတောင် သားကိုသား မသိပါဘူးအမေရယ် , သား သူ့ကိုချစ်မိသွားတာလား
ဝေခွဲမရဘူး‌အမေ , မချစ်မိအောင် ကိုယ့်စိတ်ကိုတားပင်မယ့် နှလုံးသားက အနိုင်ယူသွားပြီ, ထက်သာ မင်းဘာတွေလုပ်နေလဲ ငါ့စီ စာမပို့တာ တလပြည့်တော့မယ်နော်....
ပုံမှန်ဆို လမကုန်ခင် ၅ရက်အလိုကို မင်းပို့နေကြလေ ဒီနေ့ဆို မင်းစာမပို့တာ တလပြည့်တော့မယ်သိလား ... ငါ မင်းစီကစာကိုမျှော်တက်နေပြီ ထက်ရယ်...............

“ သားး လမ်းမာ ဂရုစိုက်နော် ဆိုင်ကယ်ကို ဂရုစိုက်မောင်းအုံး အမေစိတ်ချမယ်နော်သား
သမီး နွယ် မောင်းလေးကိုဟိုမာ ဂရုစိုက်အုံး
ဘယ်မှမသွားစေနဲ့နော် ဟိုကောင်တွေနဲ့လည်း
မတွဲစေနဲ့ ကြက်တိုက် ,  ဌက်ပြစ်နဲ့ အမေမကြိုက်ဘူး အခုကိုက အရင်လိုမဟုတ်တော့ဘူး အမေပြောတာ နားလည်လား ”

“ အင်းပါ အမေရာ.... ပွစိပွစ်ိနဲ့ အရမ်းပါးစိပါးစပ်များတာပဲ  ဘွားတော်လို့ခေါ်တော့
မကြိုက်ဘူး”

“ ကဲ..! ဟယ်! အမေကို ပြောချင်အုံး သွားခါနီးလာခါနီး အမေကို အဲ့လိုပြောရလား ”

“ အားးး အမေရာ နာလိုက်တာ သွားတော့မယ် ပေးမုန့်ဖိုး.!! ”

“ ဟိုနေ့ကပဲ အမေ ပေးထားတယ်လေသား
ကုန်သွားပြီလား ”

“ နည်းနေလို့ပါအမေရဲ့ လမ်းမာ ဆီပျက်ရင်
ဘယ်လိုလုပ်မလဲ ခရီးသွားတယ်ဆိုတာ လက်ထဲမာ ပိုက်ဆံဆောင်ထားရတယ်
အမေရ ”

“ ဟွန်းး ပြောတက်တယ် ရော့.!! ၅သောင်း
ကျေနပ်ပြီလား ”

“ ဟီးးဟီးး ကျေနပ်ပါပြီ အမေရဲ့ ချစ်တယ်နော် ဟဲဟဲ သွားပြီဗျို့ ”

🪷ကမ်းနားလေးက ကြာပွင့်ငယ် 🪷 (Ongoing )Onde histórias criam vida. Descubra agora