Description

1.5K 84 3
                                    

ShenSheng(蔘商)

Description

သူ့ထံတွင် နာခံမှုမရှိသော တပည့်လေးယောက်ရှိခဲ့ဖူးသည်။ ထိုတပည့်များသည် အခုအချိန်၌ အောင်မြင်မှုများစွာကိုရရှိနေပြီး ၎င်းတို့၏ ကိုယ်ပိုင်ဂိုဏ်းအသီးသီးများကိုလည်း ထူထောင်ပြီးကြပြီးဖြစ်သည်။

စိတ်ကသိကအောက်ဖြစ်စရာကောင်းသည့်အချက်မှာ သူကိုယ်တိုင်က သူတို့အား ကိုယ့်အားကိုယ်ကိုးနိုင်စေရန် သူ၏ ဂိုဏ်းမှ နှင်ထုတ်လိုက်သူ ဖြစ်နေသည့်အချက်ပင်ဖြစ်သည်။

သို့ပေသည့် ၊ တစ်နေ့တွင် သူ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် ကျင့်စဉ်များဆုံးရှုံးသွားခဲ့ရသည်။ သူ၏ဘဝသည် ကံကြမ္မာကြိုးငင်နေ‌‌သည့် အခြေအနေ ဖြစ်လာသည်။ ခြေဦးတည့်ရာသွားလာရင်းဖြင့် တတိယမြောက်တပည့်၏ ပိုင်နက်ထဲသို့ ရောက်သွားခဲ့သည်။

"ငါ ဘာလုပ်သင့်လဲ ? အွန်လိုင်းက အဖြေ
ပြန်တာကို အလောတကြီး စောင့်ဆိုင်းနေတယ် မြန်မြန် !! "
.
.
.

တောင်တန်းများနှင့် ပင်လယ်များသည် ယဉ်ပါးအောင် ပြုလုပ်နိုင်သလို နေ့ နှင့်ည များသည်လည်း ပျောက်ကွယ်သွားနိုင်ပေသည်။

မင်းယောက်တည်း ။ တစ်မူထူးခြားတဲ့ မင်းတစ်ယောက်တည်းကပဲ.. လက်လျှော့ဖို့ ငြင်းဆန်ခဲ့တာ ...

________

ကောင်းချီးများဖြင့် ပေးအပ်ခြင်းခံထားရသော လူ‌တစ်ယောက် ။ သူ့မျိုးဆက်၏ အတော်ဆုံးလူတစ်ယောက်။ ထိုလူ သည် မတော်တဆမှုတစ်ခုကြောင့် အရာအားလုံးအား သုည မှ ပြန်စခဲ့ရသည်။ ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိထားသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် ကြံ့ခိုင်သူ သည့်အလျှောက် ယခု အခါတွင် သူ့၏ အသိပညာ အား အသုံးချပြီး လမ်းလွှဲသွားသော တပည့်များအား လမ်းကြောင်းမှန်ပေါ်ရောက်ပေးအောင် ကူညီပေးသည့်အကြောင်း။

Notes:

ShenShang(蔘商) ဆိုတဲ့ ခေါင်းစဉ်မှာ အဓိပ္ပာယ် နှစ်မျိုးရှိပါတယ်။

1) ကြယ်တာရာ Shen ( chinese အသုံးအနှုန်း ; three star mansion, European အသုံးအနှုန်း; Orion ) နဲ့ ကြယ်တာရာ Shang (Chinese;Heart mansion, European ; Antares) နှစ်ခုက ဘယ်တော့မှ နှစ်ခုလုံး တစ်ပြိုင်နက် ပေါ်လာလေ့မရှိပါဘူး။
.
2) သူငယ်ချင်း (သို့) မိသားစု နှစ်ယောက် မတူလမ်းကြောင့် ကွဲကွာသွားပြီး ပြန်ပြေလည်ဖို့ မဖြစ်နိုင်တာလို့လည်း အဓိပ္ပာယ်ရပါတယ်။

ဝေးကွာခြင်းမှသည် ( Estranged ) | မြန်မာဘာသာပြန်Where stories live. Discover now