အပိုင်း [၇] : 'သူ့တွင် တပည့်လေးဦးရှိသော်လည်း ထိုသူတို့မှာ ကိုင်တွယ်ရမလွယ်ကူချေ'

115 16 0
                                    

အပိုင်း [၇] : ' သူ့ထံတွင် တပည့်လေးယောက်ရှိသော်လည်း တစ်ဦးချင်းစီသည် ကိုင်တွယ်ရ မလွယ်ကူပါချေ '

ချန်မင် သည် သူအိပ်ချင်နေတုန်း တစ်ယောက်ယောက်မှ ခေါင်းအုံး လာထိုးပေးမည် ဟု မထင်ခဲ့မိပါ။

[ T/N : ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်လာတာကိုပြောတာပါ]

အကယ်၍ လူတစ်ယောက်သည် ကျစ်ယွီနျန်ယွဲ့ကျမ်းကို ကျင့်ကြံလိုလျှင် ထိုသူသည် ဝိညာဉ်စွမ်းအင် စုပ်ယူရန် အတွက် အခြားကျင့်ကြံသူ သို့မဟုတ် ဝိညာဉ်စွမ်းမင် ပေါများစွာရှိသော သက်ရှိသတ္တဝါ သို့မဟုတ်
နေ နှင့် လတို့ ၏ အဆီနှစ်များ ပေါင်းဆုံရာ သန့်စင်သော မြေ သို့မဟုတ် အသိစိတ်ဖြစ်တည်နေပြီးသော ဝိညာဉ်လက်နက် တို့ တစ်ခုခု လိုအပ်လေသည်။

‌ဝိညာဉ်စွမ်းအား ပေါကြွယ်ဝသော နာမည်ကျော်ကြားသည့် တောင်နှင့် မြစ်ချောင်း များမှာ ‌အခြားသူများ နေရာယူပြီးဖြစ်၍ ထိုကဲ့သို့သောနေရာများအား ရှာဖွေရန်မှာ ခက်ခဲ‌လှပေသည်။ ကျန်ရှိနေသေးသော နေရာများမှာမူ မတ်စောက်၍ မကောင်းဆိုးဝါးဝိညာဉ်များနှင့် ပြည့်နေပြီး ဝိညာဉ်စွမ်းအား ခမ်းခြောက်နေလေသည်။ ၎င်းတို့၏ တည်နေရာများကိုပင် ရှာဖွေရန်မှာ မလွယ်ကူပေ။ လူတစ်ယောက်သည် ထိုနေရာများ ရှာဖွေတွေ့ရှိရန်အတွက် မိမိ၏ ကံ အပေါ်တွင်သာ မှီခိုရနိုင်မည်ဖြစ်သည်။

ဝိညာဉ်လက်နက်များနှင့် ပက်သက်၍ ချန်မင် သည် တစ်ခုတော့ သေချာပေါက် သိသည်။

ယခင်အချိန်များတွင် သူသည် သူ့၏ စစ်ဖေးဓားကို ဘယ်သောအခါမျှ ထားရစ်ခဲ့ခြင်းမရှိခဲ့ပါ။

စစ်ဖေးဓားသည် သူ့အတွက် မီးပင်လယ်များနှင့် ရေနက်များကိုပါ ဖြတ်ကျော်ခဲ့သည်။ စစ်ဖေးဓားသည် ချီစွမ်းအင် အပြည့်အဝရှိ၍ အသိစိတ် ဖြစ်တည်ခဲ့သည်မှာလည်း အချိန်တစ်ခုကြာပြီဖြစ်သည်။ ၎င်းသည် ချန်မင်၏ စိတ်နှလုံး နှင့် အမြဲချိတ်ဆက်နေခဲ့သည်။ နောက်ပိုင်းတွင် ချန်မင်သည် မတော်တဆမှုဖြစ်ခဲ့ပြီး ဟွမ်ချွမ် အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး စစ်ဖေးဓားသည်လည်း ပျောက်ဆုံးသွားခဲ့သည်။ စစ်ဖေးဓား မည်သည့်နေရာတွင် တည်ရှိကြောင်း အား သူမမှတ်မိနိုင်ပေ။ ထိုဓားသည် ယွင်ဝေ့စစ် နှင့် အတူရှိ နေသည်မှာ အဖြစ်နိုင်ဆုံး ဖြစ်သည်။

ဝေးကွာခြင်းမှသည် ( Estranged ) | မြန်မာဘာသာပြန်Where stories live. Discover now