အပိုင်း [၈] : ' နောက်ဆုံးတော့ ဆရာသခင်ကျိုး ရဲ့ မျက်နှာဖုံး အက်သွားပြီ '

86 18 1
                                    

အပိုင်း [၈] : ' နောက်ဆုံးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆရာသခင်ကျိုး ရဲ့ မျက်နှာဖုံး အက်သွားပြီ '

ဟယ်ယင်းယွမ် သည် ယခုလ အစမှစတင်၍ တံခါးစောင့်အဖြစ် တာဝန်ပေးခြင်းခံရသော
တပည့်တစ်ယောက်ဖြစ်သည်။

သူ ကျန်းရွှယ်မျိူးနွယ်စုဂိုဏ်းအတွင်းသို့ ဝင်ရောက်လာသည်မှာ မကြာသေးပေ။ သူ၏ အရည်ချင်းများသည် မှတ်သားလောက်ဖွယ် ကောင်းမွန်နေခြင်း မရှိသော်လည်း တာဝန်များကို စကား‌များခြင်းမရှိ ၊ တည်တံ့မြဲမြံစွာ  အမြဲတစေ ဆောင်ရွက်သည့်အတွက်ကြောင့် ဂိုဏ်းအရှင်၏ ခန်းဆောင်အား ကြပ်မတ်ရန် တာဝန်ပေးခြင်းခံရသည်။

ဤနေရာသည် ကောင်းမွန်သော ‌ရာထူးတစ်ခုမဟုတ် ။

ဂိုဏ်းခေါင်းဆောင်သည် မည်မျှ စိတ်တိုတတ်၍ စိတ်အပြောင်းအလဲလွယ်ကြောင်း ဂိုဏ်း အတွင်းရှိ လူတိုင်း သိထားကြသည်။ ထိုသူအနီးရှိ လူများသည် အကျိုးအမြတ်ရရှိခြင်းမရှိသည့်အပြင် အသက် ပါ အလွယ်တကူ ဆုံးရှုံးနိုင်ကြ၏ ။ ထို့ကြောင့် ဟယ်ယင်းယွမ်၏ ရာထူးသည် အန္တ‌ရာယ်များခြင်းဖြစ်သည်။ သူ့၏ လစာ သည် အခြားသူများ အားလုံးထက် များသော်လည်း သေအံ့ဆဲဆဲလူတစ်ယောက်အတွက် ထိုအသပြာများသည် မည်သို့ မည်ဖုံ အသုံးဝင်သနည်း ?

နှစ်များစွာ ကြာမြင့်လာပြီးသည့်အခါတွင် ဂိုဏ်းခေါင်းဆောင် နှင့် နီးကပ်နေသော တပည့်များသည် ၎င်းတို့၏ ပတ်ဝန်းကျင်မှ လွှမ်းမိုးမှုကို ခံလိုက်ရပြီး သူတို့၏ စိတ်နှလုံးမှာလည်း သံမဏိကဲ့သို့ မာကြောသွားပြီး တစ်စုံတစ်ယောက်အား ကယ်တင်ရန် လက်တစ်ချောင်းပင်ရွှေ့ကြတော့မည်မဟုတ်ချေ။

သို့သော်လည်း ဟယ်ယင်းယွမ်၏ အသိစိတ်မှာ လုံးဝ ခွေးစားမခံရသေး၍ တစ်ဝက်တော့ကျန်ရှိနေသေး ၏ ။ ချန်မင်သည် သူ့အားစောင့်မျှော်နေသော ကံကြမ္မာဆိုးအကြောင်း စိုးစဉ်းမျှ မသိသည်ကို သူ ကြည့်ပြီး ထိုသူအား အနည်းငယ် သနားစိတ် ဖြစ်မိသွားသည်။

" ဂိုဏ်းအရှင်ရဲ့ ကျင့်စဉ်က ချောချောမွေ့မွေ့မဖြစ်သွားဘူး...မင်းအခု ဝင်သွားရင် ပိုပြီး ထိခိုက်ခံရလောက်တယ် "

ဝေးကွာခြင်းမှသည် ( Estranged ) | မြန်မာဘာသာပြန်Where stories live. Discover now